သဲစုအေး (စာရင်းကိုင်ပညာ)နှင့်တွေ့ဆုံခြင်း

"လူငယ်အတွက် လူငယ်"လို့ အမည်ပေးကာ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့ ဘာသာရပ်ရွေးချယ်ခဲ့ဖြစ်ပုံလေးတွေကို အပတ်စဉ် အင်္ဂါနေ့နဲ့ ကြာသပတေးနေ့တို့မှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်လေးကို လုပ်ရခြင်း အကြောင်းရင်းကတော့ တက္ကသိုလ်ရွေးချယ်ခြင်းနဲ့ ဘာသာရပ်ရွေးချယ်တဲ့အခါ အထောက်အကူပြုစေလိုတဲ့ ရည်ရွယ်ချက်နဲ့ တင်ဆက်ပေးခြင်းဖြစ်ပါတယ်။


သဲစုအေး (စာရင်းကိုင်ပညာ)နှင့်တွေ့ဆုံခြင်း


(၁) အမည်၊ ဘာသာရပ်၊ တက္ကသိုလ် စတာလေး မိတ်ဆက်ပေးပါဦး။

အမနာမည်က သဲစုအေးပါ အခု ရန်ကုန်စီးပွားရေးတက္ကသိုလ် လှိုင်နယ်မြေမာ ပထမနှစ်ဂုဏ်ထူးတန်း (စာရင်းကိုင်ပညာ)သင်ကြားနေပါတယ်။


(၂) ဒီဘာသာရပ်ကို ရွေးချယ်ခဲ့ရခြင်း အကြောင်းအရင်း (သို့) နှစ်ခြိုက်မိတာလေးကို ပြောပြပေးပါဦး။

ဒီဘာသာရပ်ကိုရွေးချယ်ခဲ့ပုံက ပထမ ဆယ်တန်းအမှတ်စာရင်းနဲ့မီတဲ့ တက္ကသိုလ်လျှောက်ဖြစ်တယ်။ ဒီတက္ကသိုလ်တက်ခွင့်ရခဲ့တယ်ပေါ့နော်။ နောက်ပထမနှစ်မှာ အမှတ်နဲ့ မေဂျာတွေ ခွဲလိုက်ကြတာ့ အမက Accounting ရတယ်။ ပြီးတော့ အခြား major တွေနဲယှဥ်လိုက်ရင် ကျက်စာထက် တွက်စာပိုများတယ်ပေါ့။ အမက တွက်စာပိုအားသန်တာမို့ major မပြောင်းတော့ဘဲ Accounting ပဲ ဆက်ယူဖြစ်ခဲ့တယ်။ နှစ်သက်တဲ့အချက်ဆိုရင်တော့လေ အခုထိ Accounting ကိုရွေးခဲ့လို နောင်တရတယ်လို့ မတွေးမိသေးဘူး။


(၃) လေ့လာရတဲ့ ဘာသာရပ်တွေအကြောင်း အတွေ့အကြုံလေးကို ညီငယ် ညီမငယ်တွေအတွက် ဝေမျှပေးပါဦး။

ဘာသာရပ်တွေနဲ့ပတ်သက်ပြီးပြောရရင် အမတို့နှစ်တုန်းကတော့ ပထမနှစ်မှာ ဘာသာရပ်ပေါင်းစုံကို overview အနေနဲ့သင်ရတယ်။ ဒုတိယနှစ်ရောက်မှ major အလိုက် ဘာသာရပ်တွေ ကွဲသွားတယ်။ major အနေနဲ့ဆို Accounting ပိုင်းနဲ့ Management ပိုင်းဘာသာရပ်တွေကို သင်ရတယ်။ Minor အနေနဲ့ကတော့ Statistics English Law တွေ သင်ရပါတယ်။ စာမေးပွဲမှာဆိုရင် တစ်ဘာသာကျလည်း ကျတာမို့ Major Minor ဆိုပြီး ပေါလျော့နေလို့မရပါဘူးနော် 😝။ အမတို့တုန်းက အများစုက ၁၀ တန်းမှာ Bio ယူကြတဲ့သူတွေ အဲ့တော့ ပထမနှစ်မာ Eco ဆိုတာ အစိမ်းသက်သက်ကြီးဖြစ်ပြီး နည်းနည်းတိုင်ပတ်ခဲ့ကြတယ်။ ဒါပေမယ့် နောက်ပိုင်းမာ Tchel တွေကလဲ ထပ်ခါတစ်လဲလဲ ရှင်းပြကြတော့ concept မိသွားတယ်။ ပြောချင်တာကတော့ အစပိုင်းမှာ ခက်ကောင်းခက်နိင်ပေမယ့် နောက်ပိုင်းကျ သင်ရတာ ပျော်ဖို့ကောင်းသွားပါလိမ့်မယ်။ နောက်ပြီး ကျက်စာပိုင်းတွေဆိုလည်း စာမေးပွဲမှာ အလွတ်ကျက်ဖြေရတာထက် Theory တွေ concept တွေကိုနားလည်အောင်လုပ်ပြီး ကိုယ်သာဆိုရင် problem ကို ဘယ်လိုဖြေရှင်းမလဲဆိုပြီး concept အပေါ်အခြေခံပြီး ကိုယ့်ရဲ့ own idea တွေနဲ့ ဖြေရတာမျိုးဖြစ်တော့ ပိုပြီးလွယ်ကူတယ်။


(၄) အကယ်၍ ထပ်ဖြည့်ပြောချင်တာလေးရှိရင် ပြောပေးခဲ့ပါဦး။

ထပ်ဖြည့်ပြောချင်တာကတော့ တက္ကသိုလ်ဆိုတာကြီးက စာချည်းသင်နေရုံ Grade တွေကောင်းနေရုံနဲ့ လုံလောက်တဲ့နေရာမဟုတ်တော့ဘူးပေါ့နော်။ တက္ကသိုလ်တက်ရင်းလည်း ကိုယ့် career အတွက် လိုအပ်တဲ့ skillတွေဖြည့်ရမယ်ပေါ့။ ပြီးတော့ စာချည်းပဲသင်နေတာမျိုးမဟုတ်ဘဲ activities တွေမှာ ပါဝင်ပါ။ Club တွေမှာ joinပါ။ အဲ့ဒီကနေပြီးတော့ ကိုယ်မသိသေးတဲ knowledge တွေရော အဆက်အသွယ်တွေရော အများကြီးရလာနိုင်တယ်။ တက္ကသိုလ်ကျောင်းသားဘဝဆိုတဲ့ ၄-၅ နှစ်ဆို ပြီးပြီ။ တကယ့်လုပ်ငန်းခွင်ကိုဝင်ကြရမှာဆိုတော့ Uni life မှာကတည်းက teamwork နဲ့ အလုပ်လုပ်တတ်ဖို့တို့ Time management လုပ်နိင်ဖို့တို့ကို ကြိုတင်ပြင်ဆင်ထားသင့်တယ်ပေါ့နော်။ အမဆိုရင် club တွေမှာ ဝင်ပါရင်းနဲ့မှ အလုပ်လုပ်ရတာပျော်လာတယ်။ ကိုယ်ဘာလုပ်ချင်လဲဆိုတာ သိလာပြီးတော့ ကိုယ့်ရဲ့ career အထိကို ဆုံးဖြတ်နိုင်ခဲ့တာပါ။ activities တွေမှာ ဝင်ပါပါ။ Club တွေဆိုရင်လည်း ကိုယ်စိတ်ဝင်စားတယ်ဆိုရင် ဝင်သာ join ကြပါ။ လုံးဝအထောက်အကူဖြစ်မှာသေချာပါတယ်လို့ ပြောချင်ပါတယ်ရှင်။


Content : Phoo Pwint Khaing

Graphic : Htet Aung



Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon

ANY QUESTIONS?

  • Facebook - White Circle
  • Instagram - White Circle
  • LinkedIn - White Circle
  • YouTube - White Circle

United States Office

2632 Lincolnway East  # 1025
Goshen, IN 46526

(P) +1 (574) 241-1411

(E) info.usa@ysenpo.org

Myanmar Office

TRE Tower, 6th Floor, Mingalar Road

South Okkalapa Township, Yangon.

(P) +95 978-222-1020

(E) info.myanmar@ysenpo.org