top of page

Introvert


Introvert တွေအပေါ် အများစုထင်ကြတာက

💠 Introvert မို့ သူများတွေနဲ့ စကားမပြောရဲဘူး

💠 Introvert မို့ သူများတွေနဲ့ ပူးပေါင်းမလုပ်ဆောင်တတ်ဘူး

အပေါင်းအသင်းမဆန့်ဘူးဆိုတာတွေပါပဲ


ဒါပေမဲ့ Introvert တွေမှာလည်း သူ့အားသာချက်နဲ့သူရှိပါတယ်


Introvert တွေက

💠 စကားအများကြီး မ​ပြောပေမယ့် အရေးပါတဲ့နေရာမှာဆိုရင်လည်း စကားကို သေချာလေး ဂရုစိုက်ပြောတတ်ကြပါတယ်


💠 တခြားသူပြောတာကို သေချာလေး နားထောင်ပေးတတ်တယ်


💠 အကြံဉာဏ်ကောင်းတွေပေးတတ်တယ်


💠 သူငယ်ချင်းအများကြီးမရှိဘဲ သူငယ်ချင်းကောင်းအဖြစ် သတ်မှတ်ထားတဲ့သူတွေကိုပဲ ပေါင်းတယ်


💠 ကိုယ့်ရဲ့ ချစ်သူရည်းစားအပေါ်ကိုလည်း ဂရုစိုက်ပေးတတ်တယ်


ဒါလေးတွေကလည်း Introvert တွေရဲ့ bright side ဖြစ်ပါတယ်


ဒါပေမဲ့ အပေါ်မှာ ပြောခဲ့သလို Introvert တွေမှာလည်း အဆင်မပြေဖြစ်ရတဲ့ အချက်လေးတွေရှိပါတယ်


🔴 စကားကို လိုအပ်မှသာ ​ပြောတဲ့အတွက် တစ်ဖက်လူက ငါ့ကို စကားမပြောချင်ဘူးလို့ ထင်မြင်တတ်တာမျိုး


🔴 လူအများကြီးနဲ့ရှိနေရင် energy ကျသွားတာမျိုး


🔴 အလုပ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် အများနဲ့ ပူးပေါင်းလုပ်ဆောင်ရတဲ့အခါမျိုးမှာ ကိုယ်က ငြိမ်နေတာဖြစ်တဲ့အတွက် participate မလုပ်ဘူးလို့ အထင်ခံရတာမျိုး


🔴 သူငယ်ချင်းအသစ်တွေ အပေါင်းအသင်းအသစ်တွေရဖို့ ခက်တာမျိုးတွေပေါ့


ဒါပေမဲ့ ဒီလိုအခက်အခဲလေးတွေကို ဖြည်းဖြည်းချင်း ကျော်လွှားလို့ရပါတယ်


✅ ကိုယ့်အားသာချက်တွေကို သိပါစေ


✅ ကိုယ့်ကိုယ်ကိုယ်ရော သူများအတွက်ရော အချိန်ပေးတတ်အောင် လုပ်ပေးပါ


✅ လူအများနဲ့ အသားကျအောင်နေပါ

ကိုယ်က introvert ဖြစ်ကြောင်း တစ်ဖက်လူကိုပြောပြပြီး ဖြည်းဖြည်းချင်းဆွေးနွေးကြည့်ပါ


✅ တာဝန်တစ်ခုခုကို ယူလိုက်ပါ

ဥပမာ - project တစ်ခုကို အားလုံးတူတူဝိုင်းလုပ်ရတဲ့အခါမှာ ကိုယ်က ငြိမ်နေတာမျိုးမလုပ်ဘဲ တာဝန်တစ်ခုခုကို ယူလိုက်ပါ


ဒါမျိုးလေးတွေ လုပ်ဆောင်ကြည့်ရင် တခြားသူတွေနဲ့ ဆက်ဆံရတဲ့အခါမှာ ဖြည်းဖြည်းချင်း အဆင်ပြေလာမယ်လို့ ထင်ပါတယ်နော်




Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page