top of page

စာလုပ်ရင်း ခဏနားချိန်မှာ ဘာတွေ လုပ်ကြမလဲ


စာလုပ်ရင်း ခဏနားချိန်မှာ ဘာတွေ လုပ်ကြမလဲ


ထိထိရောက်ရောက်စာလေ့လာတယ်ဆိုတာကစာတွေချည်းပဲ ဖိလုပ်နေတာမျိုးမဟုတ်ပါဘူး။ အနားယူသင့်တဲ့အချိန်မှာအနားယူတာကလည်း လေ့လာမှုကိုပိုပြီးတော့ထိရောက်စေပါတယ်။


ဒါကြောင့်မို့ကိုယ့်ရဲ့ဦးနှောက်ကိုအားဖြည့်ပြီးတော့လန်းဆန်းစေနိုင်မယ့် အားလပ်ချိန် အနားယူဖို့ နည်းလမ်းတချို့ကိုညွှန်ပေးလိုက်ပါတယ်။


ဖတ်စာအုပ်တွေကနေပြီးတော့ခဏအနားယူပြီးတော့ပန်းချီဆွဲတာပုံဖော်တာလက်မှု ပညာ တစ်ခုခုကို လုပ်ကြည့်ပါ။


ဒါတွေကဦးနှောက်ရဲ့ညာဘက်ခြမ်းကိုလှုံ့ဆော်ပေးနိုင်ပြီးတော့ စိတ်ကူးသစ် တွေကိုလဲ ပုံဖော်ပေးပါလိမ့်မယ်


ကိုယ်ခန္ဓာလှုပ်ရှားမှုဆိုတာကကိုယ့်ရဲ့ဦးနှောက်လုပ်ဆောင်မှုကိုတိုးတက်ဖို့နည်းလမ်းတစ်ခုဖြစ်ပါတယ်။


အပြေးလေ့ကျင့်တာမျိုးကိုကြိုက်တဲ့သီချင်းနဲ့အတူလိုက်ပါကတာမျိုး ဒါမှမဟုတ် ယောဂလေ့ကျင့်တာမျိုးလည်းလုပ်လို့ရပါတယ်။



ကိုယ်ခန္ဓာလှုပ်ရှားမှုကြောင့်ဦးနှောက်အပေါ်သွေးလည်ပတ်မှုပိုမိုကောင်းစေပြီးတော့မှတ်ဉာဏ်နှင့် တွက်ချက်မှူ အပိုင်းကို လဲသိသာသာတိုးတက်စေနိုင်ပါတယ်။



ကိုယ့်ရဲ့ဦးနှောက်ကိုစိန်ခေါ်မှုပေးနိုင်တဲ့ကစားနည်းမျိုးကစားကြည့်ပါ။


ဒါတွေကကိုယ့်ရဲ့ဦးနှောက်ကိုတက်ကြွမှုရှိစေပြီးတော့ပြဿနာဖြေရှင်းနိုင်စွမ်းကိုတိုးတက်စေနိုင်ပါတယ်။ဒါအပြင်ခဏအနားယူတဲ့အချိန်မှာဦးနှောက်အတွက်လေ့ကျင့်ခန်းလည်းဖြစ်စေပါတယ်။




အပြင်ထွက်ပြီးတော့သဘာဝတရားကြီးကိုခဏခံစားကြည့်လိုက်ပါပန်းခြံကိုလမ်းလျှောက်တာမျိုးဥယျာဉ်မှာအချိန်ဖြုန်းတာမျိုးဒါမှမဟုတ်လို့ရှိရင်သစ်ပင်အောက်မှာထိုင်တာမျိုးပေါ့။



သဘာဝနဲ့အတူယှဉ်တွဲနေထိုင်တာကစိတ်ဖိစီးမှုလျှော့ချပေးနိုင်ပြီးတော့တီထွင်ဆန်းသစ်မှုကိုကူညီပေးပါတယ်။ကြာချိန်ကိုယ့်ရဲ့ကျန်းမာရေးကိုလည်းအထောက်အကူဖြစ်စေပါတယ်



အာရုံစူးစိုက်မှုကို ထိန်းသိမ်းရန်နှင့် ပင်ပန်းနွမ်းနယ်မှုကို ကာကွယ်ဖို့ လေ့လာမှုအားလပ်ချိန်များသည် မရှိမဖြစ်လိုအပ်တာကို သတိရပေးပါ။ ဤလှုပ်ရှားမှုများကို သင်၏လေ့လာမှုလုပ်ရိုးလုပ်စဉ်တွင် ပေါင်းစပ်ပြီး သင့်အတွက် အသင့်တော်ဆုံးအရာကို ရှာဖွေကြည့်နိုင်ပါတယ်။



အခု‌ပြောသွားတဲ့အချက်လေးတွေကိုကိုယ့်ရဲ့သူငယ်ချင်းတွေဆီ မျှဝေပေးပြီးတော့ကိုယ့်ရဲ့ကိုယ်ပိုင်နည်းလမ်းလေးတွေကိုလည်း Comments မှာ ရေးသွားပေးလို့ရပါတယ်။



#YSE Content


Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page