top of page

57 million children around the world do not have access to education. We believe that EVERYONE has the right to a QUALITY EDUCATION and reach their full potential in life.

Learn more about us!

UPCOMING ACTIVITIES

52637335_2257804794337256_68100214693266
Volunteering Opportunity with YSE
        We have one upcoming event in the beginning of March, Chinese New Year Celebration, in Newark, California. It's FREE admission and everyone is welcome! To reiterate the information on the flyer (right), we now also open volunteering opportunities where the volunteers will have not only FREE food and FREE Entertainment, but also FREE YSE T-shirts and transportation if available.
Sign up today and Join us on March 2nd !
52843613_804271293273214_861692357807754
အ​ခြေခံပညာ အထက်​တန်းအဆင့်​ ​ကျောင်းသား ​ကျောင်းသူများအတွက်​ YSE ပညာသင်​ဆု
****************************************
YSE သည် မြန်မာနိုင်ငံရှိ အထက်တန်း ( ၉ တန်းနှင့် ၁၀ တန်း) ကျောင်းသားကျောင်းသူများအတွက် ပညာရေးကို အခက်အခဲမရှိ သင်ယူနိုင်စေရန် နှစ်စဉ် ပညာသင်ဆုများကို ပေးအပ်မည် ဖြစ်သည်။ ကျောင်းသား အများစုသည် ငွေကြေး ပြဿနာများ၊ ကျန်းမာရေး ပြဿနာများ၊ မိသားစု ကိစ္စများ နှင့် အခြား အခြားသော အခက်အခဲများကြောင့် အလယ်တန်းပညာအဆင့်ထိသာ သင်ယူပြီးနောက် ကျောင်းရပ်နားကာ ပညာသင်ယူမှုကို ရပ်နားရသည့် အဖြစ်များ မြောက်များစွာ၇ှိသည်။ YSE သည် ဤအခက်အခဲများအား တတ်နိုင်သည့်ဘက်မှ ကူညီရန် ကျောင်းတက်ကာလ ၁၀ လအတွက် မြန်မာကျပ်ငွေ ၅၀၀,၀၀၀ ပညာသင်ဆုကို ငွေကြေး ထောက်ပံ့မှု အနေဖြင့် ပေးအပ်မည် ဖြစ်သည်။ YSE သည် ဤနှစ်စဉ် ပညာသင်ဆုကို အမှန်တကယ်လိုအပ်သော ကျောင်းသား ကျောင်းသူများ၊ ဆုံးဖြတ်ချက် ခိုင်မာပြီး ရည်မှန်းချက် ကောင်းသူများ၊ သင်ယူလိုစိတ်ရှိသူများအား ပေးအပ်ရန် ရည်ရွယ်ပါသည်။

The Education System that I (We) Want Video Contest

video contest flyer.jpg

ရွေးချယ်ခွင့်သာရှိမယ်ဆိုရင် ဘယ်လို ပညာရေးစနစ်မျိုးကို ကျွန်ုပ်တို့ အလိုရှိတာလဲ ????
ပြောင်းလဲခွင့်သာရှိမယ်ဆိုရင် ကျွန်ုပ်တို့ ကြုံတွေ့နေရတဲ့ ပညာရေးကို ဘယ်လိုမျိုး အရည်အသွေးမြင့်အောင် အဆင့်အတန်းမြင့်အောင် ဆောင်ရွက်မလဲ????

ပညာရေးစနစ် အရည်အသွေးမြှင့်တင်မှုနှင့် ပတ်သတ်၍ ကျောင်းသားလူငယ်များ၏ ကိုယ်ပိုင်အတွေးအမြင် ထက်သန်စေရန်နှင့် မိဘပြည်သူများအားလုံး စိတ်ပါဝင်သားစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်ပြီး Youth Society for Education မှ ဦးဆောင်၍ ကျွန်ုပ်(တို့) မျှော်မှန်းသော ပညာရေး စနစ် ခေါင်းစဉ်ဖြင့် ရုပ်ရှင်ပြိုင်ပွဲကို ကျင်းပ ပြုလုပ်မည်ဖြစ်ပါသောကြောင့် စိတ်ပါဝင်စားသူများ ပါဝင် ယှဉ်ပြိုင်ကြရန် ဖိတ်ခေါ်အပ်ပါသည်။

 

ဆုချီးမြှင့်မှု
" အကောင်းဆုံး Video ဆု (အကြီးတန်း) - ၃၀၀၀၀၀ ကျပ် 
" အကောင်းဆုံး Video ဆု (အငယ်တန်း) - ၃၀၀၀၀၀ ကျပ်
" လူကြိုက်အများဆုံး Video ဆု (အကြီးတန်း + အငယ်တန်း) - ၅၀၀၀၀ ကျပ်

ပြိုင်ပွဲနှင့် ပတ်သတ်သော အသေးစိတ် အချက်အလက်များ

6th Annual Fundraising Event

6th annual event flyer_to print.jpg

မြန်မာနိုင်ငံတွင် အခမဲ့ YSE Vocational School (အတတ်ပညာ သင်တန်းကျောင်း) ဖွင့်နိုင်ရန် နှင့် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်ရှိ ရေဘေးသင့် စာသင်ကျောင်း (၁၀) ကျောင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ပါဝင်လှူဒါန်းနိုင်ရန် ရည်ရွယ်၍ အမေရိကန် ပြည်ထောင်စု California ပြည်နယ်၊ Newark မြို့တွင် ဈေးရောင်းပွဲ ပြုလုပ်မည် ဖြစ်ပါသောကြောင့် မိဘပြည်သူများ အားလုံး ကြွရောက် အားပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

 

နေ့ရက် - စက်တင်ဘာလ ၁၆၊ ၂၀၁၈ (တနင်္ဂနွေနေ့)

အချိန်   - မနက် ၁၀ နာရီ မှ ညနေ ၃ နာရီထိ

နေရာ   - Swiss Park Bar & Grill

             (5911 Mowry Ave, Newark, CA 94560)

 

For more information about our event, CLICK HERE!

HISTORY

bottom of page