ညီတေဇ (Diploma in Nautical Science, MMMC)နှင့်တွေ့ဆုံခြင်း
"လူငယ်အတွက် လူငယ်"လို့ အမည်ပေးကာ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့ ဘာသာရပ်ရွေးချယ်ခဲ့ဖြစ်ပုံလေးတွေကို အပတ်စဉ် အင်္ဂါနေ့နဲ့ ကြာသပတေးနေ့တို့မှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်လေးကို လုပ်ရခြင်း အကြောင်းရင်းကတော့ တက္ကသိုလ်ရွေးချယ်ခြင်းနှဲ့ ဘာသာရပ်ရွေးချယ်တဲ့အခါ အထောက်အကူပြုနိုင်စေရန် ရည်ရွယ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။
ညီတေဇ (Diploma in Nautical Science, MMMC)နှင့်တွေ့ဆုံခြင်း
(၁) အမည်၊ ဘာသာရပ်၊ တက္ကသိုလ် စတာလေး မိတ်ဆက်ပေးပါဦး။
ကျွန်တော့်နာမည်က ညီတေဇပါ။ Myanmar Mercantile Marine College ကပါ။ Diploma in Nautical Science နဲ့ 2019 တုန်းက ကျောင်းပြီးထားပါတယ်။
(၂) ဒီဘာသာရပ်ကို ရွေးချယ်ခဲ့ရခြင်း အကြောင်းအရင်း သို့ နှစ်ခြိုက်မိတာလေးကို ပြောပြပေးပါဦး။
အဓိက ရွေးချယ်ဖြစ်ခဲ့တဲ့အချက်ကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ဝင်နိုင်ပြီး နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံနိုင်လို့ပဲဖြစ်ပါတယ်။ နိုင်ငံတွေစုံအောင် ရောက်ဖူးချင်တဲ့ ကိုယ့်အတွက် ရေကြောင်းက အသင့်တော်ဆုံးလို့ထင်လို့ ဒီကျောင်းကို ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။
(၃) လေ့လာရမယ့် ဘာသာရပ်တွေအကြောင်း အတွေ့အကြုံလေးကို ညီငယ် ညီမငယ်တွေအတွက် ဝေမျှပေးပါဦး။
အဓိကအားဖြင့် MMMC မှာ Nautical နဲ့ Engine ဆိုပြီး ဘာသာရပ်နှစ်ခုရှိပါတယ်။ Major နှစ်ခုလုံးက သင်္ဘောတက်ဖို့ သီးသန့်ပဲဖြစ်ပါတယ်။ Nautical ဆိုတာက ရေကြောင်းသွားလာတဲ့နေရာမှာ အန္တရာယ်ကင်းကင်းသွားလာနိုင်အောင် ဆောင်ရွက်ရတာဖြစ်ပြီး Engine ကတော့ သင်္ဘောစက်ပိုင်းဆိုင်ရာဘာသာဖြစ်ပါတယ်။ တခြားဘာသာတွေအနေနဲ့ဆိုရင် English, Computer စတဲ့ Knowledge တိုးစေမယ့်ဘာသာရပ်တွေလည်း သင်ရပါတယ်။ Discussion Assignment, Presentation တွေလည်း မကြာမကြာဆိုသလို လုပ်ရပါတယ်။ နှစ်ကုန်ခါနီးရင် တစ်နှစ်လုံးသင်သမျှစာတွေကို လက်တွေ့နဲ့ယှဉ်ပြီးသိအောင် Sea Training ဆိုပြီးသင်္ဘောနဲ့ တစ်ပတ်ခရီးထွက်ကြပါတယ်။ MMMC ဟာ ယောက်ျားလေး သီးသန့်ကျောင်းဖြစ်တဲ့အတွက် ဒီကျောင်းကိုလာမယ့်ညီငယ်လေးတွေအနေနဲ့ တစ်သက်မမေ့နိုင်တဲ့ ညီအစ်ကိုလို သူငယ်ချင်းကောင်းတွေနဲ့အတူ အတွေ့အကြုံကောင်းတွေ အများကြီးကို ဖြတ်သန်းရမှာဖြစ်တဲ့အတွက် ပျော်စရာ အရမ်းကောင်းပါတယ်။
(၄) အကယ်၍ ထပ်ဖြည့်ပြောချင်တာလေးရှိရင် ပြောပေးခဲ့ပါဦး။
MMMC က အရာရှိလောင်းတွေကို Shipping Company တွေက ကျောင်းမပြီးခင်ကတည်းကလာပြီး အလုပ်ကမ်းလှမ်းကြတဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်းကတော့ ပူစရာမရှိပါဘူး။ စာသင်နှစ်ကလည်း၂ နှစ်ပဲမလို့ လုပ်ငန်းခွင်ကို အမြန်ဆုံးဝင်နိုင်ပြီး အတွေ့အကြုံတွေ အများကြီးရနိုင်ပါတယ်။ တက္ကသိုလ်ဝင်တန်းပြီးတဲ့ ညီငယ်တွေအနေနဲ့ နိုင်ငံတကာ အတွေ့အကြုံတွေလည်းရချင်၊ အလုပ်ကိုလည်း မြန်မြန်ဝင်ချင်တယ်ဆိုရင်တော့ MMMC ကိုတက်ဖို့ တိုက်တွန်းချင်ပါတယ်။
Content : May Hmu BO
Graphic : Htet Aung
Comentarios