top of page

စာမူရှင်များသို့ ....

  • Sep 7, 2020
  • 1 min read

စာမူရှင်များသို့ ....

"Covid 19 နဲ့ လူငယ်"ဆိုပြီး ခေါင်းစဥ်တစ်ခုတည်းအောက်မှာ ကန့်သတ်ရေးရတဲ့အတွက် အကြောင်းအရာတူတွေ များနေပါတယ်။

အမှန်တော့ Out lineထဲက သန်ရာသန်ရာကို အကြောင်းအရာတစ်ခုကို ရေးလည်းရပါတယ်။ စုပြုံရေးမှ မဟုတ်ပါဘူး။ Covid 19 နဲ့ လူငယ်ဆိုတဲ့ ခေါင်းစဥ်ထက် လိုက်ဖက်မဲ့ အကြောင်းအရာကို ခေါင်းစဥ်ပြောင်းတပ်နိုင်တာ Creation ပါပဲ။ဆောင်းပါးဆိုတာ အချက်အလက်ကို အားပြု ရေးရတာဖြစ်တဲ့အတွက် DATA တွေထည့်တဲ့အခါ နေ့ရက်လေးတွေ(ဘယ်နေ့ထိ)ဆိုတဲ့ ဒေတာတွေ ထည့်ရေးပေးဖို့ လိုအပ်ပါတယ်။ အသက်ငယ်သေးတဲ့စတေးဟုမ်းကာလ အချိန်ကို အကျိုးရှိစွာ ဘယ်လိုအသုံးချမလဲရေးကြတာများပါတယ်။ အဲဒါထက် ပရဟ်ိတအတွေ့အကြုံလေးတွေ ၊ New Normal နဲ့ ယှဥ်တွဲနေထိုင်ရမဲ့ ပုံစံ ၊ ခရီးသွားလာရမဲ့ ပုံစံ၊ လိုက်နာသင့်တဲ့ စည်းကမ်း၊ Social Media ရဲ့ Blaming မကောင်းတဲ့ အကြောင်း၊ အနာဂတ်လူငယ်တွေ ဘယ်လိုနေထိုင်သင့်ကြောင်း ​ရေးပြနိုင်ရင် ပိုကောင်းပါမယ်။ စိတ်ကျန်းမာရေးအခြေအနေရေးတဲ့သူတွေကိုလည်း တွေ့ရပါတယ်။ နောက် ကျန်းမာရေးစည်းကမ်းမလိုက်နာတဲ့ ပုံစံလေးတွေပါထည့်ရေးပေးနိုင်ရင်ပိုကောင်းပါတယ်။

ဆောင်းပါးပြိုင်ပွဲမှာ ဝတ္ထုပုံစံတချို့ပါလာတော့ ဝတ္ထုရေးသားနိုင်မဲ့ လူငယ်လေးတွေကိုတွေ့ရတာ ဝမ်းသာမိပါတယ်။ ဒါပေမဲ့ ဆောင်းပါးပြိုင်ပွဲဖြစ်တဲ့အတွက် ပယ်လိုက်ပါတယ်။ ဒါကိုပြောရတာက ပြိုင်ပွဲရဲ့ ပုံစံကို နားလည်သဘောပေါက်ရအောင်ပါ။ အားလျော့စေဖို့ မဟုတ်ပါဘူး။ စာရေးနိုင်တဲ့ လူငယ်တွေအကုန် ပြိုင်ပွဲဝင်တွေအကုန်လုံး စာပေကို ဝါသနာပါလို့ ကျေးဇူးတင်ရှိပါတယ်။

စာရေးဆရာမ ပိုးသားရွှေ

Covid 19 နဲ့ ပတ်သက်ပြီး ကျွန်မဆီရောက်လာတဲ့ စာမူတွေကို လေးလေးစားစားနဲ့ ဖတ်ပါတယ်ဆိုတဲ့အကြောင်း ဦးစွာ ဆိုပါရစေ။ စာမူတွေဟာ တကယ့်ကို ရွေးချယ်ရခက်လောက်အောင်ပဲ ကောင်းမွန်ကြပါတယ်။ သို့သော်လည်းပဲ ပြိုင်ပွဲရဲ့ ရည်ရွယ်ချက်က Covid 19 နှင့် လူငယ်လို့ ဆိုထားလေတော့ အများဆုံးသော စာမူတွေဟာ ဒီကပ်ကာလမှာ ကျန်းမာရေးအပြင် ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းနဲ့ အခြားသောအရာတွေ ထိခိုက်နှောင့်နှေးရခြင်းတွေကို အဓိကဇောင်းပေးရေးသားကြတာကိုလည်း တွေ့ရပါတယ်။ ဒီထဲကမှ တချို့သော စာမူတွေဖတ်ရင်း ကျွန်မတို့ မေ့လျော့နေတဲ့အရာတွေ၊ သတိမမူမိတဲ့အရာတွေကိုလည်း ပြန်လည်ဆန်းစစ်မိစေပါတယ်။

Covid 19 နဲ့ပတ်သက်ရင် ကိုယ်တိုင်ကစ ကာကွယ်ရမှာ အရေးကြီးသလို ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုလည်း ကိုယ်တတ်စွမ်းသမျှနဲ့ သတိပေးနှိုးဆော်တာကလည်း အလွန်ကို လိုအပ်လှပါတယ်။

ကပ်ကာလကြီးမှာ စာနာဖေးမတဲ့ ချစ်ခြင်းတွေ၊ ဝေမျှကမ်းလင့်တဲ့ စိတ်ထားတွေနဲ့ လောကကို အလှဆင်ပေးတဲ့ ပရဟိတအဖွဲ့ဝင် မောင်ငယ်၊ ညီမငယ်တွေအကြောင်းအပြင် ခေါင်းစဉ်ကို ဖောက်ထွက်စဉ်းစားပြီး Covid 19 နဲ့ ဆက်စပ်နေတဲ့အရာတွေ အတော်များများကို သတိမူမိအောင်၊ စိတ်အားတက်ဖွယ်ဖြစ်အောင် ရေးထားကြတဲ့ ဆောင်းပါးတွေကို ဖတ်ရှုခွင့်ရသလို အချက်အလက်ပြည့်ပြည့်စုံစုံနဲ့ အားထုတ်ကြိုးပမ်းကြတဲ့ ဆောင်းပါးကောင်းတွေလည်း ဖတ်ခွင့်ရလိုက်ပါတယ်။

အားလုံးကောင်းကြ၊ တော်ကြပေမယ့်လည်း ပြိုင်ပွဲဖြစ်တဲ့အတွက်ကြောင့် အချက်အလက်နဲ့ အကြောင်းအရာ ရွေးချယ်ဇောင်းပေးမှု အနည်းငယ်အားသာသွားတဲ့ ဆောင်းပါးတွေကိုသာ ရွေးချယ်ခဲ့ရပါတယ်။ အဲဒီအတွက်လည်း အခြားသော စာမူရှင် ညီမငယ်၊ မောင်ငယ်များ နားလည်ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ စာရေးသားခြင်းကို ဝါသနာထုံသူတွေအနေနဲ့လည်း ဒီမှာတင် ရပ်တန့်မပစ်ဘဲ ဆက်လက်ရေးသားပြီး ရည်ရွယ်ရာလမ်းကို လျှောက်လှမ်းနိုင်ပါစေ၊ ချစ်ခြင်းမေတ္တာ၊ စာနာမှုများ မျှဝေရင်း ကပ်ကမ္ဘာကို ကျော်လွှားနိုင်ကြပါစေ၊ ကိုဗစ်အလွန် နေ့ရက်များ အမြန်ဆုံးရောက်ရှိပါစေလို့လည်း ဆန္ဒပြုပါတယ်။

လေးစားစွာ စာရေးဆရာမ ပန်းငုဝါဝါ

Comments


Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page