Digital Skill Training
သင့်ကိုယ်သင် digital skill နှင့်ပတ်သတ်ပြီး အားနည်းနေသေးတယ်လို့ယူဆမိပါသလား? ဒါဆိုရင်တော့ YSE ရဲ့ Digital Skill Training ကိုတက်ရောက်ရန် ဖိတ်ခေါ်လိုက်ပါတယ်။ YSE မှ သင့်အတွက် အခြေခံလိုအပ်နေတဲ့ Digital Skill တွေကိုသင်ပေးနိုင်ပါတယ်။
YSE မှပြုလုပ်မည့် Digital Skill Trainingနဲ့ မိတ်ဆက်ပေးပါရစေ။
ဘာတွေသင်ပေးမှာလဲ?
လုပ်ငန်းခွင်နဲ့ ပညာရေးကဏ္ဍမှာ အဓိကလိုအပ်တဲ့ Essential Digital Toolsများဖြစ်ကြသည့်
Gmail and Google Drive
Google docs
Google Sheets
Google Slides
Google forms တွေရဲ့အသုံးပြုနည်းကို အသေးစိတ် သင်ကြားပေးသွားဖြစ်ပါတယ်။
ဘယ်လိုမျိုးသင်ပေးမှာလဲ? Google Classroom မှာ Tool တစ်ခုချင်းစီအကြောင်းကို trainer တစ်ဦးစီကတာ၀န်ယူပြီး ၂ ရက်စီ သေသေချာချာ သင်ကြားပေးသွားမှာဖြစ်ပါတယ်။ သင်တန်းကာလအတွင်းမှာ ကိုယ်သင်ခဲ့ပြီးတဲ့ Tool တစ်ခုချင်းစီအတွက် နောက်သင်ခန်းစာ မစမီမှာ assignment ထပ်ရမှာဖြစ်ပါတယ်။
၂ ရက်စီ သင်ပေးမယ်ဆိုတော့ အချိန်ကရော?
Google Classroom မှာ trainer တွေက ၂ ရက် ၁ ခါ နံနက် ၉ နာရီမှာ ကိုယ်လေ့လာရမယ့် သင်ခန်းစာတွေအကြောင်းကို တင်ပေးသွားပါ့မယ်။ တင်ပေးထားတဲ့ video ကိုလေ့လာပြီး သင်ခန်းစာတင်ထားတဲ့နေ့ ည ၈ နာရီရောက်ရင်တော့ Trainer နဲ့ discussion ရှိပါ့မယ်။
နောက်ရက်မှာတော့ သင်ခဲ့ရတဲ့သင်ခန်းစာကို ညနေ ၆ နာရီမတိုင်ခင် assignment ထပ်ရပါမယ်နော်။ (Assignment လုပ်တဲ့အခါ အခက်အခဲရှိရင် trainer ကိုကြိုက်တဲ့အချိန် စာပြန်မေးလို့ရပါတယ်)
သင်တန်းက ဘယ်ရက်စမှာလဲ?
သင်တန်းက 13.7.2020 စမှာဖြစ်ပြီး 24.7.2020 မှာ ပြီးဆုံးမှာဖြစ်ပါတယ်။
သင်တန်းပြီးရင်ဘာတွေရမှာလဲ?
သင်တန်းပြီးဆုံးပါက digital skills ကို intermediate level အထိ တတ်မြောက်သွားပါမယ်။ ထို့ပြင် 75% ပြည့်တဲ့သူများနှင့် assignment အားလုံးထပ်တဲ့သူများကို YSE မှ Certificate of Completion ကို email ကနေတဆင့် ပေးအပ်သွားမှာဖြစ်ပါတယ်။
ဒါဆိုသင်တန်းကြေးကရော?
ဟုတ်ကဲ့ သင်တန်းကြေးကတော့ တစ်ယောက်ကို ၅ ထောင်ကျပ် ကျသင့်မှာဖြစ်ပါတယ်။ အကယ်၍ ကိုယ်နဲ့အတူ ဒီသင်တန်းကိုတက်ဖို့ နောက်ထပ်သူငယ်ချင်း ၂ ယောက်နဲ့အတူ စာရင်းပေးမယ်ဆိုရင်တော့ တစ်ယောက်ကို ၃ ထောင်ကျပ်သာ ကျသင့်ပါမယ်ရှင့်။
ဒီ Training ကိုတက်ဖို့ ဘာလုပ်ရမလဲ? အောက်မှာပေးထားတဲ့ Bank Accounts တွေကို သင်တန်းကြေးလွှဲပေးရပါမယ်။
ငွေလွှဲရန် AYA- 024 020 501 00000 13 CB- 017 660 020 00000 19 KBZ- 262 302 232 000 786 01
ပြီးရင်တော့ google form လေးကိုဖြည့်ပေးရပါမယ်။ Google Form ထဲမှာ ငွေလွှဲပြေစာ screenshot လေးကိုတစ်ခါတည်း attach လုပ်ပေးရပါမယ်။
Google Form ဖြည့်ရန်
Link >>> shorturl.at/ahjLO
သင်တန်းတက်ရောက်ဖို့အတွက် register လုပ်တာကိုတော့ ၁၂.၇.၂၀၂၀ (တနင်္ဂနွေနေ့) နေ့လယ် ၁၂ နာရီ နောက်ဆုံးထားပြီး register လုပ်နိုင်ပါတယ်။
ယခု Digital Skills Training မှ ကောက်ခံရရှိသော သင်တန်းကြေးများကို YSE ရဲ့ မန္တလေးတိုင်း မြင်းခြံခရိုင် ဆီမီးခုံမြို့နယ်မှာ ဖွင့်လှစ်မယ့် Vocational School အတွက် အသုံးပြုသွားမှာဖြစ်ပါတယ်။
ဒါကြောင့် ကုသိုလ်လည်းရ မိမိအတွက်လည်း အကျိုးရှိစေမယ့် သင်တန်းလေးကို သူငယ်ချင်းတွေကိုပါ လက်တို့ပြီး အတူတူ တက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။