top of page

Mon State School Project

PayPal ButtonPayPal Button

(Please find the English translated version below.)

(Zawgyi Font Version ကိုေအာက္တြင္ဖတ္ရႈႏိုင္ပါသည္။)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့၊ မာန်အောင်ကျေးရွာတွင် တည်ရှိသော အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကျောင်းဆောင်သစ်တိုးချဲ့ဆောက်လုပ်ရန် အရေးတကြီးလိုအပ်လျက်ရှိပါသည်။ အဆိုပါကျောင်း၌ ကျောင်းသားဦးရေ ၂၉၇ဦးအတွက် လက်ရှိအသုံးပြုနေသောကျောင်းဆောင်မှာ ပြည်နယ်အစိုးရမှ နေထိုင်ရန်မသင့်သော အန္တရာယ်ရှိအဆောက်အဦး အဖြစ်သတ်မှတ်ခံထားရသည့် ကျောင်းဆောင်ဖြစ်ပြီး ကျောင်းဆောင်အသစ်ဆောက်လုပ်ရန် ငွေကြေးမတတ်နိုင်သည့်အတွက်ကြောင့်သာ ထိုအန္တရာယ်ရှိအဆောက်အဦးကို ဆက်လက်အသုံးပြုနေရလျက်ရှိပါသည်။ 

 

မာန်အောင်ကျေးရွာ အလယ်တန်းကျောင်းရှိ ကလေးငယ်များနှင့် ဆရာဆရာမများအားလုံး ဘေးအန္တရာယ်ကင်းကင်းနှင့် လုံခြုံစိတ်ချစွာပညာသင်ကြားနိုင်ရန်အတွက် Youth Society for Education မှ အလျားပေ ၁၂၀ x အနံ ၂၄ ပေ အကျယ်အဝန်းရှိ လေးခန်းတွဲစာသင်ကျောင်းဆောင်တစ်ခု ဆောက်လုပ်လှူဒါန်းနိုင်ရန် ကြိုးစားအကောင်အထည်ဖော်လျက်ရှိပါသည်။ 

ကျောင်းဆောင်အသစ်ဆောက်လုပ်ရေးအတွက် ခန့်မှန်းခြေစုစုပေါင်း သိန်း ၃၅၀ ခန့်ကုန်ကျမည်ဖြစ်ရာ စာသင်ကျောင်းဆောင်အသစ်အောင်မြင်စွာပြီးမြောက်ရေးအတွက် စေတနာရှင် လူကြီးမိဘ၊ မိတ်ဆွေသူငယ်ချင်းအပေါင်းတို့အား အလှူဒါနအနည်းအများမဆို ပါ၀င်ကူညီလှူဒါန်းကြပါရန် Youth Society for Education လူငယ်ပရဟိတအဖွဲ့အစည်းမှ လေးစားစွာဖိတ်ခေါ်အပ်ပါသည်။ 

  • ကျောင်းဆောင်ဆောက်လုပ်ပြီးစီးရန်ခန့်မှန်းကြာချိန်။  ။ဖေဖော်ဝါရီလ၊ ၂၀၂၀ ခုနှစ် - ဇွန်လကုန်၊၂၀၂၀ ခုနှစ်။ 

  • ကျောင်းဆောင်အကျယ်အဝန်း။  ။ အလျားပေ ၁၂၀ x အနံ ၂၄ ပေ

  • ခန့်မှန်းကုန်ကျစရိတ်။  ။ ကျပ်သိန်း ၃၅၀ 

  • ဆောက်လုပ်ရေးကုမ္ပဏီ။  ။ကြယ်စင်သီဟဆောက်လုပ်ရေး 

 

ကျောင်းဆောင်အသစ်ဆောက်လုပ်ရေးအတွက်ကူညီပါ၀င်လှူဒါန်းလိုပါက အောက်ပါ Donate Button မှလည်းကောင်း၊ Zelle ® မှတစ်ဆင့် yseadmin@ysenpo.org သို့လည်းကောင်း ပေးပို့လှူဒါန်းနိုင်ပါသည်။ ကျောင်းဆောင်ဆောက်လုပ်ရေးနှင့်လှူဒါန်းမှုအတွက် မေးမြန်းစုံစမ်းလိုပါက ဖုန်း +1-650-443-8925, akayithein@ysenpo.org (မဧကရီသိန်း) သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။ 

မှတ်ချက်။    ။Youth Society for Education ပရဟိတအဖွဲ့အစည်းသည် အမေရိကန်နိုင်ငံအခြေစိုက်၊ Federal အစိုးရအသိအမှတ်ပြုထားသည့် အခွန်ကင်းလွတ်ခွင့်ရသော 501(c)(3) အဖွဲ့အစည်းဖြစ်ပါသောကြောင့် လှူဒါန်းငွေပမာဏအလျောက် အမေရိကန်နိုင်ငံဥပဒေအရ အခွန်သက်သာစရိတ်ရရှိနိုင်ပါသည်။ 

 

English Version

A middle school in Man-Aung village, Myanmar, is in dire need of a new school facility. The local government has deemed the current school facility, which currently accommodates 297 students, to be “unsafe.” However, due to limited funding and resources, local people continue to utilize the dangerous building for schooling purposes.

 

Youth Society for Education (YSE) aims to remedy this situation by donating a school facility, with an estimated baseline cost of 35,000,000 MMK (approximately $25,000 US$). With an area of 120x24 square feet, the new school building including four classrooms will provide a safe learning environment that the students and teachers from Basic Education Middle School (Branch) deserve. 

 

To begin the construction by February 2020, however, we would need your help. Our YSE family humbly invites you to join our mission in securing a safe learning space for these deserving young children and teachers. Your contribution will definitely make a difference in their lives. Let us project a better future for them, together. 

  • Estimated Project Timeline: February 2020 - June 2020

  • School Building’s Dimensions: 120 x 24 square feet

  • Estimated Baseline Cost: 35,000,000 MMK (approximately $25,000 US$) 

  • Construction Company: Kyal Sin Thiha Construction 

We accept your kind donation via the Donate Button below as well as via Zelle ® at yseadmin@ysenpo.org. Should you have any questions regarding the School Building Project, please contact Akayi Thein (Sophie Tan) at 650-443-8925 or akayithein@ysenpo.org

 

P.S. Youth Society for Education is a qualified 501(c)(3) tax-exempt organization, and donations are tax-deductible to the full extent of the law within the United States.

(Zawgyi Version)

မြန္ျပည္နယ္၊ ေရးျမိဳ့နယ္၊ ေခါဇာျမိဳ့၊၊ မာန္ေအာင္ေက်းရြာတြြင္ တည္ရွိေသာ အေျခခံပညာအလယ္တန္းေက်ာင္း(ခြဲ)တြင္ ေက်ာင္းေဆာင္သစ္တိုးခ်ဲ့ေဆာက္လုပ္ရန္ အေရးတၾကီးလုိအပ္လ်က္ရွိပါသည္။ အဆိုပါေက်ာင္း၌ ေက်ာင္းသားဦးေရ ၂၉၇ဦးအတြက္ လက္ရွိအသံုးျပဳေနေသာေက်ာင္းေဆာင္မွာ ျပည္နယ္အစိုးရမွ ေနထုိင္ရန္မသင့္ေသာ အႏၱရာယ္ရွိအေဆာက္အဦး အျဖစ္သတ္မွတ္ခံထားရသည့္ ေက်ာင္းေဆာင္ျဖစ္ျပီး ေက်ာင္းေဆာင္အသစ္ေဆာက္လုပ္ရန္ ေငြေၾကးမတတ္ႏိုင္သည့္အတြက္ေၾကာင့္သာ ထိုအႏၱရာယ္ရွိအေဆာက္အဦးကို ဆက္လက္အသံုးျပဳေနရလ်က္ရွိပါသည္။ 

မာန္ေအာင္ေက်းရြာ အလယ္တန္းေက်ာင္းရွိ ကေလးငယ္မ်ားႏွင့္ ဆရာဆရာမမ်ားအားလံုး ေဘးအႏၱရာယ္ကင္းကင္းႏွင့္ လံုျခံဳစိတ္ခ်စြာပညာသင္ၾကားႏိုင္ရန္အတြက္ Youth Society for Education မွ အလ်ားေပ ၁၂၀ x အနံ ၂၄ ေပ အက်ယ္အ၀န္းရွိ ေလးခန္းတြဲစာသင္ေက်ာင္းေဆာင္တစ္ခု ေဆာက္လုပ္လွဴဒါန္းႏိုင္ရန္ ၾကိဳးစားအေကာင္အထည္ေဖာ္လ်က္ရွိပါသည္။ 

ေက်ာင္းေဆာင္အသစ္ေဆာက္လုပ္ေရးအတြက္ ခန့္မွန္းေျခစုစုေပါင္း သိန္း ၃၅၀ ခန့္ကုန္က်မည္ျဖစ္ရာ စာသင္ေက်ာင္းေဆာင္အသစ္ေအာင္ျမင္စြာျပီးေျမာက္ေရးအတြက္ ေစတနာရွင္ လူၾကီးမိဘ၊ မိတ္ေဆြသူငယ္ခ်င္းအေပါင္းတို့အား အလွဴဒါနအနည္းအမ်ားမဆို ပါ၀င္ကူညီလွဴဒါန္းၾကပါရန္ Youth Society for Education လူငယ္ပရဟိတအဖြဲ့အစည္းမွ ေလးစားစြာဖိတ္ေခၚအပ္ပါသည္။ 

 

  • ေက်ာင္းေဆာင္ေဆာက္လုပ္ျပီးစီးရန္ခန့္မွန္းၾကာခ်ိန္။  ။ေဖေဖာ္၀ါရီလ၊ ၂၀၂၀ ခုႏွစ္ - ဇြန္လကုန္၊၂၀၂၀ ခုႏွစ္။ 

  • ေက်ာင္းေဆာင္အက်ယ္အ၀န္း။  ။ အလ်ားေပ ၁၂၀ x အနံ ၂၄ ေပ

  • ခန့္မွန္းကုန္က်စရိတ္။  ။ က်ပ္သိန္း ၃၅၀ 

  • ေဆာက္လုပ္ေရးကုမၸဏီ။  ။ၾကယ္စင္သီဟေဆာက္လုပ္ေရး 

 

ေက်ာင္းေဆာင္အသစ္ေဆာက္လုပ္ေရးအတြက္ကူညီပါ၀င္လွဴဒါန္းလိုပါက ေအာက္ပါ Donate Button မွလည္းေကာင္း၊ Zelle ® မွတစ္ဆင့္ yseadmin@ysenpo.org သို့လည္းေကာင္း ေပးပို ့လွဴဒါန္းႏိုင္ပါသည္။ ေက်ာင္းေဆာင္ေဆာက္လုပ္ေရးႏွင့္လွဴဒါန္းမႈအတြက္ ေမးျမန္းစံုစမ္းလိုပါက ဖုန္း +1-650-443-8925, akayithein@ysenpo.org (မဧကရီသိန္း) သို့ဆက္သြယ္ေမးျမန္းႏိုင္ပါသည္။ 

မွတ္ခ်က္။    ။Youth Society for Education ပရဟိတအဖြဲ့အစည္းသည္ အေမရိကန္ႏိုင္ငံအေျခစိုက္၊ Federal အစိုးရအသိအမွတ္ျပဳထားသည့္ အခြန္ကင္းလြတ္ခြင့္ရေသာ 501(c)(3) အဖြဲ့အစည္းျဖစ္ပါေသာေၾကာင့္ လွဴဒါန္းေငြပမာဏအေလ်ာက္ အေမရိကန္ႏိုင္ငံဥပေဒအရ အခြန္သက္သာစရိတ္ရရွိႏုိင္ပါသည္။ 

PayPal ButtonPayPal Button
bottom of page