top of page

𝐇𝐚𝐩𝐩𝐲 𝟏𝟏𝐭𝐡 𝐲𝐞𝐚𝐫 𝐀𝐧𝐧𝐢𝐯𝐞𝐫𝐬𝐚𝐫𝐲 𝐭𝐨 𝐘𝐒𝐄🎉🎊🥳



လူငယ်တွေအတွက် ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး အစရှိတဲ့ နယ်ပယ်အသီးသီးမှာ ဖွံ့ဖြိုးတိုးတက်အောင် တစ်ဖက်တစ်လမ်းကနေ ကူညီထောက်ပံံ့ပေးနေတဲ့ အမေရိကားအခြေစိုက် 𝐘𝐨𝐮𝐭𝐡 𝐒𝐨𝐜𝐢𝐞𝐭𝐲 𝐟𝐨𝐫 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝟓𝟎𝟏(𝐜)(𝟑) 𝐍𝐨𝐧-𝐏𝐫𝐨𝐟𝐢𝐭 𝐎𝐫𝐠𝐚𝐢𝐧𝐳𝐚𝐭𝐢𝐨𝐧 အဖွဲ့အစည်းဟာ ဒီနေ့မှာတော့ (၁၁) နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်

𝐘𝐒𝐄 ဆိုတာ လူငယ်တွေအတွက် ကူညီအားပေးတဲ့ ခရီးနှင်လာခဲ့တဲ့ အဖွဲ့အစည်းတစ်ခုပါ


ဒီခရီးကို စတင်လာခဲ့သူဟာ 𝐘𝐒𝐄ရဲ့ 𝐅𝐨𝐮𝐧𝐝𝐞𝐫လည်းဖြစ် 𝐂𝐄𝐎လည်းဖြစ်သူ 𝐃𝐫. 𝐊𝐲𝐚𝐰 𝐓𝐮𝐧 𝐍𝐚𝐢𝐧𝐠 ဖြစ်ပါတယ်

𝐃𝐫. 𝐊𝐲𝐚𝐰 𝐓𝐮𝐧 𝐍𝐚𝐢𝐧𝐠 ဟာ မြန်မာနိုင်ငံကနေ အမေရိကားကို ပြောင်းလာချိန်မှာ ပညာရေးကွာဟချက်တွေကိုတွေ့ရှိပြီး မြန်မာနိုင်ငံရဲ့ 𝐐𝐮𝐚𝐥𝐢𝐭𝐲 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 အတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်မယ်လို့ ဆုံးဖြတ်ခဲ့ပြီး 𝐘𝐒𝐄 ကို စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်

သူဟာ အထက်တန်းတက်ရောက်နေစဉ်အတွင်းမှာ 𝐈𝐦𝐦𝐢𝐠𝐫𝐚𝐧𝐭 ကျောင်းသား တွေအတွက် 𝐓𝐮𝐭𝐨𝐫𝐢𝐧𝐠 𝐏𝐫𝐨𝐠𝐫𝐚𝐦 ကို လုပ်ဆောင်ခဲ့ပါတယ်

နောက်ပိုင်းမှာတော့ ဝေးလံခေါင်ဖျားပြီး ကျောင်းတက်ဖို့ ခက်ခဲတဲ့ ဒေသက ကလေးတွေအားလုံးကိုလည်း တန်းတူညီမျှတဲ့ပညာရေးကို ပေးနိုင်ဖို့ရာ 𝐘𝐒𝐄 ကိုတည်ထောင်ခဲ့ပါတယ်


$𝟐𝟎 နဲ့စတင်ခဲ့တဲ့ ဒီအဖွဲ့အစည်းလေးဟာ တဖြည်းဖြည်းနဲ့ လူ့ဘောင်အဖွဲ့အစည်း တိုးတက်ရေးအတွက် အမြို့မြို့အနယ်နယ်က လူငယ်တွေ အားပေးကူညီသူတွေ လှူဒါန်းသူတွေများလာပြီး 𝐏𝐫𝐨𝐣𝐞𝐜𝐭 အများကြီးကို ဖန်တီးလာနိုင်ခဲ့ပါတယ်

𝐘𝐒𝐄 𝐕𝐨𝐥𝐮𝐧𝐭𝐞𝐞𝐫 တွေ ပေါင်းစုအဖြေရှာရင်း စာဖတ်ဖို့ခက်ခဲတဲ့ ဒေသတွေမှာ စာကြည့်တိုက်တွေ တည်ဆောက်ပေးတာ၊ ကျောင်းစာသင်ဆောင်၊ 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 တည်ထောင်ပေးတာတွေလည်းရှိသလို အများအကျိုးအတွက် ကူညီပေးနေတဲ့ လူငယ်တွေကို 𝐎𝐮𝐭𝐬𝐭𝐚𝐧𝐝𝐢𝐧𝐠 𝐀𝐰𝐚𝐫𝐝 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩တွေ ပေးတာမျိုးတွေလည်း လုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်


ဒါ့အပြင် အခုဆိုရင် 𝐎𝐧𝐥𝐢𝐧𝐞 ကိုအသုံးပြုပြီးတော့ လူငယ်တွေအတွက် အကျိုးရှိစေမယ့် 𝐩𝐫𝐨𝐠𝐫𝐚𝐦 တွေကိုလည်း ဖန်တီးပေးနေပါတယ်

𝐕𝐢𝐝𝐞𝐨 𝐂𝐨𝐧𝐭𝐞𝐬𝐭 တွေ၊ 𝐌𝐞𝐧𝐭𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 နဲ့ပက်သက်တဲ့ 𝐩𝐫𝐨𝐠𝐫𝐚𝐦တွေ၊ ပညာရေးအပါအဝင် လုပ်ငန်းခွင်မှာ အသုံးဝင်မယ့် 𝐒𝐤𝐢𝐥𝐥𝐬 𝐔𝐩𝐠𝐫𝐚𝐝𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦 တွေ အပြင် 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐏𝐫𝐨𝐠𝐫𝐚𝐦 များစွာကိုလည်း လူငယ်တွေဆီရောက်အောင် ပို့ဆောင်ခဲ့ပြီးဖြစ်သလို ဆက်ပြီးတော့လည်း အားကြိုးမာန်တက် လုပ်ဆောင်သွားဦးမှာဖြစ်ပါတယ်


𝐘𝐒𝐄 ရဲ့ လျှောက်လှမ်းနေတဲ့ခရီးမှာ ပါဝင်နေကြတဲ့ 𝐕𝐨𝐥𝐮𝐧𝐭𝐞𝐞𝐫 တွေအနေနဲ့လည်း "𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫, 𝐖𝐞 𝐏𝐫𝐨𝐣𝐞𝐜𝐭 𝐚 𝐁𝐞𝐭𝐭𝐞𝐫 𝐅𝐮𝐭𝐮𝐫𝐞!" ဆိုတဲ့ 𝐘𝐒𝐄 ရဲ့ဆောင်ပုဒ်အတိုင်း လူငယ်တွေရဲ့ အနာဂတ်ကို တောက်ပလာအောင် ပါဝင်ကူညီသွားကြမှာဖြစ်ပါတယ်


ဒါကြောင့် 𝐘𝐒𝐄 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 အတွက် စိတ်အားထက်သန်စွာနဲ့ ပါဝင်ကူညီခဲ့ကြသူတွေ၊ ပါဝင်လှုပ်ရှားနေသူတွေကိုလည်း 𝐘𝐒𝐄 ရဲ့ (၁၁) နှစ်ပြည့် အထိမ်းအမှတ်နေ့လေးကတစ်ဆင့် ကျေးဇူးအထူးတင်ရှိကြောင်း စကားလေးပါးလိုက်ချင်ပါတယ်


ဒါ့အပြင် 𝐘𝐒𝐄 ရဲ့ 𝐏𝐫𝐨𝐣𝐞𝐜𝐭 တွေမှာ ပါဝင်အားဖြည့်ချင်တဲ့ လူငယ်တွေကိုလည်း ကြိုဆိုလျက်ရှိကြောင်း ထပ်လောင်း ပြောလိုက်ချင်ပါသေးတယ်

"နှမ်းတစ်လုံးတည်းနဲ့ ဆီမဖြစ်" ဆိုတဲ့ စကားအတိုင်း တစ်ဦးတစ်ယောက်တည်းအားနဲ့ လုပ်တာထက် အားလုံးပါဝင်ကြမယ်ဆိုရင် ပိုမိုလှပတဲ့ အနာဂတ်တွေဆီကို အရောက်လှမ်းနိုင်မှာ မလွဲဧကန်ပါပဲ

ဒါကြောင့် "အနာဂတ်တွေ လှပဖို့ 𝐘𝐒𝐄 မှာ ပါဝင်စို့ " ဆိုတဲ့ စကားလေးပါးလိုက်ချင်ပါတယ်နော်


Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page