၀ါဆိုလပြည့်နေ့ ဆုတောင်းမေတ္တာ
- ackyaw
- Jul 23, 2021
- 1 min read

အားလုံးပဲ မင်္ဂလာပါရှင်။
ဒီနေ့ကတော့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်တဲ့
“ဝါဆိုလပြည့် ဓမ္မစင်္ကြာ အခါတော်နေ့” ပဲဖြစ်ပါတယ်။
“ သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ဗြာဋိဟာ” ဆိုသောစကားနှင့်အညီ
ဒီကနေ့ဟာ
ဂေါတမမြတ်စွာ ဘုရားလောင်း သေတကေတု နတ်သားစုတေ၍ မယ်တော်မာယာ၏ဝမ်းကြာနုတွင်
ပဋိသန္ဓေ ယူသောနေ့
ဂေါတမ မြတ်စွာဘုရားလောင်း သိဒ္ဓတ္ထမင်းသား တောထွက်တော်မူသောနေ့
ဓမ္မစင်္ကြာ တရားထူးကို ပထမဦးဆုံး ဟောကြားတော်မူသောနေ့
ရေ၊ မီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်သောနေ့ဖြစ်ပါတယ်။
ဤကဲ့သို့ထူးခြားမှု အပေါင်းနဲ့ ပြည့်စုံနေတဲ့ နေ့ထူးနေ့မြတ်မျိုးမှာ ဘာသာရေးကိုပိုမိုလိုက်စားပြီး ကုသိုလ်ရေး အားထုတ်ဖို့ တိုက်တွန်းလိုက်ပါရစေ။
မြန်မာပြည်သူ၊ ပြည်သားအားလုံး အရာရာကို အသိ၊ သတိဖြင့် ဆင်ခြင်ကာကွယ်နိုင်ကြပြီး ကျရောက်နေတဲ့ ဘေးအန္တရာယ်ခပ်သိမ်းမှ လွတ်ငြိမ်းကင်းဝေးကြပါစေလို့ YSE မိသားစုမှ
ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်။
#ဝါဆိုလပြည့်နေ့
#ဓမ္မစင်္ကြာ
Content Creator - Su Yadanar Khin
Graphic Design - Htet Aung
Comments