top of page

Interview with YSE Former officers



#Interview with former officers ဆိုတာကတော့ Youth Society for Educationမှာ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ခဲ့တဲ့ အဖွဲ့ဝင်တွေရဲ့ သဘာထားတွေ၊ အတွေ့အကြုံတွေကို မျှဝေပေးတဲ့ အစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ YSE Yangon Branch ရဲ့ Content Writer အဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ မဆုရတနာခင်နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

Su Yadanar Khin Content Writer

၁။ YSEကို ဘယ်ကနေ ဘယ်လိုစသိပြီး volunteer လျှောက်ဖြစ်ခဲ့တာလဲ? YSE မှာ Volunteer ဘယ်လို စလျှောက်ဖြစ်ခဲ့လဲဆိုတော့ ညီမလွန်ခဲ့တဲ့နှစ်နှစ်လောက်ကအဖွဲ့အစည်းတစ်ခု အောက်မှာအလုပ်မလုပ်ဖူးတဲ့အတွက် အန်ပီအိုတွေမှာ ညီမလိုက်ပြီးတော့လျှောက်ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ ညီမပိုင်နိုင်တာက စာရေးတဲ့ဝါသနာဖြစ်တဲ့အတွက် Content Writer position ကို ညီမ လျှောက်ဖြစ်ခဲ့ပါတယ်။

၂။ YSE ကို Join ပြီး Volunteer လုပ်ဖို့ ဘယ်လို ဆုံးဖြတ်ဖြစ်ခဲ့တာလဲ ပထမဆုံးက Fb မှာ YSE က Recruitment ခေါ်ထားတဲ့ post ကို တွေ့တာနဲ့ စိတ်ဝင်စားသွားတာပေါ့။ Join ဖို့ ဆုံးဖြတ်ဖြစ်ခဲ့တာကတော့ အဖွဲ့အစည်းရဲ့ Mission Vision တွေလည်း ကောင်းတယ်။ Project တွေ ကလည်း effective ဖြစ်တာကြောင့် အတော်လေး impress ဖြစ်ခဲ့ပါတယ်။

၃။ YSE မှာ volunteer လုပ်ပြီးတဲ့နောက်မှာ ဘယ်လိုအတွေ့အကြုံတွေ ရခဲ့လဲ၊ ဘာတွေသင်ယူလေ့လာခဲ့ရလဲ? Personal and Professional Growth မှာ အပြောင်းအလဲတွေရှိခဲ့လား? အတွေ့အကြုံတွေကတော့ အများကြီးပါပဲ။ Rules and regulations တွေ ဖတ်ရတယ်။ လုပ်ငန်းခွင် မဝင်ခင် ကြိုတင် လေ့ကျင့်ပေးနေသလိုမျိုးခံစားရတယ်။ ဌာနတွေခွဲပြီး မလုပ်ဖူးတော့ ပိုပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။ နောက်ထပ်လည်း Semninar တွေ ပို့ချပေးတယ်။ Management တွေ ဗဟုသုတတွေ အတော်များများ ရပါတယ်။ Workplace လိုမျိုး လုပ်ငန်းသုံး Software တွေလည်း သုံးဖူးခဲ့တယ်။

၄။ အခုလက်ရှိမှာ‌‌ကော ဘာတွေလုပ်နေတာလဲ? လက်ရှိမှာတော့ ကျောင်းတက်‌ နေပါတယ်။

၅။ လက်ရှိ မှာကော volunteer လုပ်ခဲ့တဲ့အချိန်မှာကော ကိုယ့်ရဲ့ stressတွေကို ဘယ်လိုမျိုးဖြေရှင်းလေ့ရှိလဲ? ညီမအိပ်တယ်။ ညီမ အိပ်ချိန်ကတော်တော် များပါတယ်။ အိပ်လိုက်ရင် ခေါင်းကြည်သွားတယ် လို့ ခံစားရတယ်။ အခုက နိုင်ငံခြားမှာနေရတော့ အထီးကျန်တာပေါ့။ Language barrier တွေလည်းရှိတယ်။ အဲလိုအခါမျိုးကျရင် မိသားစုနဲ့ ဖုန်းပြောတယ် ။ ဒီက မြန်မာသူငယ်ချင်းတွေနဲ့တွေ့ပြီးတော့ စိတ်ဖိစီးမှုကို ဖြေဖျောက်လေ့ရှိပါတယ်။

၆။ YSE မှာ Volunteer လုပ်ခဲ့တဲ့အတွေ့အကြုံတွေက လက်ရှိ ကိုယ်ရောက်နေတဲ့ roleတစ်ခုခုမှာ ပြန်အထောက်အကူပြုနေလား? Effective ဘယ်လောက်ဖြစ်လဲ ? အဖွဲ့အစည်းနဲ့ လုပ်တဲ့အတွက် ပူးပေါင်းမှု စွမ်းရည်တွေ အချင်းချင်း ဆွေးနွေးရတာတွေ အဲဒီမှာ ဗဟုသုတတွေ အများကြီးရပါတယ်။ အဲဒါတွေကို လေ့လာသင်ယူပြီးတော့ လက်ရှိကိုယ်ရောက်နေတဲ့နေရာမှာ ပြန်လည် အသုံးချနေပါတယ်။

၇။ YSE ကို မ join ခင်ကနဲ့ join ပြီး နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပြောင်းလဲမှုမျိုးတွေ ရခဲ့တယ်လို့ ထင်လဲ? အဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီး ဘယ်လိုလုပ်ရမလဲဆိုတာ အတော်လေး နားလည်လာခဲ့တယ်။ ပရောဂျက်တွေရှိရင် ပိုပြီးသိသာပါတယ်။ တခြား Department က လူတွေနဲ့ အဖွဲ့တွေ ဖွဲ့ပြီးလုပ်ရတာ စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။ အရင်က မလုပ်ဖူးတာတွေ လုပ်ရတဲ့အတွက် ပ‌ရောဂျက်ပေါ် မူတည်ပြီး အတွေ့အကြုံကတော့ ရလာခဲ့တာပေါ့။ အဲလို မျိုး ပြောင်းလဲမှုတွေရှိပါတယ်။

၈။ YSE ကို စိတ်ဝင်စားပြီး join ချင်နေကြတဲ့ Volunteer လေးတွေအတွက်လည်း Senior Former Volunteer တစ်ယောက်အနေနဲ့ အမှာစကားလေး နည်းနည်းလောက် ပြောပေးပါဦး။

YSE ဆိုတာက တကယ်ကို စနစ်ကျတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အဖွဲ့အစည်းရဲ့အောက်မှာ ဌာနတွေရှိပြီးတော့ အဲဒီဌာနတွေကလည်း သူတို့တာဝန်ကို ကျေပွန်အောင်လုပ်ကြတယ်ပေါ့။ ပြီးတော့ လုပ်ငန်းခွင် မဝင်ခင်မှာ ကိုယ့်ကို train ပေးတဲ့ volunteer အဖွဲ့အစည်း အမှန်တကယ် အလုပ်လုပ်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါကြောင့်မို့ ကိုယ့်ရဲ့စွမ်းရည်တွေကို မတိုးတက်မှာ မစိုးရိမ်ပါနဲ့။ ဒီကို join ပြီးတာနဲ့ ကိုယ့်ရဲ့ စွမ်းဆောင်ရည်က အသုံးချရင် ချသလောက် ၂ ဆ ၃ ဆ မြင့်တက်သွားမှာပါ။နောက်ပိုင်း stipend တွေလည်း ပေးနေပြီဆိုတော့ အဲဒါက moti ဖြစ်စေမှာပါ။ နောက်ပြီးတော့ သီတင်းကျွတ်တို့ဘာဆိုလည်း မုန့်ဖိုးရသေးတယ်။ CEO က သဘော ကောင်းတယ်ပေါ့။ ဒါကြောင့်မို့ လာပြီးတော့join ကြပါလို့။

၉။ အနာဂတ်မှာကော YSEကို ဘယ်လိုပုံစံမျိုးအဖြစ် မြင်ချင်လဲ? ဒီထက်ပိုပြီး တော့ကောင်းမွန်တဲ့ပုံရိပ်နဲ့ ကောင်းမွန်တဲ့ volunteer project လေးတွေ အများကြီး လုပ်ဆောင်နိုင်ပါစေလို့။ ဒီထက်ပိုပြီး ဆထက်တပိုး အောင်မြင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

၁၀။ YSEမှာတွေ့ခဲ့တဲ့ သူငယ်ချင်းတွေနဲ့ကော အဆက်အသွယ်ရှိသေးလား? ဟုတ်ကဲ့ ရှိပါတယ်။

အခုလို ဖြေကြားပေးတဲ့အတွက် YSE အဖွဲ့ဝင်အားလုံးကလည်း ကျေးဇူးတင်ပါတယ်။ ____________________ Content - Kaung Htet

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page