top of page

5 way to stop procrastination


အချိန်ဆွဲခြင်းဆိုတာဟာ ကျွန်တော်တို့ရဲ့ရည်မှန်းချက် တွေဆီလျှောက်လှမ်းဖိုနဲ့အလုပ်တာဝန်တွေ လုပ်ဆောင်တဲ့အခါမှာ တော်တော်လေးကိုဒုက္ခပေးနိုင်တဲ့အရာတစ်ခုပါ။ဒါကြောင့်မို့လို့ အချိန်ဆွဲခြင်းကို ဘယ်လိုမျိုး တိုက်ထုတ်မလဲ တူတူကြည့်လိုက်ရအောင်

သေးသေးလေးတွေခွဲကြည့်ပါ။

ကျွန်တော်တို့အချိန်ဆွဲရခြင်းရဲ့ အကြောင်းရင်းတစ်ချက်ကတော့ လုပ်ရမယ့်အလုပ်တွေဟာ အရမ်းကိုများပြားပြီးတော့ မနိုင်မနင်းဖြစ်နေလို့ပါပဲ။ဒါကြောင့်မို့လို့ ဒါကိုတိုက်ဖျက်ဖို့အတွက် ကျွန်တော်တို့အလုပ်တွေကို သေးသေးလေးဖြစ်အောင် ခွဲခြားပေးဖို့လိုပါတယ်။ဒါဆိုလို့ရှိရင် အလုပ်တွေလုပ်ရတာပိုပြီးတော့လွယ်ကူသွား ပါလိမ့်မယ်။ဒီလို လုပ်ရင် ပိုကောင်းတာက အလုပ်ရဲ့တစ်ဆင့်ချင်းစီကိုပဲအာရုံစိုက်ဖို့ကူညီပေးတာပါပဲ။ ဒါကြောင့်မို့လို့စတင်ဖို့အတွက်လည်းပိုလွယ်ကူတာကြောင့် အချိန်မဆွဲဖြစ်တော့ဘူးပေါ့။

တိကျတဲ့ရည်မှန်းချက်နဲ့ နောက်ဆုံးသတ်မှတ်ရက်ကို ပြုလုပ်ပါ။

ကိုယ်လုပ်ရမယ့်အလုပ်က ရည်မှန်းချက်သေသေချာချာချမှတ်ထားတာမျိုးလည်းမရှိဘူး။ Deadlines တွေလည်းမရှိဘူးဆိုလို့ရှိရင်တော့ အချိန်ဆွဲခြင်းကိုပိုပြီးဖြစ်ပါစေလိမ့်မယ်။ အဲဒီအစားတိကျသေချာပြီးတော့ တိုင်းတာရ လွယ်ကူတဲ့ရည်မှန်းချက်တွေ ကိုအလုပ်တစ်ခုချင်းစီမှာ ချမှတ်ပေးလိုက်ပါ။ ဒီလိုမျိုးရှင်းလင်းပြတ်သားတဲ့ရည်မှန်းချက်နဲ့ အချိန်သတ်မှတ်ချက်တွေက ပိုအ‌ရေးကြီးတဲ့ အသွင်ဖြစ်စေပြီး အက်ရှင်ယူဖို့အတွက်လည်းပိုပြီးတော့Motivation ဖြစ်ပါစေလိမ့်မယ်။

လုပ်ရိုးလုပ်စဉ်တစ်ခုကိုဖန်တီးပါ

လုပ်ရိုးလုပ်စဉ်တစ်ခုရှိမယ်ဆိုရင်တော့ ကျွန်တော်တို့အလုပ်လုပ်တဲ့အခါမှာ အနှောင့်အယှက်တွေကိုလျှော့ချပေးနိုင်ပြီးတော့ ကုန်ထုတ်စွမ်းအားပိုပြီးတော့တိုးပါစေလိမ့်မယ်။ အလုပ် ဒါမှမဟုတ် စာကျက်ဖို့အတွက်သီးသန့်အချိန်ကိုဖယ်ထားပြီးတော့အဲဒီအချိန်အတွင်းမှာ ဆိုရှယ်မီဒီယာနဲ့တခြားမလိုအပ်တဲ့အသိပေးချက်တွေကို ပိတ်ပင်လိုက်မယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့အတွက် အချိန်မဆွဲဖြစ်တော့ဘူးပေါ့။

တစ်သမတ်တည်း နေ့စဉ်နေ့တိုင်း လစဉ်လတိုင်းလုပ်ရမယ့် အချိန်သတ်မှတ်ချက်လေးတွေနဲ့အတူ လုပ်ရိုးလုပ်စဉ်လေးတစ်ခုကိုဖန်တီးလိုက်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ သွက်လက်မြန်ဆန်လာပြီး အချိန်ဆွဲမှုကို လျော့ချပေးနိုင်ပါလိမ့်မယ်။

2 minute rule ကိုအသုံးပြုပါ။

ရိုးရိုးလေးပါပဲ။ အလုပ်တစ်ခုဟာ နှစ်မိနစ်ထက်မကြာဘူးဆိုလို့ရှိရင် အဲဒီအလုပ်ကိုချက်ချင်းလုပ်လိုက်ဖို့ပါ။ ဒီနည်းလမ်းလေးက ရိုးရှင်းတယ်လို့ထင်ရပေမယ့် တကယ်ကို ထိရောက်ပါတယ်။ ဒီလိုအသေးအမွှားအလုပ်တွေကိုချက်ချင်းကိုင်တွယ်လိုက်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့အရှိန်အဟုန်ကိုဖွံ့ဖြိုးစေပြီးတော့ ယုံကြည်မှုတည်ဆောက်တဲ့အခါမှာပိုပြီးတော့ကောင်းမွန်စေပါတယ်။ ပိုမိုများပြားတဲ့အလုပ်တွေကို ကိုင်တွယ်နေရတာ‌ တောင်တော်တော်လေးလွယ်ကူစေမှာပါ။

နောက်တစ်ခုကတော့ Pomodoro Method ဖြစ်ပါတယ်။ Pomodoro Method ကတော့အလွယ်ပြောရမယ် ဆိုလို့ရှိရင်တော့ မိနစ်အပိုင်းအခြားတစ်ခုအတွင်း (၂၅ မိနစ်) မှာအလုပ်လုပ်ပြီးတော့ မိနစ်အပိုင်းအခြားတစ်ခုအတွင်း (၅ မိနစ်)မှာကျွန်တော်တို့ကအနားယူတာဖြစ်ပါတယ်။ ဒီလိုမျိုးအာရုံစိုက်ထားတဲ့အချိန်တိုလေးတွေကအချိန်စီမံခန့်ခွဲမှုနည်းလမ်းကောင်းတစ်ခုဖြစ်ပြီးတော့ သင့်တော်သလို အနားယူပြီးတော့ အလုပ်လုပ်တဲ့ပုံစံလေးဖြစ်ပါတယ်။ ၂၅ မိနစ် Pomodoro Session လေးခုစာ ပြီးသွားလို့ရှိရင်တော့ကြာကြာလေး ပိုအနားယူပေးသင့်ပါတယ်။ ဒီနည်းလမ်းကိုအသုံးပြုမယ်ဆိုရင်တော့အာရုံစူးစိုက်ဖို့ ပိုလွယ်သလိုပဲ လုံလောက်တဲ့အနားယူချိန် ကြောင့်အချိန်ဆွဲခြင်းကိုတားဆီးနိုင်ပါလိမ့်မယ်။

အချိန်ဆွဲခြင်းကိုကျော်လွှားဖို့ အခု အချက်လေးတွေ က အားလုံးအတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။

YSE ရဲ့ Telegram Channel လေးကိုလည်း Join ပေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

Join YSE Telegram channel ↆ https://t.me/ysenpoorg

Content and Graphic - Kaung Htet

Comments


Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page