မအိကြာဖြူ (ဆေးတက္ကသိုလ် (၁) ရန်ကုန်)နှင့်တွေ့ဆုံခြင်း


"လူငယ်အတွက် လူငယ်"လို့ အမည်ပေးကာ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့ ဘာသာရပ်ရွေးချယ်ခဲ့ဖြစ်ပုံလေးတွေကို အပတ်စဉ် အင်္ဂါနေ့နဲ့ ကြာသပတေးနေ့တို့မှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်လေးကို လုပ်ရခြင်း အကြောင်းရင်းကတော့ တက္ကသိုလ်ရွေးချယ်ခြင်းနှဲ့ ဘာသာရပ်ရွေးချယ်တဲ့အခါ အထောက်အကူပြုနိုင်စေရန် ရည်ရွယ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။


(၁) အမည်၊ ဘာသာရပ်၊ တက္ကသိုလ် စတာလေး မိတ်ဆက်ပေးပါဦး။

- မအိကြာဖြူ၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ဒုတိယနှစ်။


(၂) ဒီဘာသာရပ်ကို ရွေးချယ်ခဲ့ရခြင်း အကြောင်းအရင်း သို့ နှစ်ခြိုက်မိတာလေးကို ပြောပြပေးပါဦး။

- ဆေးကျောင်းဘာလို့တက်လဲဆိုတော့ စိတ်ဝင်စားလို့ပါ။ အိမ်က အမေနားပူတာလည်း ပါ‌တာပေါ့။ ကိုယ် ၇ တန်းလောက်ပဲရှိတုန်းက ဆေးကျောင်းစတက်နေတဲ့ အစ်မကိုကြည့်ပြီး အရမ်းအားကျပါတယ်။ စာလည်းလုပ်ပြီး သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးနေတာတွေရော အရောင်စုံ‌နေတဲ့ အစ်မ ဘီဒိုကြီးကိုကြည့်ပြီး ငမ်းခဲ့ရတာပါ။ ပြီးတော့ ဆေးပညာရပ်ကို စိတ်ဝင်စားလို့ပါ။ ငယ်ငယ်ကဖျားရင် ဆေးသောက်ပြီး‌ ပျောက်တာလောက်ပဲ ခေါင်းထဲရှိတာပါ။ ကြီးလာတော့ ငါ့ခန္ဓာကိုယ်က ဘာချို့ယွင်းနေပြီး ဘာတွေဖြစ်နေလို့ ဒီဆေးကကော ဘာတွေပါပြီး ဘာအကျိုးတွေရှိလို့ ဖျားတာကိုပျောက်အောင် လုပ်ပေးနိုင်ရတာလဲလို့ တွေးမိလာပြီး သိလည်းသိချင်လာပါတယ်။ ငါမဟုတ်တဲ့ ဖျားနေတဲ့တခြားတစ်ယောက်က ဒီဆေးကို အတူတူပဲ ငါနဲ့သောက်ရင်ကော ပျောက်မှာလားဆိုတာမျိုးပေါ့။ အဲဒီလို အဲဒီလို အသေးစိတ် သိချင်တာရယ် ဆယ်တန်းပြီးရင် တက္ကသိုလ်ဆိုတာ လွယ်လွယ်လေးဆိုတဲ့ ပတ်ဝန်းကျင်ရဲ့ အား‌ပေးမှုတွေကို နားယောင်ပြီးတော့ရယ် ဆေးကျောင်းကို ရောက်လာ‌တာပါ။


(၃) လေ့လာရမယ့် ဘာသာရပ်တွေအကြောင်း အတွေ့အကြုံလေးကို ညီငယ် ညီမငယ်တွေအတွက် ဝေမျှပေးပါဦး။

- အတွေ့အကြုံအကြောင်း ပြောရမယ်ဆိုရင် ကိုယ်တွေတုန်းက First MB မှာသင်ရတာ ၇ ဘာသာပါ။ အခု Foundation Year က ဘာသာရပ်တွေအကြောင်းတော့ ဂဃနဏ မသိပါဘူး။ သင်ခဲ့ရတဲ့ ၇ ဘာသာက Myanmar, English, Maths, Chemistry, Physics, Zoology, Botany ပါ။ ဆယ်တန်းတုန်းက Bio ကို အပင်နဲ့ အကောင်တွေဆိုပြီး သပ်သပ်ဆီ ၂ ခု ခွဲထားတာမျိုးပါ။


ကိုယ်တွေတုန်းက Theory Test ၃ ခု၊ Practical Test ၂ ခု၊ Final Theory, Final Practical ဆိုပြီး ဖြေခဲ့ရတာပါ။ Test-1 မှာ CA ( Continuous Assessment) ဆိုပြီးတော့ပါထည့်ထားပြီး အမှတ်လည်းယူပါတယ်။ CA မှာက presentation တွေ group project တွေ Group discussion တွေ လုပ်ခဲ့ရပါတယ်။ ဒါတွေအပြင် တစ်ပတ်ကို ၂ ချိန်နှုန်းနဲ့ PPD prgram ကို ထည့်ထားပါတယ်။ Professional and Personal Development program ပါတဲ့။ ဘာသာရပ်တွေအကြောင်း အရင်စပြောပြပါမယ်။

မြန်မာစာက ... သူများတွေ ကြိုက်လား မကြိုက်လား မသိပေမယ့် ကိုယ်ကတော့ ပျင်းပါတယ်။ သဒ္ဒါရယ် ကဗျာရယ် စကားပြေရယ်ဆိုပြီး ၃ ခုရှိမယ်ထင်တယ်။ သဒ္ဒါကိုတော့ ကျက်ပါတယ်။ မှတ်ရမယ့် pattern လေးတွေ မှတ်ပါတယ်။ ကဗျာရော စကားပြေရော မေးခွန်းတိုဖြေရပါတယ်။ ဒါလေးကတော့ မကျက်ချင်ကျက်ချင်ကျက်ပါတယ်။ အထစ်အထစ်ပါပဲ။ စာမေးပွဲရောက်လို့ own tune သွားတာလည်းရှိတယ်။ ကဗျာကိုစကား‌ပြေပြန်ခိုင်းတာ‌တွေနဲ့ စကားပြေကနေ အတွေးအမြင်ကို‌ရေးရတာတွေ၊ စာရေးသူရဲ့ရည်ရွယ်ချက်တွေဆိုပြီးတော့ အပုဒ်ရှည်တွေမေးပါတယ်။ ဒါ‌တွေကတော့ လုံးလုံးကို မကျက်ပါဘူး။ ကဗျာတစ်ပုဒ်လုံး၊ စကားပြေတစ်ပုဒ်လုံးကို ၂ ခေါက်ဖတ်တယ်၊ ပြီးရင် sample ရေးတာတာ တစ်ခေါက်ဖတ်တယ်၊ အဲဒါပဲ လုပ်ခဲ့တာပါ။ စာမေးပွဲ‌ရောက်မှ own tune ချတာပါ။ မြန်မာစာကတော့ တကယ့် 1 sub 1 night ပါ။ Test တိုင်းရော Final မှာပါ ဒီတိုင်းပါပဲ။ Final မှာတော့ စာစီစာကုံးပါမေးပါတယ်။ ထုံးစံအတိုင်းပါ ရွှီးပါတယ်။ သူ့ဟာသူ‌တော့ အမှတ်က ၆၀ ၊ ၇၀ ရနေတာပါပဲ။ CA မှာ မြန်မာစာကတော့ ထွေထွေထူးထူး မဟုတ်ပါဘူး။ Small group လေးတွေခွဲပြီး ဖတ်စာအုပ်ထဲက လေ့ကျင့်ခန်းလေးတွေလုပ်ခိုင်းရုံပါ။


English ... ပြောရမယ်ဆိုရင် ကိုယ့်အတွက်တော့ ဘယ်လောက်ရုန်းရုန်း D မထွက်တဲ့ဘာသာပါ။ သူလည်း 1 sub 1 night လုပ်ခဲ့တာပါပဲ။ Test-1 က D အမှတ်နားကပ်ခဲ့လို့ ငါတော့ D ထွက်ရချည်ရဲ့ဆိုပြီး Test-2 မှာ နည်းနည်း ကြိုကြည့်မိပါတယ်။ ၇ ထိပ်စည်းအမှတ်က ၅ ထိပ်စည်းအမှတ် ဖြစ်သွားပါတယ်။ စိတ်နာလို့ပစ်ထားပြီး Test-3 one sub one night ပဲ လုပ်ပါတယ်။ ၆ ထိပ်စည်းအမှတ်ပြန်ဖြစ်သွားပါတယ်။ ဆန်းကြယ်လိုက်တာရှင်။ CA မှာရော ပုံမှန်ဖြစ်သွားတော့ရော English က four skills သင်တာပါ။ ဆရာမတွေကလည်း English လိုပြောပြီး သင်ပေးတာပါ။ CA တုန်းကတော့ ပိုပျော်ဖို့ကောင်းပါတယ်။ Group presentation တွေ လုပ်ရပါတယ်။ Pamphlet တွေလည်း လုပ်ရပါတယ်။


Maths ... 1st MB က ဘာသာတွေထဲမှာ အကြိုက်ဆုံး၊ အပျော်ဆုံးပါ။ ထွေထွေထူးထူး ကျက်စရာ၊ မှတ်စရာမလိုဘဲ တစ်ပုဒ်ကို သဘောတရားနားလည်ပြီး pattern သိသွားရင် တော်တော်များများ ရတာမို့လို့ပါ။ 1st MB တုန်းက စာကျက်တဲ့အချိန်ထက် သင်္ချာ ထိုင်တွက်နေတဲ့အချိန်က ပိုများပါတယ်။ အခက်အခဲဖြစ်ခဲ့တဲ့အပိုင်းကတော့ Permutations and Combination ပါ။ ဒါလည်းတွက်ပါများရင် အဆင်ပြေသွားပါတယ်၊ ခွဲတတ်သွားပါတယ်။ CA တုန်းကတော့ assignment တွေထပ်ရပါတယ်။ Maths ကိုတော့ လွယ်တယ်လို့ထင်ပါတယ်။


Chemistry ... ကိုယ်ကတော့ နည်းနည်း‌လေး ပျင်းပါတယ်။ Organic Chemistry and Inorganic chemistry ဆိုပြီး ၂ မျိုးသင်ရတာပါ။ ကိုယ့်အတွက်တော့ Organic Chemistry က ပိုလွယ်ပါတယ်။ Practical လုပ်ရပါတယ်။ Practical Test-1, Practical Test-2 နဲ့ Final Practical တွေမှာ ဖြေရပါတယ်။ Practical မှာ Titration(Test-1) နဲ့ Unknown Compound (Test-2) and Both for final ဆိုပြီးတော့ လုပ်ရတာပါ။ Practical Test တွေမှာ မဲနှိုက်ပြီးတော့ seat ရွေးရပါတာ်။ မှတ်မှတ်ရရက practical test-2 မှာပါ။ ကိုယ်‌တွေတစ် squad လုံးနီးပါး Table တူတူပါပဲ။ Table တစ်ခုမှာ ၈ ယောက် ထိုင်ရပါတယ်။ အဲထဲမှာ ၁ ယောက်လား ၂ ယောက်လားပဲ တူညီတဲ့ compound ကိုရမှာပါ။ ဒါပေမယ့် ကိုယ်တွေ Table မှာ methanol ချည်းပဲ ၅ ယောက် ရနေပါတယ်။ အမှတ်ထွက်လာတော့လည်း ထင်တဲ့အတိုင်းပါပဲ။ တစ်ကျောင်းလုံးနီးပါး Distinction ထွက်တဲ့ Practical Test-2 မှာ ကိုယ်တွေ ၅ ယောက်က မျက်နှာငယ်ငယ်လေးနဲ့ပါ။ CA တုန်းကတော့ Presentation တွေ Discussion တွေ အများကြီးလုပ်ရပါတယ်။

Physics ... Theory ရော Practical ရော ပျော်ဖို့ကောင်းပါတယ်။ Theory test တွေမှာ ဆရာရဲ့ မေးခွန်းလှလှလေးတွေကြိုက်ပါတယ်။ လွယ်လည်းလွယ် တွေးလည်း တွေးရတာမျိုးလေးတွေပါ။ Practical Test-1, Test-2 and Final practical မှာ မဲနှိုက်ပြီး seat ရွေးရပါတယ်။ ကိုယ်တိုင်လုပ်ရတဲ့ Practical တွေပါ။ ကိုယ့်အတွက်အခက်ဆုံး Practical က law of moment ပါ။ သူလည်းဒီလိုပါပဲ CA တုန်းက Presentation တွေနဲ့ပါ။


Zoology ... second most favorite subject ပါ။ Theory ကတော့ ကျက်ရပါတယ်။ plain ကျက်တာထက် ... နားလည်အောင် စာနည်းနည်းပါးပါး ရှာဖတ်ပြီးမှတိတာ ကျက်တာက ခေါင်းထဲပိုစွဲမယ်ထင်ပါတယ်။ ဖြေရင် ပုံဆွဲဖြေရတာတွေ ရှိပါတယ်။ Practical က အကောင်တွေရဲ့ အစိတ်အပိုင်းတွေကိုကြည့်ရတာကော၊ Microscope နဲ့ကြည့်ရတာတွေကော ပါပါတယ်။ slides တွေက‌ေရာတတ်ပါတယ်။ အကြိမ်များများကြည့်ရင် အဆင်ပြေပါတယ်။ slides တွေကြည့်နေရင်းနဲ့ စာပါတွဲကျက်တာ တော်တော် အဆင်ပြေပါတယ်။ တူတူပါပဲ၊ CA မှာ presentation တွေပါ။


Botany ... အပင်တွေအကြောင်းပါ၊ Genus Species Family English name Myanmar name ကျက်ရတဲ့ chapter ကို စိတ်အညစ်ဆုံးပါ။ ပုံဆွဲပြီးဖြေရတာတွေလည်း ရှိပါတယ်။ Practical ကတော့ ကိုယ်တိုင် လုပ်ရတာတွေကော။ Specimen ပြတာတွေကော၊ Microscope ကြည့်ရတာတွေကော အစုံပါပဲ။ ဆန်စေ့ကိုဝါးရတာတောင်ပါ၊ပါတယ်။


Maths, Chemistry, Physics, Zoology, Botany ကိုတော့ one sub one night မလုပ်ခဲ့ပါဘူး။ လုပ်လို့လည်း ရမယ် မထင်ပါဘူး၊ အနားနီးမှလုပ်ရင် စာများလို့ ခေါင်းထဲ ဝင်မယ်မထင်ပါဘူး။ Practical Test ဖြေရတဲ့ ဘာသာတိုင်းက seat ကိုမဲနှုက်ပြီး ကိုယ့်နေရာမှာချထားတဲ့ Practical ကိုလုပ်ရတာပါ။ ပြီးရင် CA မှာ ဒီဘာသာတွေက အပင်ပန်းဆုံးပါ။ တစ်ရက်ထဲကိုတောင် Presentation ၂ ခု တိုက်တတ်လို့ပါ။ ကျောင်းလစ်လားဆိုရင် လစ်ပါတယ်။ မျှပြီးလစ်ပါတယ်။ 100% ပြည့်တဲ့လဆိုတာ မရှိခဲ့ပါဘူး။


PPD ... ကျောင်းမှာ လာပြီးတော့ Department အသီးသီးကလာပြီး Discussion ဖြစ်ဖြစ်၊ Department အကြောင်း လာ‌ေပြာပြတာပဲဖြစ်ဖြစ် လုပ်တာပါ။ ကျောင်းသားတွေ Presentation လုပ်ရတဲ့ Weeks တွေလည်း ရှိပါတယ်။ တိုင်းရင်းသားကျေးရွာသွားပြီးတော့လည်း လူမျိုးတွေအကြောင်း Presentation လုပ်ခဲ့ရပါတယ်။ The Best part of the PPD program was the HOSPITAL VISIT ပါ။ အပတ်တိုင်း ဆေးရုံတွေက Department တွေဆီကို 15-20 students per groups နဲ့သွားလေ့လာရတာပါ။ လူနာတွေနဲ့လည်း စကားပြောရပါတယ်။ ပျော်ဖို့ကောင်းပါတယ်။ Hospital Visit အကြောင်း Reflective writing လည်းရေးရပါတယ်။ First MB အောင်ပြီး Second MB ရောက်တော့ ၃ ဘာသာသင်ရပါတယ်။ Anatomy, Physiology and Biochemistry ပါ။


Anatomy က လူ့ခန္ဓာကိုယ်အကြောင်း လေ့လာကတဲ့ဘာသာပါ။ Practical ပါ,ပါတယ်။ Histology ပါ။ slides တွေရောတတ်ပါတယ်။ များများကြည့်ပေးရင် အဆင်ပြေပါတယ်။ Dissection Room ဝင်ရပါတယ်။ အကြိုက်ဆုံးဘာသာပါ။ အပျော်ဆုံးပါ။ ဒီလိုတွေပြောလို့ ကိုယ် အမှတ် မကောင်းပါဘူး။ ၃ ဘာသာမှာ အမှတ် အနည်းဆုံးပါ။ ဒီနေရာမှာဒါရှိတယ် ဆိုတာမျိုးကို အသေမှတ်ပြီးကျက်ရတာမျိုးပါ။


Physiology ကတော့ Body မှာဖြစ်ပျက်နေတဲ့ Process တွေကိုလေ့လာရတာပါ။ အဆင်ပြေပါတယ်။ သဘောတရားနားလည်းရင် ဖြေလို့ရပါတယ်။ Practical ပါ,ပါတယ်။ ကိုယ်တိုင်လုပ်ရတာပါ။ BP တိုင်းတာတွေ Blood film ဆွဲရတာတွေပါပါတယ်။


Biochemistry ကတော့ Neutral ပါ။ စိတ်ဝင်စားတာလည်းမဟုတ်သလို ပျင်းတာလည်းမဟုတ်ပါဘူး။ သဘောတရားလည်း နားလည်ရပြီးကျက်လည်း ကျက်ရတဲ့ဘာသာမျိုးပါ။ Practical ပါ,ပါတယ်။ ဒါလည်း ကိုယ်တိုင်လုပ်ရတာမျိုးပါ။


Second MB မှာ Theory Test 4 ခု, Test-5 being the practical test, Final theory, final practical ဆိုပြီးဖြေရတာပါ။ တစ်နှစ်လုံးစာသင်ထားတဲ့ Practical ကို Test-5 ရောက်မှ ဖြေရတာပါ။ 2nd MB ကို‌တော့ ၁ နှစ်ခွဲတက်ရပါတယ်။


Content : Tint Tharawun

Graphic : Htet Aung

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon

ANY QUESTIONS?

  • Facebook - White Circle
  • Instagram - White Circle
  • LinkedIn - White Circle
  • YouTube - White Circle

California Branch (USA)

801 Southgate Ave,

Daly City, CA 94015

(P) +1 (574) 241-1411

(E) info.usa@ysenpo.org

Yangon Branch (Myanmar)

TRE Tower, 6th Floor, Mingalar Road

South Okkalapa Township, Yangon.

(P) +95 978-222-1020

(E) info.myanmar@ysenpo.org