
“မေးခွန်း ဘာကြောင့်မေးသင့်လဲ"
မင်္ဂလာပါရှင်။ ဒီနေ့ YSE ကနေ မိတ်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ “မေးခွန်းဘာကြောင့် မေးသင့်လဲ"ဆိုတဲ့ မေးခွန်းလေးအတွက် အဖြေ (၆)ခုပဲဖြစ်ပါတယ်။ မေးခွန်းတွေ မေးတယ်ဆိုတာကတော့ အောင်မြင်မှုကို ရောက်ရှိစေမယ့် ပထမဆုံးခြေလှမ်းပဲဖြစ်ပါတယ်။ မှန်ကန်တဲ့မေးခွန်း လိုအပ်တဲ့မေးခွန်း များများမေးခြင်းဟာ မိမိကို အဖြေမှန် ရှာတွေ့စေပြီး မှန်ကန်တဲ့လမ်းကြောင်းပေါ် ခေါ်ဆောင်ပေးမှာ မလွဲဧကန်ပဲ ဖြစ်ပါတယ်။ မေးခွန်းတစ်ခု အမေးခံရလို့ ဖြေတဲ့အခါ “ရပါတယ် (fine)” ဆိုပြီးဖြေလိုက်ခြင်းဟာ မိမိကို လိုရာရောက်စေမှာ

First Impression Matters
လူတစ်ယောက်နဲ့တစ်ယောက် ပထမဆုံးအကြိမ် စတွေ့တဲ့အခါ တွေ့မြင်ရတဲ့ အပြုအမူ အပြောအဆိုကိုမူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုလူလဲဆိုတာကို ဆုံးဖြတ်လေ့ရှိကြပါတယ်။ သင် ဘယ်လိုလူလဲဆိုတာကို သေချာမသိသေးခင်မှာပဲ တစ်ဖက်လူဟာ သင့်ကို သူပထမဆုံးအကြိမ်မှာ မြင်ရတဲ့ပုံစံနဲ့ပဲ သတ်မှတ်တတ်ကြပါတယ်။ First Impression အတွက် သင်ဟာ အခွင့်အရေး နှစ်ခါ မရနိုင်ပါဘူး။ ဒါကြောင့်လည်း ပေါင်းသင်းဆက်ဆံရေး နယ်ပယ်မှာ First Impression ဟာ အတော်ကို အရေးကြီးပါတယ်။ First impression ကောင်းကောင်းရဖို့ဆိုရင် ၁။ အချိန်မီ ရောက်ရှ

ကဆုန်လပြည့်နေ့အကြောင်း မှတ်သားဖွယ်ရာ
ဒီနေ့က ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ကြီးဖြစ်တဲ့ ကဆုန်လပြည့်နေ့ ဖြစ်ပါတယ်။ "ဗျာ၊ ဖွား၊ ပွင့် စံ ဤလေးတန် မှတ်ရန် ဗုဒ္ဓနေ့"ဆိုပြီး မှတ်သားခဲ့ဖူးပါတယ်။ ဗျာ - ကဆုန်လပြည့်နေ့မှာ ဗျာဒိတ်တော်ကို ခံယူတော်မူပါသည်။
ဖွား - ကဆုန်လပြည့်နေ့မှာ ဖွားမြင်တော်မူပါသည်။
ပွင့်-ကဆုန်လပြည့်နေ့မှာ ဘုရားပွင့်တော်မူပါသည်။
စံ - ကဆုန်လပြည့်နေ့မှာ ပရိနိဗ္ဗာန်စံဝင်တော်မူပါသည်။ (၁) ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်

ကမ္ဘာ့ကပ်ရောဂါကြီး ဖြစ်ပွားစဉ်က ထင်ပေါ်ကျော်ကြားခဲ့သော ပုဂ္ဂိုလ်များ
အားလုံးပဲ မင်္ဂလာပါ။ အရင်တုန်းကလည်း အခြေအနေ အမျိုးမျိုးကြောင့် အခုလိုပဲ Lockdown၊ Quarantine နဲ့ Social Distancing လုပ်နေရတဲ့ အချိန်တွေရှိခဲ့ဖူးပါတယ်။ ယနေ့ YSE ကနေ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ဒီလို Lockdown၊ Quarantine နဲ့ Social Distancing လုပ်နေရတဲ့အချိန်တွေ (မိမိရဲ့ အချိန်)ကို အကျိုးရှိရှိ အသုံးချခဲ့တဲ့ ပုဂ္ဂိုလ်ကြီး ၆ ဦး အကြောင်းပဲ ဖြစ်ပါတယ်။ ပထမဦးဆုံး မိတ်ဆက်ပေးချင်တဲ့ ပုဂ္ဂိုလ်ကြီးကတော့ ကမ္ဘာကျော် အင်္ဂလိပ်စာရေးဆရာကြီး William Shakespeare ပဲ ဖြစ်ပါတယ်။ သူဟာဆိုရ

အိမ်ကနေ အလုပ်လုပ်ရတဲ့အခါ ထိရောက်မြန်ဆန်စေမယ့် နည်းလမ်း (၉) ချက်
မင်္ဂလာပါ သူငယ်ချင်းတို့ရေ Corona Virus (COVID 19) ဖြစ်ပွားမှုကြောင့် အခုဆိုရင် ကျောင်းတွေ၊ အလုပ်တွေကိုပိတ်ထားတဲ့အတွက် အများစုက အိမ်ထဲမှာပဲနေပြီး အလုပ်လုပ်ရ၊ စာလေ့လာရပါတယ်။ အချို့ကတော့ အိမ်ကနေပဲ အလုပ်လုပ်ရတာ အခက်အခဲမရှိ အဆင်ပြေပေမယ့် အချို့အတွက်တော့ အဆင်မပြေမှုတွေရှိနေပြီး အလုပ်ပြီးသင့်သလောက်မပြီးတာ အလုပ်မတွင်တာမျိုးတွေလည်း ရှိပါတယ်။ သူငယ်ချင်းတို့ရော အိမ်မှာနေပြီး အလုပ်လုပ်ရတာ စာလေ့လာရတာ အဆင်ပြေရဲ့လား ? ဒီနေ့မှာတော့ သူငယ်ချင်းတို့ကို Home Quarantine ကာလမှာ အိမ်မှာနေပြီး အလုပ