ဟိန်းမင်းအောင်

မင်္ဂလာပါ YSEer တို့ရေ ️ ပြီးခဲ့တဲ့တစ်ပတ်က ဘာလို့ ကျောင်းပြင်ပလှုပ်ရှားမှုတွေ (extracurricular activities) လုပ်သင့်တာလဲဆိုတဲ့ အချက်လေးတွေ ပြောပြခဲ့တာ မှတ်မိကြသေးတယ်နော်။ အခုအခါမှာတော့ ဒီလို ကျောင်းပြင်ပလှုပ်ရှားမှုတွေ လုပ်ခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိမလဲဆိုတာကို မျှဝေပေးသွားမယ့် သူတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူကတော့ ပထမနှစ်ကျောင်းသားဘဝတည်းက ပြည်တွင်း ပြည်ပ လူငယ်အဖွဲ့အစည်းများတွင်လည်း ပါဝင်လှုပ်ရှားနေပြီး စွမ်းရည်တိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွေနဲ့ စခန်းသွင်းလေ့ကျင့်မှုတွေကို စီစဉ်ကျင်းပခဲ့တဲ့ ကိုဟိန်းမင်းအောင်ပဲဖြစ်ပါတယ်။ ကိုဟိန်းမင်းအောင်ဟာ နိုင်ငံတကာ လူငယ်အစည်းအဝေးများ၊ ပြိုင်ပွဲများနှင့် အလုပ်ရုံ