top of page

သန္တာအောင် (Business Management, NMDC)နှင့်တွေ့ဆုံခြင်း

"လူငယ်အတွက် လူငယ်"လို့ အမည်ပေးကာ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့ ဘာသာရပ်ရွေးချယ်ခဲ့ဖြစ်ပုံလေးတွေကို အပတ်စဉ် အင်္ဂါနေ့နဲ့ ကြာသပတေးနေ့တို့မှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်လေးကို လုပ်ရခြင်း အကြောင်းရင်းကတော့ တက္ကသိုလ်ရွေးချယ်ခြင်းနှဲ့ ဘာသာရပ်ရွေးချယ်တဲ့အခါ အထောက်အကူပြုနိုင်စေရန် ရည်ရွယ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။

သန္တာအောင် (Business Management, NMDC)နှင့်တွေ့ဆုံခြင်း


(၁) အမည်၊ ဘာသာရပ်၊ တက္ကသိုလ် စတာလေး မိတ်ဆက်ပေးပါဦး။

◼ ကျွန်မ နာမည် သန္တာအောင်ဖြစ်ပါတယ်။ National Management Degree College မှာ Bachelor Of Business Management ကို Mar,2019 မှာ ရရှိခဲ့ပါတယ်


(၂) ဒီဘာသာရပ်ကို ရွေးချယ်ခဲ့ရခြင်း အကြောင်းအရင်း သို့ နှစ်ခြိုက်မိတာလေးကို ပြောပြပေးပါဦး။

◼ BBM ကို အဓိက ရွေးချယ်ခဲ့ရတဲ့ အကြောင်းအရင်းကတော့ Management ပညာရပ်တွေ စတင်ခေတ်စားလာပြီဖြစ်တဲ့အလျောက် အလုပ်အကိုင်ရရှိနိုင်မှု အခွင့်အရေးတွေ များပြားလာပြီး နိုင်ငံတကာ ပညာတော်သင် အခွင့်အလမ်းတွေအတွက်လည်း အထောက်အကူပြုနိုင်တာအတွက်ပါ။


စီမံခန့်ခွဲမှုရေးရာပညာရပ်ဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက်လဲ အရေးကြီးတဲ့ အခန်းဂဏ္ဏကနေ ပါဝင်နေပါတယ်။ NMDC ကို ရွေးချယ်ရခြင်းကတော့ အထူးအဖြင့် Senior တွေရဲ့ Reputation ကောင်းမွန်မှုရယ် ကျောင်းရဲ့ သင်ကြားရေး နည်းစနစ်တွေကြောင့်ပါ။


(၃) လေ့လာရမယ့်ဘာသာရပ်တွေအကြောင်း အတွေ့အကြုံလေးကို ညီငယ် ညီမငယ်တွေအတွက် ဝေမျှပေးပါဦး။

◼ Management ဘာသာရပ်တွေရော Art ရော Science ရော ပါဝင်ရောယှက်နေတဲ့အတွက် အလွန် စိတ်ဝင်စားစရာကောင်းပါတယ်။

Subjects တွေအနေနဲ့ကတော Macroeconomic, Microeconomic, Human Resources Management, Marketing Management, Financial Accounting, Production and Operation Management, Business Research, Project Management, Logistics and Supply Chain Management စတာတွေအပြင် Business Law, Change Management, Banking and Financial Constitution စတဲ့ ဘာသာရပ်တွေကိုပါ စာသင်နှစ် ၄ နှစ် တောက်လျှောက် Lectures, Discussion, Case Study, Seminas စသဖြင့် Learning Resources စုံစုံလင်လင်နဲ့ သင်ကြားသွားရမှာပဲ ဖြစ်ပါတယ်။


(၄) အကယ်၍ ထပ်ဖြည့်ပြောချင်တာလေးရှိရင် ပြောပေးခဲ့ပါဦး။

◼ NMDC မှာ ရှိတဲ့ BBM အပါအဝင် Major ပေါင်းစုံမှာ ပြင်ပလက်တွေ့နယ်ပယ်အသီးသီးမှာ အောင်မြင်ထူးချွန်ကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ကိုယ်တိုင် သင်ကြားပေးတဲ့ ပညာရပ်တွေလည်း ပါဝင်တာကြောင့် အကြံဉာဏ်ကောင်းတွေ အတွေ့အကြုံတွေလည်း အများကြီးရရှိခဲ့ရပါတယ်။


Extra Curriculum Activities တွေနဲ့ Internship Programs တွေကို အားပေးတဲ့ college ဖြစ်တဲ့အလျောက် ကျောင်းသားတွေကို စာတွေ့သာမက လက်တွေ့ လုပ်ငန်းခွင် နဲ့ထိစပ်မှုရှိစေပြီး Workplace Readiness အပြည့်ရသွားစေခဲ့ပါတယ်။


ကျောင်းသားတွေအနေနဲ့ NMDC ကိုရောက်လာခဲ့ရင် available ဖြစ်နေတဲ့ resources တွေ opportunities တွေကို အပြည့်အဝအသုံးချပြီး academic အပြင် personal development ပါ အပြည့်အဝ ရရှိသွားအောင် ကြိုးစားအားထုတ်ကြဖို့ အကြံပြုလိုပါတယ်ရှင့်။


Content : Kaung Htet

Graphic : Htet Aung

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page