နွေဉီးယဉ် (အင်ဂျင်နီယာဘူမိဗေဒ)နှင့်တွေ့ဆုံခြင်း

"လူငယ်အတွက် လူငယ်"လို့ အမည်ပေးကာ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့ ဘာသာရပ်ရွေးချယ်ခဲ့ဖြစ်ပုံလေးတွေကို အပတ်စဉ် အင်္ဂါနေ့နဲ့ ကြာသပတေးနေ့တို့မှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်လေးကို လုပ်ရခြင်း အကြောင်းရင်းကတော့ တက္ကသိုလ်ရွေးချယ်ခြင်းနှဲ့ ဘာသာရပ်ရွေးချယ်တဲ့အခါ အထောက်အကူပြုနိုင်စေရန် ရည်ရွယ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။

(၁) အမည်၊ ဘာသာရပ်၊ တက္ကသိုလ် စတာလေး မိတ်ဆက်ပေးပါဦး။

အမနာမည်ကတော့ နွေဉီးယဉ်ဖြစ်ပါတယ်။ အမက ရန်ကုန်တက္ကသိုလ်မှာ ဘူမိ‌ဗေဒဘာသာရပ်ကို အထူးပြု တက်ရောက်ခဲ့ပြီး B.Sc(Hons) နဲ့ဘွဲ့ယူထားပါတယ်။ အခုလက်ရှိမှာတော့ အင်ဂျင်နီယာ ဘူမိဗေဒ ဘာသာရပ်နဲ့ ဒုတိယနှစ် မာစတာတန်းကို ဆက်လက်တက်ရောက်နေပါတယ်။

(၂) ဒီဘာသာရပ်ကို ရွေးချယ်ခဲ့ရခြင်း အကြောင်းအရင်း (သို့) နှစ်ခြိုက်မိတာလေးကို ပြောပြပေးပါဦး။

ဘူမိဗေဒ ဘာသာရပ်ကို ရွေးချယ်ခဲ့ရတဲ့ အကြောင်းအရင်းကတော့ ဘူမိ‌ဗေဒဘာသာရပ်ကို စိတ်ဝင်စားလို့ တက်ရောက်ခဲ့တာဖြစ်ပါတယ်။ တက္ကသိုလ် မလျှောက်မီမှာ အမရဲ့အမေက ရန်ကုန်တက္ကသိုလ်က ဆရာမဆိုတော့ ရန်ကုန်တက္ကသိုလ်မှာ သင်ကြားနေတဲ့ ဘာသာရပ်တွေအကြောင်းကို ရှင်းပြပေးခဲ့တယ်။ အဲ့ဒါနဲ့ သိပ္ပံဘာသာရပ်တွေထဲက ဘူမိ‌ဗေဒဘာသာရပ်ကို တက်ဖို့ စိတ်ဝင်စားခဲ့ပါတယ်။ First year လောက်ကတည်းက ဒီဘာသာရပ်ကိုသင်ရတာ အရမ်းနှစ်သက်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်မသင်ဖူးတဲ့ အသစ်အဆန်းတွေကိုလည်း သင်ရသလို ဒီဘာသာရပ်က သဘာဝနဲ့လည်း နီးစပ်တယ်။ မြန်မာနိုင်ငံက သယံဇာတ ပေါများတဲ့အတွက်ကြောင့်မို့ ကျောက်တွေ၊ ရေနံတွေနဲ့ပတ်သက်ပြီး သယံဇာတအမွေအနှစ်တွေ ဘယ်လိုဖြစ်လာတယ်ဆိုတာရယ် ဘယ်လိုနေရာမျိုးတွေမှာရှိလဲ ဆိုတာတွေကို သင်ရတဲ့အတွက်ကြောင့်လည်း ပိုပြီးသဘောကျတယ်။ ဒုတိယနှစ်ကစပြီးတော့ ဘူမိဗေဒနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေကို လက်တွေ့ကျကျ သင်ယူခွင့်ရအောင်လို့ ကွင်းဆင်းလေ့လာရေးခရီးတွေလည်း ထွက်ရပါတယ်။ ဒါ့အပြင် Assignment တွေလုပ်တဲ့အခါမှာလည်း Internet ကနေ စာတွေရှာဖတ်ရင်းနဲ့ အခြားစိတ်ဝင်စားဖို့ကောင်းတာတွေကိုပါ ဖတ်ရတဲ့အတွက်ကြောင့် ဒီဘာသာရပ်ကို တဖြည်းဖြည်းနှစ်သက်လာပါတယ်။

(၃) လေ့လာရတဲ့ ဘာသာရပ်တွေအကြောင်း အတွေ့အကြုံလေးကို ညီငယ် ညီမငယ်တွေအတွက် ဝေမျှပေးပါဦး။

လေ့လာရတဲ့ ဘာသာရပ်တွေကကြတော့ First year မှာတော့ Geology မေဂျာဘာသာရပ်တွေအပြင် အခြားဘာသာရပ်တွေဖြစ်တဲ့ အင်္ဂလိပ်စာ မြန်မာစာတွေကိုပါ သင်ရပါတယ်။ Geology က သိပ္ပံဘာသာရပ်ဖြစ်တဲ့အတွက်ကြောင့် အခြား သိပ္ပံဘာသာရပ်တွေဖြစ်တဲ့ သင်္ချာ၊ ဓာတုဗေဒနဲ့ ရူပဗေဒဘာသာရပ်တွေထဲက ဘာသာရပ်တစ်ခုကို မဖြစ်မနေ သင်ရပါတယ်။ ကျန်တာတွေကတော့ Geology ရဲ့ ဘာသာရပ်တွေဖြစ်တဲ့ ဥပမာ ရေနံအကြောင်းဆိုရင် Petroleum Geology၊ Engineering Geology ဆိုတဲ့ အင်ဂျင်နီယာ ဘူမိဗေဒ၊ ကျောက်မျက်အကြောင်းကိုသင်ယူရတဲ့ Gemmology ဘာသာရပ်အပြင် Mining geology လို့ခေါ်တဲ့ မိုင်းနဲ့ပတ်သတ်တာတွေကိုလည်း သင်ခဲ့ရပါတယ်။ Geology က အရမ်းစိတ်ဝင်စားဖို့ကောင်းသိလို လက်တွေ့ဆန်တယ်။ Environmental နဲ့လည်း ဆက်လို့ရတယ်။ ပြီးတော့ လက်တွေ့အနေနဲ့ မြန်မာနိုင်ငံအတွင်းရှိ ဘယ်နေရာဘယ်ဒေသမှာ ဘယ်လိုမြေမျက်နှာသွင်ပြင်အနေထားတွေရှိတယ်၊ ဘယ်လိုကျောက်အမျိုးအစားတွေရှိလဲဆိုတာတွေရယ်၊ အဲ့ကျောက်တွေကဘယ်တုန်းက ဘယ်လိုဖြစ်ခဲ့တာလဲ၊ အဲ့တုန်းကသက်ရှိတွေရယ် ကျောက်ထဲကျန်ခဲ့တဲ့ရုပ်ကြွင်းတွေကအစ ဘယ်လိုကျောက်မျိုးက ရာသီဥတုဒဏ်ခံနိုင်လဲဆိုတာတွေကိုပါ စိတ်ဝင်စားဖွယ်လေ့လာရပါတယ်။ အမှန်တော့ ဘူမိဗေဒဟာ ဘာသာရပ်တော်တော်များများနဲ့ကို ဆက်နွယ်နေပါတယ်။ အတန်း နည်းနည်းကြီးလာရင်လည်း ငလျင်အကြောင်းတို့ Disasters အကြောင်းတွေကိုပါ သင်ရတာမို့ climate နဲ့လည်း ဆက်နွယ်နေတယ်လို့ပြောလို့ရပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ Geology ဘာသာရပ်ယူမယ်ဆိုရင်တော့ ကွင်းဆင်းလေ့လာရေးခရီးတွေကို သွားရရုံသာမကပဲ ကျောင်းမှာဆိုရင်လည်း တကယ့် လက်တွေ့ကျကျသင်ရပါတယ်။ ကျောင်းမှာက academic ပိုင်းအတွက် microscope တို့အပြင် တခြား သက်ဆိုင်ရာဘာသာရပ်တွေအတွက် ပစ္စည်းကိရိယာတွေကိုလည်း သက်ဆိုင်ရာ Lab အခန်းတွေမှာ စုံစုံလင်လင်နဲ့ ကျောင်းသားအကုန်လုံးအတွက် ထိထိရောက်ရောက် တက်မြောက်အောင် ရည်ရွယ်ပြီး လုံလုံလောက်လောက်လည်း ထားပေးထားပါတယ်။ ဒါ့အပြင် အစ်မဆိုရင် ကျောင်းအဆောင်မှာလည်း နေတဲ့အတွက်ကြောင့် Hostel Life ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရတွေ အများကြီးရှိပါတယ်။ ဒါ့ကြောင့်မို့ ရန်ကုန်တက္ကသိုလ်မှာ တက်မယ်ဆိုရင်တော့ hostel life ကိုလည်း ခံစားသင့်ပါတယ်။

(၄) အကယ်၍ ထပ်ဖြည့်ပြောချင်တာလေးရှိရင် ပြောပေးခဲ့ပါဦး။

ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသူတစ်ယောက်ဖြစ်ရတာ အရမ်းပျော်စရာကောင်းပါတယ်။ Academic အပိုင်းဆိုရင်လည်း လူနည်းနည်းလေးနဲ့ ထိထိရောက်ရောက် သင်ပေးတဲ့အတွက် အရမ်းကိုအကျိုးရှိပါတယ်။ အမတို့ ဘူမိ‌ဗေဒဘာသာရပ်မှာဆိုရင် လက်တွေ့ကွင်းဆင်းလေ့လာရတဲ့အတွက် အရမ်းထိရောက်တယ်။ ဒါ့အပြင် ကျောင်းတက်ရင်းနဲ့ မာစတာဘွဲ့တွေကို နိုင်ငံခြားမှာ တက်ရောက်ချင်တယ်ဆိုရင်လည်း အခွင့်အလမ်းတွေအများကြီးရှိပါတယ်။ ကျောင်းသင်ခန်းစာတွေအပြင် အခြားအားကစား Activity တွေသာမက မြန်မာစာဉာနမှာဆိုရင် အခမဲ့ တက်လို့ရတဲ့ ဂျပန်စာ၊ တရုတ်စာနဲ့ ကိုးရီး ယားသင်တန်း တွေလဲရှိသေးတယ်။ အဲ့ဒါတွေကြောင့် ရန်ကုန်တက္ကသိုလ် မှာတက်ရတာဆိုရင် အရမ်းကို ပျော်စရာကောင်းမှာဖြစ်ပြီး တက္ကသိုလ်ကျောင်းပြီးသွားတဲ့အခါမှာလည်း ကျောင်းသားဘဝကို လွမ်းဆွတ်ကျန်နေခဲ့ရမှာဖြစ်ပါတယ်။


Content : Shwe Yee Thet

Graphic : Htet Aung

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon

ANY QUESTIONS?

  • Facebook - White Circle
  • Instagram - White Circle
  • LinkedIn - White Circle
  • YouTube - White Circle

United States Office

2632 Lincolnway East  # 1025
Goshen, IN 46526

(P) +1 (574) 241-1411

(E) info.usa@ysenpo.org

Myanmar Office

TRE Tower, 6th Floor, Mingalar Road

South Okkalapa Township, Yangon.

(P) +95 978-222-1020

(E) info.myanmar@ysenpo.org