top of page

Develop success from failures

  • Oct 19, 2023
  • 1 min read

Tagline - စိတ်ပျက်အားလျော့ခြင်းနဲ့ ရှုံးနိမ့်မှုတွေက တကယ်တော့ အောင်မြင်မှုအတွက် ​လှေကားထစ်တွေပါ။



“Develop success from failures. Discouragement and failure are two of the surest stepping stones to success.”


နာမည်ကျော် စာရေးဆရာ Dale Carnegie ရဲ့ စာသားလေးတစ်ခုဖြစ်ပါတယ်

ဒီစာသားလေးထဲမှာပါတဲ့အတိုင်း ရှုံးနိမ့်မှုတွေကနေ အောင်မြင်မှုကိုရနိုင်ပါတယ်။


ကိုယ်က ဒီတစ်ခေါက် မအောင်မြင်ရင်လည်း စိတ်ဓာတ်မကျဘဲ ဆက်ကြိုးစားရင် အောင်မြင်မှုဆီကို အရောက်လှမ်းနိုင်မှာပါ။


စိတ်ပျက်အားလျော့ခြင်းနဲ့ ရှုံးနိမ့်မှုတွေက တကယ်တော့ အောင်မြင်မှုအတွက် ​လှေကားထစ်တွေပါ။


ကျရှုံးမှုတွေအောက်မှာ လဲမကျဘဲ အောင်မြင်မှုဆီ အရောက်လှမ်းနိုင်မယ့် လှေကားထစ်လို အသုံးချလိုက်ပါ။


မိမိရဲ့ အောင်မြင်မှုပန်းတိုင်ဆီ တထစ်ချ လျှောက်လှမ်းနိုင်မယ်ဆိုတာကို ယုံကြည်ထားလိုက်ပါ။


ယုံကြည်မှုကလည်း အောင်မြင်မှုဆီ လှမ်းနိုင်ဖို့ အဓိကသော့ချက်တစ်ခုဖြစ်ပါတယ်။


ကိုယ့်ရဲ့ အရည်အချင်း၊ ကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေကို ယုံကြည်တာကနေတစ်ဆင့် အိပ်မက်ဆီကို လျှောက်လှမ်းနိုင်ဖို့ တွန်းအားတွေဖြစ်စေပါတယ်။


ဒါကြောင့် မိမိကိုယ်ကိုယ် ယုံကြည်ပြီး ဇွဲမလျှော့ဘဲ အဆက်မပြတ်ကြိုးစားကြပါလို့ ဒီစာလေးကနေတစ်ဆင့် တိုက်တွန်းလိုက်ချင်ပါတယ်နော်။



 
 
 

Comments


Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page