ဆက်မြတ်စိမ်း (Chemical Engineering၊ နည်းပညာတက္ကသိုလ်(သန်လျင်))နှင့်တွေ့ဆုံခြင်း)

"လူငယ်အတွက် လူငယ်"လို့ အမည်ပေးကာ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့ ဘာသာရပ်ရွေးချယ်ခဲ့ဖြစ်ပုံလေးတွေကို အပတ်စဉ် အင်္ဂါနေ့နဲ့ ကြာသပတေးနေ့တို့မှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်လေးကို လုပ်ရခြင်း အကြောင်းရင်းကတော့ တက္ကသိုလ်ရွေးချယ်ခြင်းနှဲ့ ဘာသာရပ်ရွေးချယ်တဲ့အခါ အထောက်အကူပြုနိုင်စေရန် ရည်ရွယ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။


ဆက်မြတ်စိမ်း (Chemical Engineering၊ နည်းပညာတက္ကသိုလ်(သန်လျင်))နှင့်တွေ့ဆုံခြင်း)


(၁) အမည်၊ ဘာသာရပ်၊ တက္ကသိုလ် စတာလေး မိတ်ဆက်ပေးပါဦး။

ကျွန်မနာမည်က ဆက်မြတ်စိမ်းဖြစ်ပါတယ်။ နည်းပညာတက္ကသိုလ်(သန်လျင်)မှာ Chemical Engineering ဘာသာရပ်ကို လေ့လာသင်ယူနေတဲ့ 5th Year ကျောင်းသူဖြစ်ပါတယ်။


(၂) ဒီဘာသာရပ်ကို ရွေးချယ်ခဲ့ရခြင်း အကြောင်းအရင်း သို့ နှစ်ခြိုက်မိတာလေးကို ပြောပြပေးပါဦး။

ကျောင်းမှာ မေဂျာလျှောက်တုန်းက ဘယ်ဘာသာရပ်ဖြစ်ဖြစ် အကောင်းဆုံးသင်ယူမယ်ဆိုတဲ့စိတ်နဲ့‌ မေဂျာအစုံ လျှောက်ခဲ့တယ်။ Chemical Engineering ဘာသာရပ်ကိုရခဲ့တယ်။ နောက်ပိုင်း‌လေ့လာရင်း ဒီမေဂျာရပ်က တော်တော်လေးအသေးစိတ်ပြီး လက်တွေ့ဆန်တယ်လို့ သိလာရတယ်။ ဥပမာ - ကျွန်မ တို့မျက်လုံးနှစ်လုံးစဖွင့်တာနဲ့ chemicals တွေနဲ့ စတင်ထိတွေ့ကြရတယ်(သွားတိုက်ဆေး,မျက်နှာသစ်ဆေး, အလှကုန်တို့ ...)။အဲ့ဒီလို နေ့စဉ်သုံးပစ္စည်းတွေကို ထုတ်လုပ်ရမယ့် process တွေ၊ safety ဖြစ်စေမဲ့ Quality Control တွေ၊ Oil and Gas ၊ Environmental နယ်ပယ်‌တွေထိ လေ့လာရပါတယ်။ Engineering ဘာသာရပ်တွေမှာဘုံပါနေတဲ့ ဘာသာရပ်ဖြစ်တယ်လို့ တဖြည်းဖြည်း သိလာရလို့ပိုစိတ်၀င်စားလာတယ်။



(၃) လေ့လာရမယ့်ဘာသာရပ်တွေအကြောင်း အတွေ့အကြုံလေးကို ညီငယ် ညီမငယ်တွေအတွက် ဝေမျှပေးပါဦး။

ပထမနှစ်မှာ major အနေနဲ့ Organic Chemistry ကိုသင်ရပြီး မြန်မာစာ၊ Engineering နဲ့ဆိုင်တဲ့ Mathematics, English, Physics, Chemistry, Drawing တို့ကိုသင်ရတယ်။


ဒုတိယနှစ်မှာတော့ Material and Energy Balance နဲ့ Fluid Mechanics တို့ကို major အဖြစ် သင်ယူခဲ့ရတယ်။


တတိယနှစ်မှာတော့ major အနေနဲ့ Heat Transfer, Thermodynamics, Elective (food science ဒါမှမဟုတ် surface coating တစ်ခုခုကိုရွေးရတယ်)၊ Material Science‌ တွေကို လေ့လာသင်ယူရတယ်။


4th year ရောက်တော့ Particle Mechanics, Mass Transfer, Elective(Fertilizer or Polymer), Quality Control တွေ သင်ရတယ်။

ခု 5th year မှာတော့ Project Design Engineering, Automatic Process Control, Biochemical, Reaction Kinetics၊ Elective (Nanotechnology or Petrochemical)တွေသင်ရပြီး လက်တွေ့အနေနဲ့ Integrated Project တွေလုပ်ရတယ်။ စာနဲ့ practical တွဲသင်ရတယ်။


သင်ရိုး‌တွေက နှစ်အလိုက်ပြောင်းလဲမှုရှိပါတယ်။ အပေါ်က ပြောပြခဲ့တာတွေက ကျွန်မသင်ယူလေ့လာခဲ့ရတဲ့ ဘာသာတွေဖြစ်ပါတယ်။


(၄) အကယ်၍ ထပ်ဖြည့်ပြောချင်တာလေးရှိရင် ပြောပေးခဲ့ပါဦး။

Chemical Engineering ဘာသာရပ်က အသုံးချရင် အသုံးကျနိုင်တဲ့ ဘာသာရပ်ဖြစ်တဲ့အတွက် လေ့လာကြည့်ပါလို့ junior တွေကို ဖိတ်ခေါ်ချင်ပါတယ်။

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon

ANY QUESTIONS?

  • Facebook - White Circle
  • Instagram - White Circle
  • LinkedIn - White Circle
  • YouTube - White Circle

California Branch (USA)

801 Southgate Ave,

Daly City, CA 94015

(P) +1 (574) 241-1411

(E) info.usa@ysenpo.org

Yangon Branch (Myanmar)

TRE Tower, 6th Floor, Mingalar Road

South Okkalapa Township, Yangon.

(P) +95 978-222-1020

(E) info.myanmar@ysenpo.org