top of page

First Impression Matters


လူတစ်ယောက်နဲ့တစ်ယောက် ပထမဆုံးအကြိမ် စတွေ့တဲ့အခါ တွေ့မြင်ရတဲ့ အပြုအမူ အပြောအဆိုကိုမူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုလူလဲဆိုတာကို ဆုံးဖြတ်လေ့ရှိကြပါတယ်။ သင် ဘယ်လိုလူလဲဆိုတာကို သေချာမသိသေးခင်မှာပဲ တစ်ဖက်လူဟာ သင့်ကို သူပထမဆုံးအကြိမ်မှာ မြင်ရတဲ့ပုံစံနဲ့ပဲ သတ်မှတ်တတ်ကြပါတယ်။ First Impression အတွက် သင်ဟာ အခွင့်အရေး နှစ်ခါ မရနိုင်ပါဘူး။ ဒါကြောင့်လည်း ပေါင်းသင်းဆက်ဆံရေး နယ်ပယ်မှာ First Impression ဟာ အတော်ကို အရေးကြီးပါတယ်။