top of page

Quotes about Dream


လူတိုင်းမှာ အိပ်မက်တွေ ကိုယ်စီရှိကြပါတယ်။ ဒီအိပ်မက်တွေဟာ ကျွန်တော်တို့ အသက်ရှင်သန်ရတဲ့အချိန်အတိုင်းအတာတစ်ခုအတွက် အရမ်းကို အားကြီးလွန်းတဲ့ဆန္ဒတစ်ခုပဲဖြစ်ကြပါတယ်။ အချို့လူတွေ အိပ်မက်တော့ ရှိတယ်။ ထိုအိပ်မက်တွေကို အကောင်အထည်ဖော်မှုအပေါ်မူတည်ပြီး အိပ်မက်တွေဟာ ပြောင်းသွားကြပါတယ်။ အိပ်မက်ကို အိပ်မက်အတိုင်း ထားတာထက် အကောင်အထည်ဖော်လိုက်တဲ့အခါ ရရှိလိုက်တဲ့ ကြည်နူးမှု၊ ပီတိတွေဟာ နောက်ထပ် နှစ်ပေါင်းများစွာအတွက် အားအင်တွေဖြစ်သလို အခက်အခဲတွေ ဆင်းရဲဒဏ်တွေ ဒုက္ခဒဏ်တွေကို ပိုမိုသည်းခံနိုင်စွမ်းတွေကို ပေးတတ်ပါတယ်။

အိပ်မက်တွေနဲ့ပတ်သက်လို့ များစွာရှိသလို အကောင်အထည်ဖော်ကြသူတွေလည်း များစွာရှိခဲ့ပါတယ်။ ဒီထဲကမှ ကျွန်တော် အမြဲမှတ်မိနေတဲ့ စကားစုလေးကတော့

I Have A Dream. (ကျွန်တော့်မှာ အိပ်မက်ရှိတယ်။)

ဒီစကားစုလေးနဲ့ပတ်သက်လို့ မိတ်ဆွေတို့ ဘာတွေကိုတွေးမိသွားသလဲ ???

ပုဂ္ဂိုလ် တစ်ဦးဦးကိုလား ???

တေးသီချင်းဆိုသူကိုလား ???

ပုဂ္ဂိုလ်တစ်ဦးလို့ ပြောလိုက်ရင် လူဖြူလူမဲအခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့သူ Martin Luther King Jr ပဲဖြစ်ပါတယ်။ သူ့အကြောင်းကို ပြောရရင် ရှည်လျားထွေပြားနေပါလိမ့်မယ်။ ဒီလောက်မှတ်မိမယ်ဆိုရင် ရပါပြီဗျာ။

တေးသီချင်းဆိုသူကိုလားလို့ ဖတ်မိလိုက်တော့ ... သိတော့ သိတယ်။ စဉ်းစားရင်း သီဆိုသူကို ချက်ချင်း မမှတ်မိတာမျိုးဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ လူငယ်တွေအနေနဲ့ သိလိုက်မယ့် I have a dream ကို Webtlife အဖွဲ့က ပြန်လည်သီဆိုခဲ့ပါတယ်။ ခုနှစ်အနေနဲ့ကတော့ ၁၉၉၉ ခုနှစ်မှာဖြစ်ပြီး အဲ့ပြန်ဆိုတေးလေးဟာ ၁၉၉၉ ခုနှစ် ခရစ္စမတ်ရာသီအတွင်း အမေရိကန်တေးသီချင်းတွေရဲ့ ထိပ်ဆုံးမှာ ရပ်တည်ခဲ့ပါတယ်။ သူ့ထက် နှစ် ၂၀ စောပြီးသီဆိုခဲ့ပါသေးတယ်။ အဲ့ဒီအဖွဲ့ကတော့ ၁၉၇၉ ခုနှစ် ဆွီဒင်နိုင်ငံ အမျိုးသမီးပေါ့အဆိုတော်အဖွဲ့အမည်ကတော့ ABBA လို့ အမည်ရပါတယ်။

အိပ်မက်တွေနဲ့ပတ်သက်လို့ Quote တွေအမျိုးမျိုးရှိသလို ကိုယ်တိုင်က အမြတ်တနိုး မှတ်သားထားမိတဲ့ Quote လေးရှိရင် သို့ အိပ်မက်နဲ့ပတ်သက်လို့ ခံစားချက်လေးတွေ ရှိမယ်ဆိုရင်လည်း ဆွေးနွေးပေးကြပါဦး။

ကျွန်တော် အမြတ်တနိုး မှတ်သားမိတဲ့ Quote လေးတွေကတော့

I Have a Dream. (Martin Luther King, Jr)

Dream do come true. (Layne Dalfen)

Teamwork Makes the Dreamwork. (John C. Maxwell)

If you can dream it, you can do it. (Walt Disney)

ဖတ်ရှုပေးကြသူအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်။ နောက်အပတ်တွေမှာလဲ ဘယ်လိုစကားစုလေးတွေကို ဖော်ပြပေးသွားဦးမလဲဆိုတာကို စောင့်မျှော်ပေးကြပါဦး။

Design : Htet Aung

Tags:

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page