top of page

Media Partnership Announcement


Youth Society for Education X Mind Matters

Mind Matters project ကနေ ဒုတိယအကြိမ် ဆက်လက်ကျင်းပပြုလုပ်သွားမယ့် "Mindful Dialogue session II လေးကို Youth Society for Education ကနေပြီးတော့ Media Partner အဖြစ် ပါဝင်အားဖြည့်ထားပါတယ်

Mind Matters ဆိုတဲ့စီမံကိန်းလေးကတော့ ဂျပန်နိုင်ငံအခြေစိုက် Nelis Global အဖွဲ့အစည်းရဲ့ Flagship program တခုဖြစ်တဲ့ One Million Leaders Asia Fellowship Program (OMLAS)ကနေ စတင်ခဲ့တာပါ ဒီ programမှာ မြန်မာနိုင်ငံကနေ လူငယ်ကိုယ်စားလှယ်တချို့ ပါဝင်ခွင့်ရရှိခဲ့ပြီး ဒီ project ကို အတူတကွ အကောင်အထည်ဖော်နိုင်ခဲ့တာပါ 3projectကိုတော့ NELIS Global နဲ့ OMLAS ကနေ ပံ့ပိုးကူညီပေးထားတာ ဖြစ်ပါတယ်။ Mind Matters project ရည်မှန်းချက်လေးကတော့ ခေါင်းဆောင်မှုပိုင်းဆိုင်ရာ အခြေခံမူများနဲ့ ဒေသခံဌာနေတိုင်းရင်းသားလူမျိုးစုတွေရဲ့ စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာများကို ပေါင်းစပ်ပြီး မြန်မာနိုင်ငံရှိ လူငယ်တွေနဲ့ မိဘမဲ့ကလေးငယ်တွေရဲ့ စိတ်ကျန်းမာရေးတိုးတက်မှုကို မြှင့်တင်ပေးရန်ဖြစ်ပါတယ်

Mindful Dialogue ဆိုတာ ကတော့ စိတ်ကျန်းမာရေးအတွက် အဖြေရှာကုစားရာမှာ ဒေသခံတိုင်းရင်းသားလူမျိုးတွေရဲ့ ထုံးတမ်းအစဉ်အလာတွေ အလေ့အကျင့်ကောင်းတွေ ယုံကြည်မှုတွေကို တစ်နေရာထဲမှာ လေ့လာခွင့်ရမှာဖြစ်ပါတယ်

Dialogue sessionလေးကိုတော့ လာမယ့် အောက်တိုဘာ ၇ရက် (စနေနေ့) ည ၇နာရီမှာ စတင်ကျင်းပသွားမှာဖြစ်ပါတယ် ပွဲကိုတော့ ZOOM ကနေ ကျင်းပသွားမှာဖြစ်ပြီး အခမဲ့ တက်ရောက်နိုင်မှာဖြစ်သလို ပွဲအတွက် လူဦးရေ ကန့်သတ်ထားတယ်ဆိုတဲ့အကြောင်း သတ်မှတ်ထားတဲ့လူဦးရေ ပြည့်တာနဲ့ form ပိတ်မှာ ဖြစ်ပါကြောင်း ကြိုတင်အသိပေးပါရစေ။

- တက်ရောက်ချင်တယ်ဆိုရင်တော့ အောက်က မူရင်း announcement post link ထဲမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်

Mindful Dialogue 2nd Session Date 7.10.2023 (Saturday) Time - 7:00-9:00 pm Venue Zoom Platform Max Participants- 30

How to register:

1)ပေးထားသော link https://bit.ly/MindfulDialogue2 ကနေ register လုပ်ပါ

2)မူရင်း announcement post ကို like & share လုပ်ပါ 3 share ထားသောပိုစ်ကို screenshot ရိုက်ပြီး မူရင်း announcement post အောက်တွင် screenshot ပုံနဲ့တကွ comment ပေးပါ

ဒီ၃ချက်နဲ့ပြည့်စုံမှသာ registration process complete ဖြစ်ပြီး တက်ရောက်ခွင့်ရကြောင်း email နဲ့ အကြောင်းပြန်ပေးမှာပါ

mental health ရော စိတ်ဝင်စားတယ် indigenous knowledge ရော passionate ဖြစ်တယ် ပြီးတော့ Quizz အမေးအဖြေမှာလည်း အမှတ်အများဆုံးရရင် Mind Matters အဖွဲ့အစည်းမှ ချီးမြှင့်ပေးမယ့် လက်ဆောင်ပစ္စည်းများကို ရရှိနိုင်မှာမို့လို့ ဒီအခွင့်အရေးမျိုးကို လက်လွှတ်မခံသင့်ဘူးနော်

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page