top of page

ဆန်းသစ်ဦး (Journalism, NMDC) နှင့်တွေ့ဆုံခြင်း





"လူငယ်အတွက် လူငယ်"လို့ အမည်ပေးကာ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့ ဘာသာရပ်ရွေးချယ်ခဲ့ဖြစ်ပုံလေးတွေကို အပတ်စဉ် အင်္ဂါနေ့နဲ့ ကြာသပတေးနေ့တို့မှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်လေးကို လုပ်ရခြင်း အကြောင်းရင်းကတော့ တက္ကသိုလ်ရွေးချယ်ခြင်းနှဲ့ ဘာသာရပ်ရွေးချယ်တဲ့အခါ အထောက်အကူပြုနိုင်စေရန် ရည်ရွယ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။


ဆန်းသစ်ဦး (Journalism, NMDC) နှင့်တွေ့ဆုံခြင်း


(၁) အမည်၊ ဘာသာရပ်၊ တက္ကသိုလ် စတာလေး မိတ်ဆက်ပေးပါဦး။


အစ်ကို့နာမည်က ဆန်းသစ်ဦးပါ။ မေဂျာကတော့ Journalism (သတင်းအတတ်ပညာ)ပါ။ ကျောင်းကတော့ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်ကပါ။


(၂) ဒီဘာသာရပ်ကို ရွေးချယ်ခဲ့ရခြင်း အကြောင်းအရင်း သို့ နှစ်ခြိုက်မိတာလေးကို ပြောပြပေးပါဦး။


အစ်ကိုက မေဂျာထက် ကျောင်းအခွင့်အလမ်းကိုကြည့်ပြီး ရွေးချယ်ဖြစ်သွားတာပါ။ JNL ကို ကြိုက်လို့တော့မဟုတ်ဘူး။ ဒါပေမယ့် သင်ယူရင်း လေ့လာရင်းနဲ့ပဲ အခုတော့ ဒီမေဂျာကို အရင်ကထက် ပိုပြီးစိတ်ဝင်စားလာပါပြီ။ ဒီမေဂျာနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေ အများကြီးကို ကျောင်းတက်ရင်းနဲ့ တဖြည်းဖြည်း သိလာရတယ်။ လုပ်ငန်းခွင်ထဲရောက်ရင်လည်း JNL Major က ကိုယ်သွားချင်တဲ့ လုပ်ငန်းခွင်မှာ အများကြီး အထောက်အကူဖြစ်ပါတယ်။


(၃) လေ့လာရမယ့်ဘာသာရပ်တွေအကြောင်း အတွေ့အကြုံလေးကို ညီငယ် ညီမငယ်တွေအတွက် ဝေမျှပေးပါဦး။


အစ်ကိုတို့ သတင်းအတတ်ပညာမေဂျာမှာ Print Media , Broadcast Media နဲ့ Online Media ဆိုပြီး အဓိက ၃ ပိုင်းရှိပါတယ်။ ဒီ ၃ မျိုးကို အခြေခံတဲ့ ဘာသာရပ်တွေကို အဓိကသင်ကြားရမှာဖြစ်ပါတယ်။


ပထမနှစ်မှာတော့ Journalism & Society, History of Journalism, Reporting & Writing ဒီဘာသာရပ်တွေကို သင်ကြားရမှာဖြစ်ပါတယ်။ သတင်းတစ်ပုဒ်ကို ဘယ်လိုယူရမယ်၊ ဘယ်လိုတည်းဖြတ်ရမယ်၊ ဘယ်လိုရေးသားရမယ်၊ အင်တာဗျူးအတွက် ဘာတွေပြင်ဆင်ရမယ်ဆိုတဲ့အချက်တွေကို အဓိက သင်ကြားရမှာဖြစ်ပါတယ်။


ဒုတိယနှစ်မှာတော့ Newspaper Journalism ဘာသာရပ်ကို သင်ကြားရမှာဖြစ်ပါတယ်။ သတင်းစာတစ်စောင်ထုတ်တဲ့အခါ လိုအပ်တဲ့ပညာရပ်တွေအကြောင်းကို သေချာလေ့လာနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Media Law, Ethics of Journalism ဘာသာရပ်တွေကိုလည်း သင်ယူရမှာဖြစ်ပါတယ်။


တတိယနှစ်မှာတော့ Radio Journalism ဘာသာရပ်ကို သင်ကြားရမှာဖြစ်ပါတယ်။ Radio သတင်းရေးခြင်း၊ Content ဖန်တီးခြင်း၊ Radio Host အတွက် လိုအပ်တဲ့ ပညာရပ်တွေနဲ့ Editing ပညာရပ်တွေကို ဒီဘာသာရပ်မှာ သင်ကြားရမှာဖြစ်ပါတယ်။ ဒါ့အပြင် Television Journalism I ဆိုတဲ့ဘာသာရပ်မှာဆိုရင်လည်း ရုပ်သံသတင်းထောက်အတွက် လိုအပ်တဲ့ပညာရပ်များ၊ ရုပ်သံသတင်းရိုက်ကူးခြင်းများ၊ Camera Shot များ၊ Composition များနဲ့ Video Editing တို့ကို အဓိကသင်ကြားရမှာဖြစ်ပါတယ်။


စတုတ္ထနှစ်မှာတော့ Television Journalism II ကို ထပ်မံသင်ကြားရမှာပါ။ ဒီဘာသာရပ်မှာဆိုရင်တော့

script ရေးသားနည်းများ၊ television presenter တွေအတွက် ရှိသင့်၊ ရှိထိုက်တဲ့ပညာရပ်တွေကို အဓိက သင်ကြားရမှာဖြစ်ပါတယ်။ ဒါ့အပြင် Interactive Journalism ဘာသာရပ်မှာလည်း Online Media နဲ့ သက်ဆိုင်တဲ့ ပညာရပ်တွေကို အသေးစိတ် သင်ကြားရမှာဖြစ်ပါတယ်။ ဒါ့အပြင် Business & Economic Reporting, Environmental Journalism, Health Journalism, Reporting Diversity စတဲ့ ဘာသာရပ်တွေကို သင်ကြားရမှာဖြစ်ပါတယ်။


Minor ဘာသာရပ်တွေအနေနဲ့ကတော့ မြန်မာစာ, Aspects of Myanmar, English, History, Geography, Psychology, Philosophy, Maths for Journalistsနဲ့ Business Management စတဲ့ဘာသာရပ်တွေကို သင်ကြားရမှာဖြစ်ပါတယ်။


(၄) အကယ်၍ ထပ်ဖြည့်ပြောချင်တာလေးရှိရင် ပြောပေးခဲ့ပါဦး။


တက္ကသိုလ်ဝင်တန်းကို ဘယ်လိုပဲ အောင်မြင်ခဲ့ပါစေ၊ ကိုယ်ရခဲ့တာကို ကိုယ်ကျေနပ်ပါ။ ရောက်တဲ့နေရာမှာ အကောင်းဆုံး ကြိုးစားသွားပါ။ ကိုယ်ကကြိုးစားနေတဲ့အတွက် အခွင့်အရေးတွေ၊ အောင်မြင်မှုပန်းတိုင်တွေကို တဖြည်းဖြည်းနဲ့ တစ်စတစ်စ တွေ့လာရပါလိမ့်မယ်။ ဘဝကပေးတဲ့ အခြေအနေတွေပေါ်မှာ ကိုယ်ဘယ်လောက်အထိ အောင်မြင်အောင် လျှောက်လှမ်းမလဲဆိုတာပဲ လိုပါတယ်။ ဇွဲ၊ လုံ့လ၊ ဝီရိယထားပြီး အရာရာတိုင်းကို ကြိုးစားရင် ဖြစ်ကိုဖြစ်ပါတယ်။ အားလပ်နေတဲ့အချိန်မှာလဲ အလကားမနေဘဲ English skill နဲ့ Digital Skills စတဲ့ ကိုယ့်အတွက် လိုအပ်မယ့် Skill တွေကို ကျွမ်းကျင်အောင် လုပ်ထားကြပါ။


Content : May Hmu Bo

Designer : Thet Wai Htun

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page