top of page

ဖြိုးသူရ‌ဌေး


မင်္ဂလာပါ YSEerတို့ရေ ❤️ ဒီတစ်ပတ် YSEerတို့ အတွက် ကျောင်းစာပြင်ပလှုပ်ရှားမှု (extracurricular activities) တွေ ဘာကြောင့် လုပ်သင့်လဲဆိုတာ ပြောပြမယ့်သူကတော့ ရန်ကုန်နည်းပညာတက္ကသိုလ်က B.E. (Chemical) ဘွဲ့ရထားပြီး လက်ရှိမှာတော့ National University of Singapore မှာ မဟာဘွဲ့တက်ရောက်နေတဲ့ ကိုဖြိုးသူရ‌ဌေးပဲ ဖြစ်ပါတယ်။ ကိုဖြိုးသူရဌေးဟာ YTU English Club ကို စတင်တည်ထောင်သူဖြစ်ပြီး ကျောင်းသားသမဂ္ဂမှာလည်း ဗဟိုအလုပ်အမှုဆောင်အဖြစ် တာဝန်ယူခဲ့ပါတယ်။ ကျောင်းသားအခွင့်အရေး လှုပ်ရှားမှုတွေအကြောင်းကို TEDxYangon 2018 မှာ လူငယ်ဟောပြောသူအနေနဲ့ မျှဝေခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ စကောလားရှစ်လျှောက်ချင်သူတွေအတွက် အင်္ဂလိပ်စာနဲ့ အခြားလိုအပ်ချက်တွေကို သင်ကြားပေးတဲ့ Scholar Mentors ဆိုတဲ့ အွန်လိုင်းစာသင်ကျောင်းတစ်ခုကို (၂၀၁၆) ခုနှစ်မှာ ပူးတွဲတည်ထောင်ခဲ့သ