top of page

မအေးချမ်းပွင့်ဖြူ (Electronic Engineering)နှင့်တွေ့ဆုံခြင်း

"လူငယ်အတွက် လူငယ်"လို့ အမည်ပေးကာ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့ ဘာသာရပ်ရွေးချယ်ခဲ့ဖြစ်ပုံလေးတွေကို အပတ်စဉ် အင်္ဂါနေ့နဲ့ ကြာသပတေးနေ့တို့မှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်လေးကို လုပ်ရခြင်း အကြောင်းရင်းကတော့ တက္ကသိုလ်ရွေးချယ်ခြင်းနှဲ့ ဘာသာရပ်ရွေးချယ်တဲ့အခါ အထောက်အကူပြုနိုင်စေရန် ရည်ရွယ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။


မအေးချမ်းပွင့်ဖြူ (Electronic Engineering)နှင့်တွေ့ဆုံခြင်း



(၁) အမည်၊ ဘာသာရပ်၊ တက္ကသိုလ် စတာလေး မိတ်ဆက်ပေးပါဦး။

အစ်မ နာမည်ကတော့ အေးချမ်းပွင့်ဖြူပါ။ အခုလက်ရှိ သန်လျင်နည်းပညာတက္ကသိုလ်မှာ Electronic Engineering မေဂျာနဲ့ နောက်ဆုံးနှစ် တက်ရောက်နေပါတယ်။


(၂) ဒီဘာသာရပ်ကို ရွေးချယ်ခဲ့ရခြင်း အကြောင်းအရင်း (သို့) နှစ်ခြိုက်မိတာလေးကို ပြောပြပေးပါဦး။

ဆယ်တန်းအမှတ်စာရင်းသိပြီးခါစအချိန်မှာ အမှတ်မီတဲ့တက္ကသိုလ်တွေ အကုန်လျှောက်ခဲ့တယ်။ နည်းပညာတက္ကသိုလ် (သန်လျင်)ကိုဝင်ခွင့်ရတော့ အင်ဂျင်နီယာဆိုရင် Civil နဲ့ Archi လို့ပဲသိခဲ့တဲ့အရွယ်မှာ EC ဆိုတာကို တစ်ဝမ်းကွဲအစ်ကို ပြောပြမှ သိခဲ့တာပါ။ အစ်ကိုကတော့ မိန်းကလေးအနေနဲ့ဆိုရင် EC က သင့်တော်တယ်လို့ အကြံပေးခဲ့တယ်။ Sim Card တွေ ပေါပေါလောလော သုံးလာနိုင်တဲ့ကာလမှာ Telecom ကုမ္ပဏီတွေမှာ အလုပ်လျှောက်လို့ရတယ်လို့ အစ်ကိုက မြင်သာအောင်ပြောပြပေးခဲ့တော့ တခြားသူတွေက EC ကဘာလဲလို့မေးရင် စမတ်ဖုန်း တွေ အင်တာနက်လိုင်းချိတ်ဆက်ပေးတာတွေကို EC လို့ပြန်ဖြေနိုင်ခဲ့တယ်။ EC ကျောင်းသူတစ်ယောက်ဖြစ်ရတာ ဂုဏ်ယူတတ်လာတယ်ဆိုပါတော့။


(၃) လေ့လာရတဲ့ ဘာသာရပ်တွေအကြောင်း အတွေ့အကြုံလေးကို ညီငယ် ညီမငယ်တွေအတွက် ဝေမျှပေးပါဦး။


တကယ်တမ်း တက္ကသိုလ်မှာသင်ရတဲ့အခါ EC ကထင်ထားတာထက် အများကြီးပိုကျယ်ပြန့်တာကို သိခဲ့ရပါတယ်။ ပထမနှစ်မှာတော့ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ Drawing၊ Basic Electronic ဆိုပြီးသင်ရတယ်။ နောက်ပိုင်းနှစ်တွေမှာ Microwave, Antenna, Circuit အလုပ်လုပ်ပုံတွေ၊ Programming Language အချို့၊ Networkingတွေ၊ စက်ရုံတွေမှာသုံးတဲ့ PLC Programming အကြောင်းတွေ၊ Digital Signal Processing၊ Digital Control Systems အကြောင်းတွေ၊ Communication Principle၊ 2G, 3G, 4G, LTE အဆင့်ဆင့်ပြောင်းလဲတိုးတက်လာတဲ့အကြောင်းတွေနဲ့ Industrial Management စတဲ့ဘာသာရပ်တွေကို နှစ်အလိုက်သင်ခဲ့ရတယ်။ နောက်ဆုံးနှစ်ပြီးလို့ ဘွဲ့ရတဲ့အခါ ကိုယ်သွားချင်တဲ့လမ်းကြောင်းကို သေချာပြန်စဥ်းစားရွေးချယ်ရတယ်။


(၄) အကယ်၍ ထပ်ဖြည့်ပြောချင်တာလေးရှိရင် ပြောပေးခဲ့ပါဦး။


Subject branch တွေအများကြီးကို ယေဘုယျသင်ခဲ့ရတော့ Specific Career ကိုပြန်ရွေးတဲ့အခါ ကိုယ်ဝါသနာပါတာနဲ့လုပ်နေတာနဲ့ ထပ်တူမကျတာမျိုး၊ ကိုယ်အစကရွေးချယ်ထားတဲ့ ဘာသာရပ် လမ်းကြောင်းက တကယ်တမ်းလက်တွေ့မှာ ခေတ်ရေစီးကြောင်းနဲ့ပြန်ကြည့်ရင် နောက်ကျကျန်ရစ်ခဲ့တာမျိုးတွေကြုံရတဲ့အခါ သင်ရိုးစာအုပ်အပြင်ကိုယ့်ဘာသာကိုယ် ထပ်ပြီးလေ့လာရတာတွေရှိလာတယ်။ ဒါပေမယ့် ဒါကစိတ်ပူပြီး ကြောက်လန့်သွားရမယ့်ကိစ္စတော့မဟုတ်ပါဘူး။ ကိုယ့်ရှေ့က ဆရာသမားတွေ စီနီယာ‌တွေ ထပ်တူကြုံတွေ့ခဲ့ရတဲ့သူတွေဆီက အကြံဉာဏ်တွေ နည်းလမ်းတွေ မေးမြန်းလို့ရတယ်။ ဆိုတော့ တက္ကသိုလ်ကျောင်းသား ဘဝက အထက်တန်းကျောင်းသားဘဝ နဲ့ကွာသွားတာက ကိုယ့်ရဲ့ လူမှုပေါင်းသင်းဆက်ဆံရေးလို့ဆိုရမှာပဲ။ ကိုယ့်ရဲ့ အနာဂတ် အသက်မွေးဝမ်းကြောင်းအတွက် ကြိုတင်ပြင်ဆင်တဲ့နေရာမှာ ကျောင်းစာအပြင် ပြင်ပလှုပ်ရှားမှုတွေလည်း တတ်နိုင်သလောက် အကျိုးရှိရှိ ပါဝင်ဆောင်ရွက်ထားစေချင်ပါတယ်။ ဒါဆိုရင် တက္ကသိုလ်ကဘွဲ့ရပြီးတဲ့အခါ လုပ်ငန်းခွင်ဝင်ဖို့ပိုပြီးလွယ်ကူသွားပါလိမ့်မယ်လို့ အားပေးစကားပြောချင်ပါတယ်။


အစ်မတို့မေဂျာနဲ့ တက္ကသိုလ်ရဲ့အကြောင်းကို ပိုပြီးသိချင်တဲ့သူတွေအတွက် Page link လေးတွေပါ ဝေမျှလိုက်ပါတယ်ရှင့်။


Thanlyin Technological University page

https://www.facebook.com/tuthanlyin/


Thanlyin Technological University Students Union page

https://www.facebook.com/ttusu.official/


TTU EC Department page

https://www.facebook.com/Electronic-Engineering-Department-Technological-University-Thanlyin-177496706133986/


TTU EC Family students page

https://www.facebook.com/ttu.ec.family/


Content - Kaung Htet

Graphic - Htet Aung

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page