top of page

ဘွဲ့မရခင် ဘာတွေကြိုတင်ပြင်ဆင်ထားရမလဲ

တက္ကသိုလ်ကျောင်းသားကျောင်းသူ အများစု မကြားချင်တဲ့၊ မဖြေချင်တဲ့၊ အဖြေပေးဖို့ အခက်တွေ့ရတဲ့မေးခွန်းလေးတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ "ကျောင်းပြီးရင် ဘာလုပ်မှာလဲ"ဆိုတာပဲဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ကျောင်းသားအများစုက ကျောင်းတက်ရင်းနဲ့ ဘွဲ့ယူခါနီးအချိန်သာရောက်သွားတယ်။ လုပ်ငန်းခွင်တစ်ခုခုကို ဝင်ရောက်ဖို့အတွက် အတွေ့အကြုံအရဖြစ်စေ၊ ကျွမ်းကျင်မှုအရဖြစ်စေ၊ လေ့လာထားမှု ဗဟုသုတအရဖြစ်စေ အဆင်သင့်မဖြစ်သေးတာမျိုးကြောင့် ဘွဲ့ရပြီးတဲ့အခါ ချက်ချင်း လုပ်ငန်းခွင်ကိုမဝင်နိုင်ဘဲ ဖြစ်နေတတ်ပါတယ်။

သင်ဟာ တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်ပြီး ဘွဲ့ရပြီးလျှင်ပြီးချင်း လုပ်ငန်းခွင်ဝင်ဖို့ အားခဲထားသူဆိုရင်တော့ ဒီ post ဟာ သင့်အတွက်ပါပဲ။