top of page

သန့်ကြယ်စင် (သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်) နှင့်တွေ့ဆုံခြင်း

"လူငယ်အတွက် လူငယ်"လို့ အမည်ပေးကာ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့ ဘာသာရပ်ရွေးချယ်ခဲ့ဖြစ်ပုံလေးတွေကို အပတ်စဉ် အင်္ဂါနေ့နဲ့ ကြာသပတေးနေ့တို့မှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်လေးကို လုပ်ရခြင်း အကြောင်းရင်းကတော့ တက္ကသိုလ်ရွေးချယ်ခြင်းနှဲ့ ဘာသာရပ်ရွေးချယ်တဲ့အခါ အထောက်အကူပြုနိုင်စေရန် ရည်ရွယ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။


(၁) အမည်၊ ဘာသာရပ်၊ တက္ကသိုလ် စတာလေး မိတ်ဆက်ပေးပါဦး။

သန့်ကြယ်စင်၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ ရန်ကုန်။


(၂) ဒီဘာသာရပ်ကို ရွေးချယ်ခဲ့ရခြင်း အကြောင်းအရင်း သို့ နှစ်ခြိုက်မိတာလေးကို ပြောပြပေးပါဦး။

အဓိကကတော့ ဆေးပညာကိုစိတ်ဝင်စားတာပါ။ ဆေးတက္ကသိုလ်တက်ချင်ခဲ့ပေမယ့် အမှတ်မမှီလို့ သွားဆေးကို ရွေးချယ်ခဲ့တာပါ။ အခု 2nd BDS မှာ တက်ရောက်သင်ကြားနေတာဖြစ်ပြီး ဆေးပညာလည်း လေ့လာခွင့်ရသလို သွားနှင့် ခံတွင်း ကျန်းမာရေးကို ကျွမ်းကျွမ်းကျင်ပညာရပ်အဖြစ် သင်ယူရတာကို သဘောကျပါတယ်။


(၃) လေ့လာရမယ့်ဘာသာရပ်တွေအကြောင်း အတွေ့အကြုံလေးကို ညီငယ် ညီမငယ်တွေအတွက် ဝေမျှပေးပါဦး။

ပထမနှစ်ကတော့ တက္ကသိုလ်ဝင်တန်းမှာ သင်ကြားခဲ့ရသော သင်ခန်းစာတွေထက် အဆင့်မြင့်သော သင်ခန်းစာတွေကို သင်ယူကြရမှာပါ။ သွားဆေးရဲ့ ကောင်းတာတစ်ခုက လက်တွေ့ များပါတယ်။ ကျောင်းသားဘဝမှာတင်လူနာတွေကို ကုသပေးရမှာပါ။ ဒါတွေကိုတော့ 3rd BDS မှာ စတင်လုပ်ကိုင်ရမှာဖြစ်ပြီး 1st BDS မှာတော့ clinical obversation ရှိတာမို့ မိမိ professional ကို ကြိုတင်လေ့လာခွင့်ရမှာပါ။ 2nd BDS ကစပြီး ဆေးပညာနဲ့အတူ သွားဘက်ဆိုင်ရာ ဆေးပညာရပ်တွေကို သေချာစွာ လေ့လာသင်ယူကြရမှာပါ။


(၄) အကယ်၍ ထပ်ဖြည့်ပြောချင်တာလေးရှိရင် ပြောပေးခဲ့ပါဦး။

သွားဘက်ဆိုင်ရာ ဆေးပညာရပ်က လေ့လာကြည့်ရင် တကယ် စိတ်ဝင်စားစရာကောင်းပြီး professional career တစ်ခုဖြစ်တာမို့ စိတ်ဝင်စားမှုရှိတယ်ဆို လာရောက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။


Content : Tint Tharawun

Graphic : Htet Aung

コメント


Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page