top of page

ကိုရိုနာ ဗိုင်းရပ်စ် (ကိုဗစ်-၁၉) ရောဂါကြောင့် ဖြစ်ပွားနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများ

Mental Health Effects Since the Start of COVID-19

အာလုံးပဲ မင်္ဂလာပါ။

ယနေ့ YSE ကနေ မိတ်ဆက်ပေးချင်တဲ့ အကြောင်းအရာကတော့ ကိုရိုနာ ဗိုင်းရပ်စ် (ကိုဗစ်-၁၉) ရောဂါကြောင့် ဖြစ်ပွားနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများအကြောင်းပဲဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ရောဂါစဖြစ်သည့်အချိန်မှစ၍ လူပေါင်းများစွာရဲ့ဘဝတွေ အသက်တွေဟာ ဒီရောဂါကြီးကြောင့် များစွာ ပြောင်းလဲခဲ့ရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ရောဂါဟာ လူတွေရဲ့ နေ့စဉ်ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲရုံသာမက ငွေကြေးအခက်အခဲနှင့် အတင်းအကြပ် သီးသန့်နေရခြင်း (forced quarantine) တို့ကိုလည်း ဖြစ်စေခဲ့ပါတယ်။

ယခုကာလအတွင်း သတင်းမီဒီယာဌာနများသည် ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ရောဂါကြောင့် ဖြစ်ပွားနိုင်သည့် ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုများအကြောင်းနှင့် ထိုရောဂါများကို ကာကွယ်နိုင်မည့်နည်းလမ်းများကိုသာ အသားပေး မျှဝေပေးနေတယ်။ ထိုလမ်းညွှန်ချက်များမှ အချို့မှာ လူထုထဲသို့ သွားလျှင် မျက်နှာဖုံးတပ်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ၆ ပေ အကွာနေခြင်းနှင့် လူစုလူဝေးထဲသို့သွားခြင်းကို အတတ်နိုင်ဆုံးရှောင်ရှားရန် သတိပေးခြင်းအစရှိသော လမ်းညွှန်ချက်များဖြစ်ပါတယ်။ ဤ လမ်းညွှန်ချက်များ စတင်ချမှတ်ခဲ့သည့်အချိန်မှစ၍ လူသားတို့၏ဘဝများသည် ပုံမှန်နှင့်မတူ ပြောင်းလဲခဲ့ရပါတယ်။

သို့ရာတွင် ဤသတင်း မီဒီယာဌာနများနှင့် လူတော်တော်များများ သတိမမူမိသောအချက်မှာ ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ရောဂါနှင့် ဆက်စပ် အခြေအနေများကြောင့် ဖြစ်ပွါးနိုင်သည့် စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုများပင် ဖြစ်ပါတယ်။ စိုးရိမ်စိတ် မြင့်မားလာခြင်းနှင့် စိတ်ဖိစီးမှု မြင့်တတ်လာခြင်း အစရှိသော စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများမှာ ဘေးအန္တရာယ်ကြုံတွေ့ရတိုင်း လူတို့ရဲ့တုန့်ပြန်မှုများ ဖြစ်ပါတယ်။ ဤကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉)ရောဂါ ဖြစ်ပွားခြင်းသည် လူသားတို့အား မျှော်လင့်ချက်ပျက်သုန်းခြင်းနှင့် စိတ်အားထက်သန်မှု လျော့နည်းခြင်းတို့ကို ဖြစ်ပေါ်စေခဲ့ပါတယ်။

မရေရာသော အခြေအနေများ၊ ရောဂါအခြေအနေနှင့် သီးသန့်နေထိုင်ရခြင်းကြောင့် အတွေးလွန်စိတ် မြင့်မားခြင်းကြောင့် စိုးရိမ်စိတ် မြင့်မားခြင်းနှင့် အခြားသော စိတ်ပိုင်းဆိုင်ရာ ဝေဒနာများ ခံစားနေကြရပါတယ်။ အထူးသဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သော သတင်းများကို နေ့စဉ် (အစဥ်အမြဲ) ကြားသိရသောအခါ မိမိကိုယ့်ကို ထိန်းချုပ်ရန် ခက်ခဲခြင်းနှင့် စိတ်ရှုပ်ထွေးခြင်းတို့ကို ဖြစ်စေနိုင်သည်။ ဤအခြေအနေများသည် ပူပန်သောကများခြင်း၊ ကြောက်ရွံ့ပူပင်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် စိတ်ပင်ပန်းခြင်း အစရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာများကို ဖြစ်ပွားစေပါတယ်။

ယခင်လေ့လာတွေ့ရှိချက်များအရ စိတ်ပိုင်းဆိုင်ရာ ဝေဒနာများခြင်း (quarantine) ကြောင့် စမ်းသပ်ချက်တွင် ပါဝင်သူ ၁၂၉ ဦး၏ ၂၈.၉% သည် Post traumatic stress disorder (PTSD) ရောဂါ လက္ခဏာရှိပြီး ၃၁.၂% မှာ စိတ်ဓာတ်ကျရောဂါ လက္ခဏာရှိကြောင်း သိရပါတယ်။

ဒါ့အပြင် သီးသန့်နေထိုင်ရချိန်များလေလေ PTSD ရောဂါ၏ လက္ခဏာ ပိုများလေလေဖြစ်သည်။ ထို့အပြင် ဤ PTSD နှင့် စိတ်ကျရောဂါလက္ခဏာများသည် ကူးစက်ရောဂါနှင့် တိုက်ရိုက်ထိတွေ့သောလူများကြားတွင် ပိုမိုတွေ့ရကြောင်းလည်း သိရပါတယ်။

ဒီတွေ့ရှိချက်များဟာ ကိုရိုနာ ဗိုင်းရပ်စ် (ကိုဗစ်-၁၉) ရောဂါကြောင့် ဖြစ်ပွားနိုင်သော နောက်ဆက်တွဲ စိတ်ကျန်းမာရေး အခြေအနေများကို မီးမောင်းထိုးပြလျက် ရှိပါတယ်။ သီးသန့်နေထိုင်ရခြင်းဟာ စိတ်ဓာတ်ကျခြင်းနှင့် အခြားသော စိတ်ရောဂါဝေဒနာများကို ဖြစ်ပွါးစေကြောင်း သိရှိရပါတယ်။

ထို့အပြင် လေ့လာချက် ၂၄ ခုရဲ့ တွေ့ရှိချက်များအရ သီးသန့်နေထိုင်ရသော လူများတွင် စိတ်အားငယ်ခြင်း၊ ငေးငိုင်ခြင်း၊ စိတ်ဖိစီးခြင်း၊ စိုးရိမ်စိတ်များခြင်းနှင့် စိတ်ဓာတ်ကျခြင်း အစရှိသော စိတ်ဝေဒနာများ ခံစားရကြောင်းလည်း တွေ့ရှိခဲ့ရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ရောဂါဟာ ကမ္ဘာတစ်ဝှမ်းရှိ လူတို့၏ နေ့စဉ်ဘဝများကို ပြောင်းလဲစေရုံမျှမက အခြားသော နောက်ဆက်တွဲ ပြဿနာများကိုပါ ဖြစ်ပွါးစေခဲ့ပါတယ်။ ဤ ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉)ရောဂါကြောင့် ဖြစ်ပွါးနိုင်သည့် နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများ အကြောင်း သိရှိစေရန် ရည်ရွယ်ပြီး တင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်။

Content : Tint Tha Ra Wun Graphic : Htet Aung

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page