top of page

မယမင်းသူ (IR, မန္တလေးတက္ကသိုလ်)နှင့်တွေ့ဆုံခြင်း

လူငယ်အတွက် လူငယ်


"လူငယ်အတွက် လူငယ်"လို့ အမည်ပေးကာ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့ ဘာသာရပ်ရွေးချယ်ခဲ့ဖြစ်ပုံလေးတွေကို အပတ်စဉ် အင်္ဂါနေ့နဲ့ ကြာသပတေးနေ့တို့မှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်လေးကို လုပ်ရခြင်း အကြောင်းရင်းကတော့ တက္ကသိုလ်ရွေးချယ်ခြင်းနှဲ့ ဘာသာရပ်ရွေးချယ်တဲ့အခါ အထောက်အကူပြုနိုင်စေရန် ရည်ရွယ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။


မယမင်းသူ (IR, မန္တလေးတက္ကသိုလ်)နှင့်တွေ့ဆုံခြင်း


(၁) အမည်၊ ဘာသာရပ်၊ တက္ကသိုလ်၊ စတာလေး မိတ်ဆက်ပေးပါဦး။

ကျွန်မနာမည် မယမင်းသူပါ။


2020 ခုနှစ်မှာ မန္တလေးတက္ကသိုလ်ကနေ B.A (International Relations) ဘွဲ့ရပါတယ်။ MUFL မှာ Post-graduated Diploma in English လည်း တက်နေပါတယ်။ အလုပ်အကိုင်အနေနဲ့ကတော့ Teacher Su Centre မှာ Assistant Teacher အနေနဲ့ ဝင်ရောက်လုပ်ကိုင်နေပါတယ်။ Kant Kaw Phyu Education ကို 2020 May မှာ စတင်လုပ်ဆောင်ပြီးတော့ လက်ရှိမှာ​ နိုင်ငံ​​ခြားဘာသာစကားသင်တန်း (၄)မျိုး တိုးချဲ့ဖွင့်ဖို့ လုပ်ဆောင်နေပါတယ်။


(၂) ဒီဘာသာရပ်ကို ရွေးချယ်ခဲ့ရခြင်း အကြောင်းအရင်း (သို့) နှစ်ခြိုက်မိတာလေးကို ပြောပြပေးပါဦး။

ကျွန်မ 2015 မှာ ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ဖို့ သေချာရွေးချယ်ခဲ့ပါတယ်။ အဲ့ဒီအချိန် မန္တလေးတက္ကသိုလ်မှာ "Centre of Excellence"ဆိုပြီး ပြန်လည်ဖွင့်လှစ်တာ (၂) နှစ်ရှိနေပါပြီ။ နောက်တစ်ချက်က IR ဘာသာရပ်က သူ့ရဲ့ Career လျှောက်လှမ်းနိုင်မှုအပေါ်မူတည်ပြီး ခေတ်စားပါတယ်။ နောက်ဆုံးအရေးကြီးဆုံးအချက်က ဒီဘာသာရပ်သည် ဘာကို အဓိကသင်ကြားတာလဲ? ဘယ်လို Skills တွေ တိုးတက်မှုရှိမလဲ? IR တက်နေတဲ့ Senior တွေရဲ့ Feedback ကရော ဘယ်လိုလဲဆိုတာတွေကို သေချာလေ့လာစုံစမ်းခဲ့ပါတယ်။ Overall ဆိုရင်တော့ IR ဘာသာရပ်က Global Issues တွေကို နက်နက်နဲနဲ လေ့လာရတဲ့ ဘာသာရပ်ဖြစ်ပြီး IR department က teacher တွေကလည်း ဘာသာရပ်မှာ ကျွမ်းကျင်ကြတယ်လို့ Feedback တွေ ကြားရတဲ့အတွက် တက်ရောက်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။


(၃) လေ့လာရတဲ့ ဘာသာရပ်အကြောင်း အတွေ့အကြုံလေးကို ညီငယ်ညီမငယ်တွေအတွက် ဝေမျှပေးပါဦး။

ဟုတ်ကဲ့။ နှစ်အလိုက်လေး ပြောပြပေးပါ့မယ်။

First year

----------

1. International relation in Political thought I

2. Introduction to IR

3. World History to 1500

4. Geography

5. Myanmar

6. English

💡 ပထမနှစ်မှာ IR ဘာသာရပ်ကို Introduction စသင်ပါတယ်။ International Politics(such as war and peace), Political Theory, regional integration and security စတာတွေပါ။ Minorအနေနဲ့ History နဲ့ Geography မှာ ကြိုက်နှစ်သက်ရာတစ်ခုကို ရွေးချယ်နိုင်ပါတယ်။ ကျွန်မတုန်းကတော့ History ကို ပိုစိတ်ဝင်စားလို့ History ကို ရွေးချယ်ခဲ့ပါတယ်။


Second year

-----------

1. Elements of political institutions

2. Governments and Politics of South East Asia

3. Post World War II International Relations

4. English

5. Principle of Economics

6. Study of Law

7. History of Science and Technology

💡 Second year မှာ South East Asia နိုင်ငံတွေရဲ့ Executive, legislature and Judiciary Branch တွေကို စတင်လေ့လာရပြီး စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။ အပေါ်က No. 5, 6, 7 Elective ဘာသာရပ်သုံးခုမှာ နှစ်ခုကြိုက်ရာ ရွေးချယ်နိုင်ပါတယ်။


Third year

----------

1. Government and Politics of USA

2. Current issues in international relations

3. Government and Politics of Myanmar

4. International Law

5. Economic development

6. International Relations of the Middle East

💡 IR နဲ့ပတ်သက်တဲ့ Current Issues တွေကိုလေ့လာရတာ စိတ်ဝင်စားစရာကောင်းပါတယ်။ Middle East ကတော့ များပြီးရှုပ်ထွေးပေမယ့် သေချာ analysis လုပ်ရတော့ အဆင်ပြေမှာပါ။


Fourth year

-----------

1. Diplomacy

2. Research Design and Methodology

3. International Trade and Issues

4. ASEAN

5. United Nations

6. International Human Rights Law

7. Governments and Politics of East Asia

💡 Final year မှာ research paper ပြင်ဆင်ရပါတယ်။ ကျွန်မတုန်းက group နဲ့တိုင်ပင်ပြီး LGBT NGOs အကြောင်းကို ရေးခဲ့ပါတယ်။ ASEAN နဲ့ United Nations ကတော့ လူတိုင်းကြားဖူးကြပြီး အသေးစိတ်ကိုတော့ ဒီဘာသာရပ်မှာ သင်ကြားရပါတယ်။ IR ဘာသာရပ်က Presentation and Assignment များစွာနဲ့ အမြဲလုံးပန်းနေရတာကြောင့် Presentation skill နဲ့ reading skill တိုးတက်လာမှာ အသေအချာပါပဲ။


(၄) အကယ်၍ ထပ်ဖြည့်ပြောချင်တာလေးတွေရှိရင် ပြောခဲ့ပေးပါဦး။

ကိုယ်တက္ကသိုလ်တက်ရတဲ့အချိန်မှာ ကျောင်းစာချည်းမဟုတ်ဘဲ ကိုယ်စိတ်ဝင်စားရာ အသင်းအဖွဲ့တွေကိုလည်း join ပါ။ လူတွေနဲ့ အလုပ်လုပ်ရတဲ့အခါ experience လည်းရသလို ကိုယ့်ရဲ့ skill လည်း တိုးတက်ပါတယ်။ ပြီးတော့ အချိန်ကို အကျိုးရှိရှိ အသုံးချပါ။ ကိုယ့်ကိုယ်ကို မျောချင်ရာမျော လွှတ်မထားပါနဲ့။ မြန်မာနိုင်ငံမှာ အလယ်အလတ်တွေအတွက် နေရာသိပ်မရှိပါဘူး။ ကိုယ်က အမြဲတမ်းသူများထက် တစ်ခုခုမှာ ထူးချွန်အောင် ကြိုးစားကာမှ တော်ကာကြမှာပါ။


အားလုံးဇွဲမလျှော့ဘဲ ကြိုးစားကြပါလို့ ပြောချင်ပါတယ်။


Content : Khin Moh Moh Aung

Graphic : Htet Aung

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page