ကမ္ဘာ့ကပ်ရောဂါကြီး ဖြစ်ပွားစဉ်က ထင်ပေါ်ကျော်ကြားခဲ့သော ပုဂ္ဂိုလ်များ


အားလုံးပဲ မင်္ဂလာပါ။

အရင်တုန်းကလည်း အခြေအနေ အမျိုးမျိုးကြောင့် အခုလိုပဲ Lockdown၊ Quarantine နဲ့ Social Distancing လုပ်နေရတဲ့ အချိန်တွေရှိခဲ့ဖူးပါတယ်။ ယနေ့ YSE ကနေ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ဒီလို Lockdown၊ Quarantine နဲ့ Social Distancing လုပ်နေရတဲ့အချိန်တွေ (မိမိရဲ့ အချိန်)ကို အကျိုးရှိရှိ အသုံးချခဲ့တဲ့ ပုဂ္ဂိုလ်ကြီး ၆ ဦး အကြောင်းပဲ ဖြစ်ပါတယ်။

ပထမဦးဆုံး မိတ်ဆက်ပေးချင်တဲ့ ပုဂ္ဂိုလ်ကြီးကတော့ ကမ္ဘာကျော် အင်္ဂလိပ်စာရေးဆရာကြီး William Shakespeare ပဲ ဖြစ်ပါတယ်။ သူဟာဆိုရင်တော့ ၁၇ ရာစုဦးပိုင်း လန်ဒန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ပလိပ်ကပ်ရောဂါကြောင့် လန်ဒန်မြို့ထဲက သူအလုပ်လုပ်တဲ့ The King’s Men ပြဇာတ်ရုံကြီး ပိတ်ထားခဲ့ရတဲ့အချိန်မှာ သူရဲ့ နာမည်ကျော် ပြဇာတ်တွေ ဖြစ်တဲ့ King Lear, Macbeth နဲ့ Antony and Cleopatra တို့ကို ရေးသားခဲ့ပါတယ်။

ဒုတိယ မိတ်ဆက်ပေးချင်တဲ့ ပုဂ္ဂိုလ်ကြီးကတော့ နော်ဝေနိုင်ငံသား ပန်းချီဆရာကြီး Edvard Munch ပဲ ဖြစ်ပါတယ်။ The Scream ပန်းချီကားကို ရေးဆွဲခဲ့တဲ့ ပန်းချီဆရာကြီး Edvard Munch ကတော့ Spanish Flu ရောဂါကြောင့် Quarantine အလုပ်ခံခဲ့ရရုံသာမက ၁၉၁၉ ခုနစ် နော်ဝေနိုင်ငံမှာနေထိုင်ရင်း သူကိုယ်တိုင်ပါ ခံစားခဲ့ရပါတယ်။ ဒါပေမယ့် ဆရာကြီးဟာ အရှုံးမပေးခဲ့ပါဘူး။ သူဟာ ရောဂါဖြစ်ပြီး ကျန်းမာရေး အခြေအနေ အနည်းငယ် ပြန်ကောင်းလာတဲ့ အခါမှာ Self-Portrait with Spanish Flu ဆိုတဲ့ ဒိရောဂါ ခံစားနေရတဲ့အချိန်အတွင်း သူရဲ့ပုံကို ထင်ဟပ်စေတဲ့ ပန်းချီကားကိုပါ ရေးဆွဲခဲ့ပါတယ်။

တတိယအနေနဲ့ မိတ်ဆက်ပေးချင်တဲ့ ပုဂ္ဂိုလ်ကြီးကတော့ ၂၀ ရာစု ပြင်သစ် အမျိုးသမီးဝါဒ ထောက်ခံသူ Simone de Beauvoir ပဲ ဖြစ်ပါတယ်။ သူဟာ ၁၉၄၃ ခုနစ် ဒုတိယကမ္ဘာစစ်ကြီးအတွင်း ပဲရစ်မြို့ကို နာဇီတို့ သိမ်းပိုက်လိုက်ချိန် (the Nazi occupation of France) မှာ သူရဲ့ တစ်ခုတည်းသော မှတ်တမ်းတင် ပြဇာတ် ဇာတ်လမ်း Les Bouches(Who Shall Die) ကို ရေးသားခဲ့ပါတယ်။ ၁၉၄၃ ခုနစ်မှာ ရေးသားခဲ့တဲ့ ဒီ ပြဇာတ်ကြီးကတော့ ၁၄ ရာစု ဝန်းရံလုပ်ကြံမှုအကြောင်းကို ပုံဖော်ထားတာဖြစ်ပင်မယ့် နာဇီ အစိုးရစနစ်ကိုလည်း ညွှန်းစောင်းရေးသားထားပါတယ်။

စတုတ္ထအနေနဲ့ မိတ်ဆက်ပေးချင်တဲ့ ပုဂ္ဂိုလ်ကြီးကတော့ အီတလီ စာရေးဆရာ၊ ကဗျာဆရာ၊ Francesco Petrarca (Petrarch) ရဲ့ သတင်းထောက် Giovanni Boccaccio ပဲ ဖြစ်ပါတယ်။ သူဟာဆိုရင်တော့ ပလိပ်ရောဂါတစ်မျိုးဖြစ်တဲ့ the Black Death ဖြစ်ပွါးခဲ့တဲ့ အချိန်မှာ သူရဲ့ ဖခင်နဲ့ မိထွေးကို ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့် သူဟာ အရှုံးမပေးခဲ့ဘဲ Tuscan နယ်မြို့လေးမှာ ပုန်းရှောင်နေထိုင်ရင်း သူ့ရဲ့ အထင်ရှားဆုံး လုံးချင်းဝတ္တုတို တစ်ပုဒ်ဖြစ်တဲ့ the Decameron ကို ရေးသားခဲ့ပါတယ်။ ဒီဝတ္ထုတိုမှာ ဆိုရင်တော့ ၁၃၄၈ ခုနစ် Florence ပလိပ်အတွင်းမှာ နယ်မြို့လေးမှာ နှစ်ပတ်တာ ပြေးရှောင်နေခဲ့တဲ့ လူငယ် ၁၀ ဦးအကြောင်းကို တစ်ရက်ချင်းစီ ခွဲပြီးရေးတဲ့ပုံစံနဲ့ တင်ဆက်ထားခဲ့ပါတယ်။

ပဥ္စမအနေနဲ့ မိတ်ဆက်ပေးချင်တဲ့ ပုဂ္ဂိုလ်ကြီးကတော့ အီတလီ ပန်းချီဆရာကြီး Salvator Rosa ပဲ ဖြစ်ပါတယ်။ သူရဲ့ ၁၆၅၆ ခုနစ်မှာ ရေးဆွဲခဲ့တဲ့ Human Frailty ဆိုတဲ့ ပန်းချီကားကြီးကတော့ ၁၆၅၆ ခုနစ် the Black Plague ကြောင့် သေဆုံးခဲ့ရတဲ့ သူ့ရဲ့သားအတွက် အမှတ်တရ ရေးဆွဲခဲ့တာပဲဖြစ်ပါတယ်။ ဒီလို စိတ်အားတတ်စရာမရှိလှတဲ့အချိန်မှာ အနုပညာ မြောက်တဲ့ ပန်းချီကားတစ်ချပ်ကို ရေးဆွဲနိုင်ခဲ့တာ အရမ်းပဲ အံမခန်းဖြစ်စရာ ကောင်းလှပါတယ်။

နောက်ဆုံးအနေနဲ့ မိတ်ဆက်ပေးချင်တဲ့ ပုဂ္ဂိုလ်ကြီးကတော့ ရူပဗေဒပညာရှင်ကြီး Issac Newton ဖြစ်ပါတယ်။ သူဟာ ဆိုရင်တော့ ၁၆၆၅ ပလိပ်ရောဂါ ဖြစ်ပွားတဲ့အချိန်မှာ သူရဲ ကမ္ဘာဆွဲအားနဲ့ ပတ်သတ်တဲ့သီအိုရီကို ရှာတွေ့ခဲ့ရုံမျှမက Calculus နဲ့ အလင်းဆိုင်ရာ သီအိုရီတွေကိုပါ စမ်းသပ်ခဲ့တာပဲ ဖြစ်ပါတယ်။ Newton ရဲ့ ဒီ ၁၆၆၅ ခုနစ်က ဆောင်ရွက်ချက်တွေကိုတော့ YSE ရဲ့ Page မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါး “အိုင်ဆက်နယူတန်ကို ရွှေဖြစ်စေခဲ့တဲ့နှစ်” (https://www.youthsocietyforeducation.org/single-post/2020/04/04/Isaac-Newton?fbclid=IwAR3BQGcMon5VU_I9IDIMs-LqgO7PfBV_yvpx1AEybuc_p2kA-hypVoVR73I) မှာလည်း သွားရောက် ဖတ်ရှုနိုင်ပါတယ်။

ယနေ့ တင်ဆက်ပေးခဲ့တဲ့ အကြောင်းအရာတွေကို အားလုံးပဲ စိတ်ဝင်စားကြမယ် ထင်ပါတယ်။ အားလုံးပဲ ကျန်းမာရေး ဂရုစိုက်ကြပြီး မိမိတို့ရဲ့ Quarantine အချိန်တွေကိုလည်း ကောင်းစွာ အသုံးချနေမယ်လို့ ယုံကြည်ပါတယ်။ နောက်တစ်ပတ်တွေမှာလည်း ပိုမို စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာမျိုးစုံကို မိတ်ဆက်ပေးမှာမို့ ဆက်လက်စောင့်ကြည့် အားပေးကြပါဦးနော်။ အချိန်ပေးဖတ်ရှုပေးတဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

Author - Tint Tha Ra Wun Graphic - Htet Aung

Reference - Geniuses in Quarantine (Reader Digest)

#YSE #YouthSocietyforEducation #COVID19

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon

ANY QUESTIONS?

  • Facebook - White Circle
  • Instagram - White Circle
  • LinkedIn - White Circle
  • YouTube - White Circle

California Branch (USA)

801 Southgate Ave,

Daly City, CA 94015

(P) +1 (574) 241-1411

(E) info.usa@ysenpo.org

Yangon Branch (Myanmar)

TRE Tower, 6th Floor, Mingalar Road

South Okkalapa Township, Yangon.

(P) +95 978-222-1020

(E) info.myanmar@ysenpo.org