အိမ်ကနေ အလုပ်လုပ်ရတဲ့အခါ ထိရောက်မြန်ဆန်စေမယ့် နည်းလမ်း (၉) ချက်


မင်္ဂလာပါ သူငယ်ချင်းတို့ရေ

Corona Virus (COVID 19) ဖြစ်ပွားမှုကြောင့် အခုဆိုရင် ကျောင်းတွေ၊ အလုပ်တွေကိုပိတ်ထားတဲ့အတွက် အများစုက အိမ်ထဲမှာပဲနေပြီး အလုပ်လုပ်ရ၊ စာလေ့လာရပါတယ်။ အချို့ကတော့ အိမ်ကနေပဲ အလုပ်လုပ်ရတာ အခက်အခဲမရှိ အဆင်ပြေပေမယ့် အချို့အတွက်တော့ အဆင်မပြေမှုတွေရှိနေပြီး အလုပ်ပြီးသင့်သလောက်မပြီးတာ အလုပ်မတွင်တာမျိုးတွေလည်း ရှိပါတယ်။

သူငယ်ချင်းတို့ရော အိမ်မှာနေပြီး အလုပ်လုပ်ရတာ စာလေ့လာရတာ အဆင်ပြေရဲ့လား ?

ဒီနေ့မှာတော့ သူငယ်ချင်းတို့ကို Home Quarantine ကာလမှာ အိမ်မှာနေပြီး အလုပ်လုပ်တဲ့အခါ မြန်ဆန်ထိရောက်ပြီး အလုပ်တွင်ဖို့အတွက် လိုက်နာဆောင်ရွက်သင့်တာလေးတွေကို ပြောပြပေးချင်ပါတယ်။

၁။ အလုပ်လုပ်ရန်အတွက် မိမိအိမ်မှာ သီးခြားသတ်မှတ်ထားတဲ့ နေရာတစ်ခုရှိပါစေ။

၂။ ပုံမှန် အလုပ်လုပ်ချိန် သတ်မှတ်ထားပြီး လုပ်ပါ။

၃။ လုပ်ဆောင်ကိုင်ဖက်များနှင့် အလုပ်အကြောင်း မကြာခဏ ဆွေးနွေးပါ။ (ဖုန်းဆက်၍ဖြစ်စေ၊ အီးမေးဖြင့်ဖြစ်စေ)။

၄။ နေ့လည်စာကို အချိန်မှန်မှန်စားပါ။

၅။ အလုပ်လုပ်နေစဥ် အိမ်မှုကိစ္စများ မလုပ်ပါနှင့်။

၆။ ရုံးမှာ အလုပ်လုပ်ရသည့် လုပ်ငန်းစဥ်အတိုင်း လုပ်ဆောင်ပါ။

၇။ အိမ်ပတ်၀န်းကျင်ရှိ ကိစ္စများကြောင့် မိမိအလုပ်အပေါ် အာရုံစူးစိုက်နိုင်မှုကို အနှောင့်အယှက် မဖြစ်ပါစေနှင့်။

၈။ ပရော်ဖက်ရှင်နယ် ပီသပါစေ။

မိမိအိမ်မှာ အလုပ်လုပ်တာပဲဆိုပြီး ဖြစ်သလို ညအိပ်အ၀တ်၊ အိမ်နေရင်း အ၀တ်အစားအဟာင်းများကို ၀တ်ပြီး အလုပ်လုပ်တာဖြစ်စေ အလုပ်သဘောအရ video conferencing တတ်တာဖြစ်စေ မလုပ်သင့်ပါဘူး။ သန့်ရှင်းသပ်ရပ်စွာ ဝတ်စားဆင်ယင်ပြီး လုပ်ငန်းခွင်မှာအတိုင်း ပြုမူဆောင်ရွက် သင့်ပါတယ်။

၉။ နည်းပညာကို ကောင်းကောင်းအသုံးချပါ။

ဥပမာ မိမိဖုန်းမှာ application အမျိုးမျိုးကိုသုံးပြီး schedule ဆွဲတာ၊ reminder ထားတာမျိုးတွေလုပ်ပြီး အချိန်နဲ့တစ်ပြေးညီ အလုပ်ပြီးမြောက်အောင် ဆောင်ရွက်သင့်ပါတယ်။

Content - Kyal Sin Phu

Graphic : Htet Aung

Ref : Must-follow rules to get more done when working from home @ Readers' Digest

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon

ANY QUESTIONS?

  • Facebook - White Circle
  • Instagram - White Circle
  • LinkedIn - White Circle
  • YouTube - White Circle

California Branch (USA)

801 Southgate Ave,

Daly City, CA 94015

(P) +1 (574) 241-1411

(E) info.usa@ysenpo.org

Yangon Branch (Myanmar)

TRE Tower, 6th Floor, Mingalar Road

South Okkalapa Township, Yangon.

(P) +95 978-222-1020

(E) info.myanmar@ysenpo.org