
ကျွန်တော်နှင့် YSE by Kyaw Tun Naing (CEO)
Youth Society for Education (YSE) အဖွဲ့အစည်းနဲ့ ပတ်သတ်ပြီး မြန်မာတွေရော မြန်မာမဟုတ်ကြတဲ့ သူငယ်ချင်း၊မိတ်ဆွေ၊သူစိမ်းတွေကမေးခွန်းဆင်တူတွေကို အများကြီး လာမေးကြပါတယ်။ ဒါကြောင့် အခု ကျောင်းပိတ်ရက်လေးမှာအားလုံးမေးထားတာတွေကို အကျဉ်းချုံးပြီး အပျော်သဘောလေးမျိုးလုပ်ပြီး ပြန်ရှယ်ပေးချင်ပါတယ်။ လာအမေးခံရလို့ စိတ်မဆိုးသလို ဘယ်သူ့ကိုမှလဲ စောင်းမြောင်းပြီး ပြောထားတာမဟုတ်ပါဘူး။ နောက်ထပ် သိချင်တာတွေရှိရင်လဲ ထပ်ပြီးမေးဖို့ တောင်းဆိုပါတယ်။ကျောင်းမှာ ဆရာတွေအမြဲ ပြောသလို ပေါ့ .. မသိတဲ့လူတစ်ယောက်ရ