စုစုမင်း (NMDC)နှင့်တွေ့ဆုံခြင်း
"လူငယ်အတွက် လူငယ်"လို့ အမည်ပေးကာ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့ ဘာသာရပ်ရွေးချယ်ခဲ့ဖြစ်ပုံလေးတွေကို အပတ်စဉ် အင်္ဂါနေ့နဲ့ ကြာသပတေးနေ့တို့မှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်လေးကို လုပ်ရခြင်း အကြောင်းရင်းကတော့ တက္ကသိုလ်ရွေးချယ်ခြင်းနှဲ့ ဘာသာရပ်ရွေးချယ်တဲ့အခါ အထောက်အကူပြုနိုင်စေရန် ရည်ရွယ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။
စုစုမင်း (NMDC)နှင့်တွေ့ဆုံခြင်း
(၁) အမည်၊ ဘာသာရပ်၊ တက္ကသိုလ် စတာလေး မိတ်ဆက်ပေးပါဦး။
အစ်မနာမည်ကတော့ စုစုမင်း (aka) Elliott ပါ။ National Management Degree College ကပါ။ Tourism and Hospitality Management (ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်စီမံခန့်ခွဲမှုပညာ) Majorက Second Year Student ပါ။
(၂) ဒီဘာသာရပ်ကို ရွေးချယ်ခဲ့ရခြင်း အကြောင်းအရင်း သို့ နှစ်ခြိုက်မိတာလေးကို ပြောပြပေးပါဦး။
အဓိက ရွေးချယ်ဖြစ်ခဲ့တာကတော့ ကျောင်းရဲ့ သင်ကြားပုံကြောင့်ပါ။ Senior တစ်ယောက်ကရှင်းပြတော့ NMDC မှာ Seminar တွေ ၊ Workshop တွေ ၊ Class Activity တွေတော်တော်များများနဲ့သင်တယ်ဆိုတဲ့အချက်ကို သဘောကျသွားပါတယ်။ ကျောင်း Activity တွေ ပွဲတွေမှာ ကျောင်းသားတွေပဲ ကိုယ်တိုင်ဦးစီးဦးဆောင်လုပ်ကြတယ်လို့ သိရတဲ့အတွက် တက္ကသိုလ်တက်ရတဲ့လေးနှစ်မှာ ကိုယ့်အတွက် အရည်အချင်းသစ်တွေ အမှတ်တရတွေ အများကြီး ရှိလာမယ်လို့ယုံလို့ ဒီကျောင်းကိုရွေးခဲ့တာပါ။ Major ကတော့ အမှတ်အရ Tourismရောက်လာခဲ့တာပေါ့။ ဒီဘာသာရပ်က ကိုယ့်ရဲ့ Personality နဲ့ ကိုက်တယ်လို့ ယူဆလို့လည်း တက်ဖြစ်ခဲ့ပါတယ်။
(၃) လေ့လာရမယ့်ဘာသာရပ်တွေအကြောင်း အတွေ့အကြုံလေးကို ညီငယ် ညီမငယ်တွေအတွက် ဝေမျှပေးပါဦး။
ဘာသာရပ်တွေ အနေနဲ့ အဓိကကတော့ Tourism ပိုင်းနဲ့ Hospitality ပိုင်းဆိုပြီး (2) ပိုင်းရှိပါတယ်။ အဲ့ဒီလုပ်ငန်းတွေလုပ်ဖို့ လိုအပ်တဲ့ Management ပိုင်း၊ Business ပိုင်းတွေလည်း သင်ရတာမို့လို့ ကိုယ့်ဝါသနာက Tourism/Hospitality မဟုတ်လည်း စီးပွားရေးသက်သက်လုပ်လို့ရပါတယ်။
တခြားဘာသာတွေအနေနဲ့ဆို English, Culture စသဖြင့် Knowledge တိုးစေမယ့်ဘာသာရပ်တွေရှိပါတယ်။ Debateတွေ ၊ Discussionတွေ ၊ Excursion တွေလည်းရှိပါတယ်။ Group project, Assignment, Presentation တွေလည်း လက်မလည်အောင်ကိုလုပ်ရတာမို့ စာတွေ့ထက် လက်တွေ့ကပိုများပါတယ်။ စာမေးပွဲမှာလည်း စာတွေပိနေအောင်ကျက်ရတာမဟုတ်ဘဲ အတန်းတွင်း Activity တွေကနေ အမှတ်များများယူတာမို့ အဆင်ပြေပါတယ်။ Class Activities တွေမှာ Participate လုပ်ဖို့တော့လိုပါမယ်။ ကျောင်းကိုလာ စာသင်ပြီး ပြန် ဆိုတာမျိုးမဟုတ်ဘဲ အနုပညာဆိုင်ရာ၊ အားကစားဆိုင်ရာ club တွေရှိတာမို့ ကိုယ်ပါဝင်ရင် ပါဝင်သလောက် ပျော်ဖို့ကောင်းပါတယ်။
(၄) အကယ်၍ ထပ်ဖြည့်ပြောချင်တာလေးရှိရင် ပြောပေးခဲ့ပါဦး။
ဆယ်တန်းပြီးခါစအချိန်မှာ ကိုယ့်ဝါသနာကိုမသိတာ၊ ဘယ် career ကိုရွေးရမလဲ မသိတာကဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကိုယ်ရွေးချယ်လိုက်ပြီဆိုရင်တော့ အဲ့ဒီလမ်းမှာ ကိုယ်နဲ့ကိုက်ညီအောင် ဘယ်လိုဆက်သွားမလဲဆိုတာ သိဖို့အရေးကြီးပါတယ်။ တစ်ခါတလေ ပိုပိုပြီးကောင်းတာ မြင့်တာတွေကိုမျှော်မှန်းရင်း ကိုယ့်လက်ထဲရှိနေတဲ့ ကောင်းတဲ့အရာတွေကို မေ့သွားတတ်ပါတယ်။ ဒါကြောင့် ကိုယ့်မှာရှိတာ အသိအတတ်ပညာကို အသုံးချပြီး လိုချင်တဲ့ပန်းတိုင်ရောက်အောင် ကြိုးစားကြပါနော်။
Content : May Hmu Bo
Graphic : Htet Aung
Comments