top of page

ဟိန်းသူစိုး (မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်)နှင့်တွေ့ဆုံခြင်း

"လူငယ်အတွက် လူငယ်"လို့ အမည်ပေးကာ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့ ဘာသာရပ်ရွေးချယ်ခဲ့ဖြစ်ပုံလေးတွေကို အပတ်စဉ် အင်္ဂါနေ့နဲ့ ကြာသပတေးနေ့တို့မှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်လေးကို လုပ်ရခြင်း အကြောင်းရင်းကတော့ တက္ကသိုလ်ရွေးချယ်ခြင်းနှဲ့ ဘာသာရပ်ရွေးချယ်တဲ့အခါ အထောက်အကူပြုနိုင်စေရန် ရည်ရွယ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။


(၁) အမည်၊ ဘာသာရပ်၊ တက္ကသိုလ် စတာလေး မိတ်ဆက်ပေးပါဦး။

ကျွန်တော့်နာမည်က ဟိန်းသူစိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှာ Port and Habour Engineering (PH) Major နဲ့ ဒုတိယနှစ် တက်ရောက်နေပါတယ်။


(၂) ဒီဘာသာရပ်ကို ရွေးချယ်ခဲ့ရခြင်း အကြောင်းအရင်း သို့ နှစ်ခြိုက်မိတာလေးကို ပြောပြပေးပါဦး။

PH major က Civil engineering နဲ့ တော်တော်တူတယ်။ Civil မှာ building တွေ ဆောက်ရတဲ့နေရာမှာ PH က ဆိပ်ကမ်းဆောက်ရတာဆိုတော့ တော်တော်ဆင်တယ်။ အဓိကအချက်ကတော့ အလုပ်ဝင်ဖို့ တော်တော်လေး လွယ်ကူတယ်။ အခုလည်း PH major က ရေကြောင်းမှာ trend ဖြစ်တယ် အလုပ်လည်းများတော့။ တစ်ခြား major တွေလည်း တော်တော်လေး ဝင်ငွေကောင်းတယ်။ ဒါပေမယ့် academic တစ်မျိုးထဲ အရမ်းဆန်ပြီး PH လို အလုပ်မှာ flexible ဖြစ်ဖို့ခက်တယ်။ (civil ဖက် ပြောင်းလုပ်တာမျိုးပေါ့။)


(၃) လေ့လာရမယ့်ဘာသာရပ်တွေအကြောင်း အတွေ့အကြုံလေးကို ညီငယ် ညီမငယ်တွေအတွက် ဝေမျှပေးပါဦး။

1st year မှာ တော့ minor တွေပဲ။ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ Computer science တို့ပါတယ်။ PH မှာက second year မှာစပြီး Major စပါတယ်။ နောက်ပိုင်းမှာ structure အပိုင်းတွေ Civil related ကော Port ဆောက်ရာမှာ ရေနဲ့ပတ်သက်တဲ့ ဘာသာရပ်တွေ ပါတယ်။ ကုန်းပိုင်းရော ရေပိုင်းရော ပါတဲ့ Major ပေါ့။


(၄) အကယ်၍ ထပ်ဖြည့်ပြောချင်တာလေးရှိရင် ပြောပေးခဲ့ပါဦး။

MMU SU မှာလည်း Major တစ်ခုချင်းစီ orientation တွေ လုပ်ပေးနေတော့ page မှာဝင်ကြည့်ဖို့ recommend ပေးပါတယ်။

https://www.facebook.com/myanmarmaritimeuniversitystudentsunion/

ရေကြောင်းတက္ကသိုလ်က အလုပ်ရနိုင်ခြေတော်တော်များပါတယ်။ တက္ကသိုလ်က သူတစ်ခုတည်း ရှိတာလည်းပါတာပေါ့။ ISO လည်း ရထားတယ်။ သန်လျင်မှာဆိုတော့ နည်းနည်းတော့ဝေးတယ်။ အကွာအဝေးကလွဲရင် academics extracurricular ကော တော်တော် ကောင်းတဲ့အထဲမှာ ပါပါတယ်။ ကိုယ်က အတွက်အချက် စိတ်ဝင်စားတယ်ဆို တော်တော် လာသင့်ပါတယ်။


Content : Tint Tharawun

Graphic : Htet Aung

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page