top of page

YSE officers တွေ အသုံးချနေတဲ့ နည်းလမ်းလေး ...

🔊🔊 မင်္ဂလာပါ 🥰

အခုလို ခက်ခဲကြမ်းတမ်းတဲ့ကာလမှာ အားလုံးပဲ အဆင်ပြေပြေရှိနေနိုင်ကြပါစေလို့ ပထမဦးစွာ ဆုမွန်ကောင်းပို့သလိုက်ရပါတယ်ရှင်။ အိမ်မှာနေရတဲ့ အချိန်ကာလလေးမှာ နေ့ရက်တိုင်းကို အကျိုးရှိရှိ ဖြတ်သန်းနိုင်ဖို့ဆိုတာ အင်မတန်မှ အရေးကြီးလှပါတယ်။ ဒီလို အချိန်ကိုအကျိုးရှိစွာအသုံးချပြီး အောင်မြင်တဲ့ နေ့ရက်လေးတွေ ဖန်တီးနိုင်ဖို့အတွက် ကျွန်မတို့ YSE officers တွေ အသုံးချနေတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးပါရစေ။

(၁) ဦးစားပေးလုပ်ဆောင်ရမည့်အရာ (၃) ခုကို သတ်မှတ်ပါ

“ဒီနေ့ ညအိပ်ရာမ၀င်ခင် ပြီးမြောက်အောင် ကိုယ်လုပ်ခွင့်ရှိမယ့် အရာက (၃) ခုပဲရှိခဲ့မယ်ဆိုရင် အဲ့ (၃) ခုက ဘာတွေများဖြစ်မလဲ”။ အဲ့မေးခွန်းလေးကို မနက်မိုးလင်းလို့ အိပ်ရာထတဲ့အခါ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်လိုက်ပါနော်။ နေ့လယ်မှ ထတယ်ဆိုလည်း နေ့လယ်ပေါ့။ ဒီလို ဦးစားပေးလုပ်ရမယ့် အလုပ် (၃) ခုကို သတ်မှတ်တဲ့နေရာမှာ အရေးကြီးတာခုက essayတွေရေးစရာရှိတာ၊ အပြီးဖတ်ရမယ့်စာတွေ၊ ကိုယ်လက်ရှိလုပ်နေတဲ့ project အစရှိသဖြင့် အမှန်တကယ် အရေးကြီးတဲ့အရာတွေကိုသာ ထည့်သွင်းသတ်မှတ်ဖို့ပါပဲ။ ဒီလို ဦးစားပေးလုပ်ရမယ့်အရာ (၃)ခုကို သတ်မှတ်ခြင်းအားဖြင့် ကျန်တဲ့ကိစ္စတွေမှာ အချိန်ဖြုန်းမိနေတာတွေ၊ နောက်ထပ်လုပ်စရာမရှိတော့သလို တစ်ခုတည်းမှာပဲ အချိန်အကြာကြီးယူပြီး လုပ်မိတာတွေကို အလိုလို ကာကွယ်ပြီးသားဖြစ်သွားပါတော့တယ်။ ကိုယ့်စိတ်ထဲမှာ ဘာကိုဦးစားပေးလုပ်ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိနေတဲ့အတွက်လည်း အလုပ်တွေကို နဂိုကထက် ပိုပြီးမြန်မြန် ပြီးမြောက်အောင်လုပ်ဆောင်နိုင်လာတာကို တွေ့ရမှာဖြစ်ပါတယ်။

(၂) လုပ်စရာနည်းနိုင်သမျှ နည်းအောင်လုပ်ပါ

ဦးစားပေးလုပ်ရမယ့် အရေးကြီးကိစ္စ (၃) ခုကို သတ်မှတ်ပြီးသွားသည့်တိုင်အောင် ပန်းကန်ဆေးတာ၊ အိပ်ရာသိမ်းတာ၊ သူငယ်ချင်းဆီ‌ဖုန်းခေါ်တာ အစရှိသဖြင့် မလုပ်ဘဲ နေလို့မရတဲ့ ကိစ္စတွေလည်း ရှိပါသေးတယ်။ ဒီလို ပျင်းစရာကောင်းပေမယ့် လုပ်မှဖြစ်မယ့်ကိစ္စတွေအတွက် အကောင်းဆုံးနည်းလမ်းကတော့ (၅) မိနစ်အတွင်း ပြီးနိုင်တယ်ဆို ပြီးအောင်လုပ်လိုက်ဖို့ပါပဲ။ (၅) မိနစ်အချိန်ပေးလိုက်ရတယ်ဆိုပေမယ့် အရေးကြီးဦးစားပေးကိစ္စတွေ လုပ်နေတဲ့အချိန်မှာ ”ဟိုဟာလည်းမလုပ်ရသေးဘူး၊ ဒီဟာလည်းမပြီးသေးဘူး” ဆိုတဲ့ စိတ်မျိုးဖြစ်မလာတော့ဘဲ စိတ်ကိုအရှင်းလင်းဆုံး ထားနိုင်သွားပြီး အာရုံစိုက်နိုင်လာပါတယ်။

(၃) အာရုံစိုက်နိုင်မယ့် ပတ်ဝန်းကျင်ဖန်တီးပါ

အာရုံစိုက်နိုင်ခြင်းဟာ တကယ်တော့ လူတစ်ယောက်ရဲ့ စိတ်အခြေအနေအပေါ်မှာသာ မူတည်တာမဟုတ်ဘဲ ပတ်၀န်းကျင်နဲ့လည်း အများကြီး သက်ဆိုင်ပါတယ်။ ကိုယ့်ရဲ့ အလုပ်စားပွဲမှာ ဒါမှမဟုတ် ကိုယ်အလုပ်လုပ်မယ့်နေရာမှာ လက်ပ်တော့၊ စာအုပ်၊ ဘောပင် စသဖြင့် လိုအပ်မယ့်ပစ္စည်းတွေကလွဲရင် ကျန်တာတွေကိုရှင်းလင်းထားသင့်ပါတယ်။ ဖုန်းကိုလည်း မလိုအပ်ဘဲ ဖွင့်မကြည့်မိအောင် ခဏစက်ပိတ်ထားတာမျိုးဖြစ်ဖြစ် လုပ်သင့်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ပိုပြီးအာရုံစိုက်နိုင်လာပြီး အလုပ်တွေကို မြန်မြန်ဆန်ဆန် ပြီးမြောက်အောင် လုပ်နိုင်လာမှာလည်းဖြစ်ပါတယ်။

(၄) အနားယူဖို့ မမေ့ပါနဲ့

အလုပ်ကို ကောင်းကောင်းအာရုံစိုက်ပြီး လုပ်နိုင်ဖို့ အလွန်အရေးကြီးပြီး မမေ့သင့်တဲ့ နောက်ထပ်တစ်ချက်ကတော့ အလုပ်လုပ်နေစဉ် ခဏတဖြုတ် အနားယူဖို့ပါပဲ။ အလုပ်လုပ်နေစဉ် ပင်ပန်းလာပြီလို့ စတင်ခံစားရချိန်မှာ (၁၅) မိနစ်လောက်အနားယူတာက အင်အားပြန်လည်ပြည့်ဖြိုးစေပြီး ပြန်လည်လုပ်ကိုင်ချိန်မှာ အပြည့်အ၀အာရုံစိုက်နိုင်မှာလည်းဖြစ်ပါတယ်။

Content - Zin Wai Yan Design - Htet Aung

Comments


Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page