မသံစဉ်ဆန်း

March 13, 2020

 

အားလုံးပဲမင်္ဂလာပါနော် ❤️

 

အခုတစ်ပတ်မှာလည်း ရန်ကုန်တက္ကသိုလ်မှာပညာသင်ကြားနေတဲ့ နိုင်ငံတကာဆက်ဆံရေးပညာအထူးပြု တတိယနှစ်ဂုဏ်ထူးတန်း ကျောင်းသူ မသံစဉ်ဆန်းက ကျောင်းစာပြင်ပလှုပ်ရှားမှုတွေ ဘာလို့လုပ်သင့်လဲဆိုတာကို ဝေမျှပေးသွားဦးမှာပဲဖြစ်ပါတယ်။

 

မသံစဉ်ဆန်းဟာ ၁၀ တန်းပြီးခါစအချိန်ကတည်းက လူငယ်အဖွဲ့အစည်းတွေမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူဖြစ်ပါတယ်။ American Center iNature Environmental Club မှာ 3 နှစ်မျှ officer အနေနဲ့ လုပ်ဆောင်ခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။

 

Teens and Dreams ဆယ်ကျော်သက်ကွန်ယက်ရဲ့ တွဲဖက်တည်ထောင်သူတစ်ဦးဖြစ်ပြီး အလုပ်အမှုဆောင်အနေနဲ့ ဆယ်ကျော်သက်အရေးဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်တဲ့ ပရောဂျက်တွေကို ဦးဆောင်ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် YSEALI Seeds for the Future ရဲ့ ရန်ပုံငွေထောက်ပံ့မှုနဲ့ ပြုလုပ်ကျင်းပတဲ့ အမှိုက်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု ပညာရေးပရောဂျက်မှာလဲ ဦးဆောင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

 

မသံစဉ်ဆန်းဟာ Drug and Alcohol Facts Week ဆိုတဲ့ အရက်မူးယစ်ဆေးပညာပေး ရက်သတ္တပတ်လှုပ်ရှားမှု ၂၀၁၇ နဲ့ ၂၀၁၈ မှာလဲ အသင်းဝင် စီစဉ်သူအနေနဲ့ ပါဝင်ဦးဆောင်ခဲ့ပါသေးတယ်။ Initiatives for Peace Conference Myanmar 2018 မှာလဲ စီစဉ်ဦးဆောင်သူအနေနဲ့ပါဝင်ခဲ့ပြီး လက်ရှိမှာတော့ International Development Field Camp 2020, Myanmar and Japan ရဲ့ Committee Member တစ်ဦးအနေနဲ့ ပါဝင်ဆောင်ရွက်နေပါတယ်။

 

အင်ဒိုနီးရှား၊ တရုတ်၊ ထိုင်းနဲ့ ဂျပန်နိုင်ငံတို့မှာ ပြုလုပ်ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ၊ လူငယ် အစည်းအဝေးပွဲတွေမှာလည်း မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်တက်ရောက်ခွင့်ရရှိခဲ့သူ မသံစဉ်ဆန်းဟာ ကျောင်းစာပြင်ပလှုပ်ရှားမှုများ လုပ်သင့်တဲ့အကြောင်းကို အခုလိုပဲ ပြောပြထားပါတယ်။

 

“ကျောင်းစာပြင်ပလှုပ်ရှားမှုတွေမှာ ပါဝင်ရတဲ့အတွက် ကျောင်းစာသင်ရုံနဲ့ပဲ မသိနိုင်၊ လက်လှမ်းမမှီနိုင်တဲ့ လူ့အဖွဲ့အစည်းထဲက အရေးကိစ္စပြဿနာတွေကို ကိုယ်တိုင်သိလာရတယ်။ တစ်ဆက်တည်းမှာပဲ အဲ့ပြဿနာတွေကို လူငယ်တစ်ယောက်အနေနဲ့ တစ်ထောင့်တစ်နေရာက ပါဝင်ကူညီပြီး လုပ်အားပေးဖြေရှင်းနေရတယ်ဆိုတဲ့ စိတ်နဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရှိလာစေပါတယ်။ ဒါကြောင့် ကျောင်းစာပြင်ပလှုပ်ရှားမှုတွေမှာပါဝင်ခြင်းက လူ့အဖွဲ့အစည်းအတွက် အနည်းနဲ့အများအကျိုးပြုယုံတင်မကပဲ တစ်ဖက်မှာ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုလည်း တိုးတက်လာစေပါတယ်။”

Share on Facebook
Share on Twitter
Please reload

Featured Posts