top of page

𝗠𝗔𝗜𝗡 𝗣𝗔𝗥𝗧𝗡𝗘𝗥𝗦𝗛𝗜𝗣 𝗪𝗜𝗧𝗛 𝗞𝗛𝗔𝗪 𝗧𝗛𝗪𝗔𝗥 𝗠𝗘𝗟


Learn to Sign ဒီနေ့မှာတော့ "Learn to Sign" program အတွက် YSE နဲ့အတူ ပူးပေါင်းဆောင်ရွက်ပေးတဲ့ organization တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်

ဒီ programလေးမှာ YSE နဲ့အတူ ဒီ program လေးကို တူတူလုပ်ဆောင်ပေးတဲ့ Organization ကတော့ "ခေါ်သွားမယ် - Khaw Thwar Mel" ပဲ ဖြစ်ပါတယ်

"ခေါ်သွားမယ် -Khaw Thwar Mel" ဆိုတာ မြန်မာ disabled community မှာ ကြုံတွေ့နေတဲ့ နေ့စဉ်ဘဝစိန်ခေါ်မှုတွေ နည်းပညာအခြေပြုဖြေရှင်းပေးဖို့ လူငယ်တွေစုပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

"ခေါ်သွားမယ်" ဟာ အကြားအာရုံမသန်စွမ်းသူတွေအတွက် အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာလုံးကို ကျွမ်းကျွမ်းကျင်ကျင် ရေးဖတ်နိုင်ဖို့၊ - မြန်မာ လက် သင်္ကေတပြ ဘာသာစကားကို ဘယ်နေရာကမဆို အခက်အခဲမရှိသင်ယူနိုင်စေဖို့၊

တစ်ဦးချင်းစီရဲ့ လိုအပ်ချက်တွေနဲ့အညီ လိုအပ်တဲ့နည်းပညာအခြေပြု သင်တန်းတွေ လေ့ကျင့်ပေးနိုင်ဖို့

လုပ်ငန်းခွင်လိုအပ်ချက်နဲ့ အညီ အရည်အသွေးတွေကို လေ့ကျင့်သင်ကြားနိုင်ဖို့

အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ဖို့ နဲ့ တိုးတက်လာတဲ့ နည်းပညာ AI ကို အသုံးပြုပြီး အတူခေါ်သွားဖို့ ကြိုးစားနေတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။ ခေါ်သွားမယ်-Khaw Thwar Mel Page https://www.facebook.com/profile.php?id=100091575511271...

"YSE" နဲ့ "Khaw Thwar Mel" တို့ ပူးပေါင်းပြီး "Learn to Sign" program လေးကို အောင်မြင်အောင် လုပ်ဆောင်နိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်။

"Learn to Sign" ဆိုတာ ဘယ်လို programလဲဆိုတာ မသိသေးတဲ့သူလေးတွေလည်း အောက်က link လေးမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

"Learn to Sign" အတွက် register မလုပ်ရသေးရင်လည်း အောက်က link လေးမှာ အမြန်စာရင်းသွင်းလိုက်ကြတော့နော် https://forms.gle/4HYuBBPBQzFY3CRGA

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page