Kan Gyi Htauk Township Development Project (2017 - 2019)

press to zoom

press to zoom
Before
Before

press to zoom

press to zoom
1/7

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ပဒေါင်းပိုင်းလမ်းရှိ အမှတ် (၁၆) သာယာကုန်းမူလတန်းကျောင်း၏ မူလကျောင်းဆောင်တိုးချဲ့မှုဆောက်လုပ်မှုများအတွက် ၂၀၁၈ ခုနှစ်မှစတင်၍ Youth Society for Education မှပံ့ပိုးကူညီခဲ့ပါသည်။

 

သာယာကုန်းမူလတန်းကျောင်းအတွက် စာသင်ခုံနှင့်စားပွဲအစုံ စုစုပေါင်း အစုံ ၁ဝဝနှင့် အလျား ၁၀၀ ပေ x အနံ ၃၀ ပေ အကျယ်အဝန်းရှိ RC တစ်ထပ်ကျောင်းဆောင်သစ်တစ်ခုကို ၂၀၁၉ ခုနှစ်၊ မတ်လ မှ ဇူလိုင်လတွင် ဆောက်လုပ်ပြီးစီးလှူဒါန်းခဲ့ပါသည်။ ထို့အပြင် ၂၀၁၇ -၂၀၁၉ ခုနှစ်ကာလအတွင်း ကန်ကြီးထောင့်မြို့နယ်ဖွံ့ဖြိုးရေးအတွက်

  • ဘုန်းတော်ကြီးသင်စာသင်ကျောင်းငယ်များအားထောက်ပံ့လှူဒါန်းခြင်း

  • မိဘမဲ့ဂေဟာမှ ကျောင်းသားများအတွက် အဝတ်အစားလှူဒါန်းခြင်း

  • ဆေးရုံများအတွက် ဆေးပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းခြင်း၊

  • အာဟာရဒါန လှူဒါန်းခြင်း

  • Mindfulness Meditation Center များဖွံ့ဖြိုးရေးအတွက် ပံ့ပိုးလှူဒါန်းခြင်း

  • လူမှုကူညီရေးအသင်း များနှင့် အခြားပြည်တွင်းစေတနာ့ဝန်ထမ်းအဖွဲ့များအတွက်ပံ့ပိုးကူညီခြင်းတို့ကို ဒေသခံများ၏ အကူအညီဖြင့် စဉ်ဆက်မပြတ်လုပ်ဆောင်ခဲ့ပါသည်။ 

 

ဤဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များအားလုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စုစုပေါင်း ကျပ်သိန်း ၆၉၀ ကျော်အား စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် မတည်လှူဒါန်းပေးပါသော Eric Y. Chen+Aye Aye Mar၊ သမီး Helen T. Chen နှင့် Jenny T. Chen မိသားစု (USA) အား Youth Society for Education မှကျေးဇူးအထူးပင်တင်ရှိပါသည်။