5 Digital Technology Benefits


ပေါင်းသင်းဆက်ဆံရေး ကောင်းလာချင်တယ်ဆိုရင်... မိတ်ဆွေသူငယ်ချင်းတွေ ပေါများလာချင်တယ်ဆိုရင်... သင်ခန်းစာတွေကို အချိန်တိုတိုနဲ့ အကျိုးရှိအောင်လေ့လာချင်တယ်ဆိုရင်... ငွေအကုန်အကျနည်းနည်းနဲ့ ခရီးရောက်ချင်တယ်ဆိုရင်... သင်ဟာ Digital Technology ကို လေ့လာသင့်နေပါပြီ။

အားလုံးပဲ မင်္ဂလာပါ။ ယနေ့ YSE ကနေ မိတ်ဆက်ပေးချင်တဲ့အကြောင်းအရာကတော့ ယနေ့ခေတ်မှာ နေရာကဏ္ဍပေါင်းစုံမှာ အဓိက အသုံးဝင်နေတဲ့ နည်းပညာအကြောင်းကို လေ့လာခြင်းအားဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူး ၅ ခုပဲဖြစ်ပါတယ်။

လူမှုဆက်သွယ်ရေး

ဆိုရှယ်မီဒီယာ၊ အီးမေလ်၊ Skype နဲ့ FaceTime အစရှိတဲ့ ဒီဂျစ်တယ်မီဒီယာလက်နက်တွေကို အသုံးပြုခြင်းဖြင့် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ မိမိရဲ့ မိတ်ဆွေ၊ သူငယ်ချင်းနဲ့ မိသားစုတွေကို အချိန်မရွေး နေရာမရွေး စက္ကန့်မလပ် ဆက်သွယ်နိုင်ပါတယ်။

ငွေကုန်ကြေးကျ သက်သာခြင်း

ဒီဂျစ်တယ် နည်းပညာရဲ့ အကောင်းဆုံး အားသာချက်တစ်ခုကတော့ ပိုမိုကြီးမားကျယ်ပြန့်တဲ့ စျေးကွက်တွေနဲ့ဆက်သွယ်ပေးနိုင်ပြီး ပစ္စည်းမျိုးစုံ စျေးမျိုးစုံကို နှိုင်းယှဉ်ပေးနိုင်တာပဲဖြစ်ပါတယ်။ အွန်လိုင်းစျေးကွက်မှာရှိတဲ့ မိမိလိုအပ်ချက်နဲ့ အသင့်တော်ဆုံးဖြစ်မယ့်ပစ္စည်းတွေကို ရှာပေးနိုင်ပြီး မိမိဝယ်ယူမယ့်ပစ္စည်းနဲ့ ပတ်သက်တဲ့အချက်အလက်မျိုးစုံကို ချပြပေးနိုင်တဲ့အတွက် မိမိဆုံးဖြတ်တဲ့နေရာမှာ အထောက်အကူပေးနိုင်တာပဲဖြစ်ပါတယ်။

အချိန်ကုန် သက်သာစေခြင်း

ဒီဂျစ်တယ်နည်းပညာကို အသုံးပြုခြင်းရဲ့ အကောင်းတကာ့ အကောင်းဆုံး အကျိုးကျေးဇူးတစ်ခုကတော့ ကူးသန်းသွားလာချိန် သက်သာစေခြင်းပဲဖြစ်ပါတယ်။ အွန်လိုင်းဘဏ် ဝန်ဆောင်မှု၊ အွန်လိုင်းကားသက်တမ်းတိုး ဘိုကင်တင်ခြင်းနဲ့ အွန်လိုင်းမီတာဆောင်ခြင်း အစရှိတဲ့ ဝန်ဆောင်မှုတွေဟာ သွားလာချိန်သက်သာစေရုံမျှမက တန်းစီးရတဲ့အချိန်လည်း သက်သာစေမှာပဲဖြစ်ပါတယ်။

အိမ်တွင်း ဖျော်ဖြေရေး

အင်တာနက်ကို အသုံးပြုပြီး ဝက်ဆိုက်မျိုးစုံမှာရှိတဲ့ အချက်အလက်တွေကိုရှာဖွေပြီး ကိုယ်ဝါသနာပါတဲ့အရာ စိတ်ဝင်စားမယ့် အကြောင်းအရာတွေကို စူးစမ်းလေ့လာနိုင်မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာတစ်ဝှမ်းက သတင်းအကြောင်းအရာ မျိုးစုံကိုလည်း အလျင်အမြန်ရယူနိုင်မှာလည်း ဖြစ်ပါတယ်။

ပညာရေး

အွန်လိုင်းပေါ်မှာရှိတဲ့ သင်တန်းတွေကို တက်ရောက်ခြင်းအားဖြင့် အဆင့်မြင့်ပညာရေးကို မိမိအိမ်မှာတင် မိမိအားတဲ့အချိန်မှာ ရယူနိုင်မှာဖြစ်ပြီး ဗဟုသုတနဲ့ အတတ်ပညာရနိုင်တဲ့အပြင် မိမိရဲ့ပညာဝမ်းစာကို ဖြည့်တင်းပေးနိုင်မှာလည်းဖြစ်ပါတယ်။

အခုဆိုရင်တော့ ဒီဂျစ်တယ်နည်းပညာရဲ့ ကောင်းကျိုးတွေကို အားလုံးပဲ သိရှိနားလည်ပြီး သင်ယူဖို့လည်း အားတက်သွားလောက်ပြီလို့ မျှော်လင့်မိပါတယ်။

အဆုံးထိ ဖတ်ရှုပေးတဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်။

Content : Tint Tha Ra Wun Graphic : Htet Aung

Reference - https://www.dccae.gov.ie/en-ie/communications/topics/Digital-Strategy/getting-citizens-online/Pages/Advantages-of-Being-Online.aspx

Tags:

Featured Posts