သိမ့်ဟေနဒီကျော် (UT-YCC)နှင့်တွေ့ဆုံခြင်း
"လူငယ်အတွက် လူငယ်"လို့ အမည်ပေးကာ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့ ဘာသာရပ်ရွေးချယ်ခဲ့ဖြစ်ပုံလေးတွေကို အပတ်စဉ် အင်္ဂါနေ့နဲ့ ကြာသပတေးနေ့တို့မှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်လေးကို လုပ်ရခြင်း အကြောင်းရင်းကတော့ တက္ကသိုလ်ရွေးချယ်ခြင်းနှဲ့ ဘာသာရပ်ရွေးချယ်တဲ့အခါ အထောက်အကူပြုနိုင်စေရန် ရည်ရွယ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။

သိမ့်ဟေနဒီကျော် (UT-YCC)နှင့်တွေ့ဆုံခြင်း
(၁) အမည်၊ ဘာသာရပ်၊ တက္ကသိုလ် စတာလေး မိတ်ဆက်ပေးပါဦး။
မမနာမည်ကတော့ သိမ့်ဟေနဒီကျော်ပါ။ ခုလက်ရှိ သင်ယူနေတဲ့ ဘာသာကတော့ သတင်းအချက်အလက်နဲ့နည်းပညာ (ခေါ်) Information Science & Technology ဖြစ်ပါတယ်။ တက်ရောက်နေဆဲ တက္ကသိုလ်ကတော့ နည်းပညာတက္ကသိုလ် ရတနာပုံဆိုက်ဘာစီးတီး (UT-YCC) မှာပါ။ မမတို့ရဲ့ တက္ကသိုလ်တည်နေရာက မန္တလေး-ပြင်ဦးလွင် အတက်လမ်းဘေး ပြင်စာရွာမှာ ရှိပါတယ်။