Join Us And Donate Dignity Bags
- Jun 15, 2020
- 1 min read

မင်္ဂလာပါရှင်
ကျွန်မတို့ Youth Society for Education အနေနဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေးကဏ္ဍတွေမှာ လိုအပ်တဲ့လှူဒါန်းမှုတွေကို စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့တာကို အားလုံးလည်း သိကြပါလိမ့်တယ်။
ယခု ကမ္ဘာတစ်ဝန်းမှာဆိုရင် period poverty ကိုတိုက်ဖျက်နိုင်ဖို့အတွက် NGO အဖွဲ့အစည်းတွေနဲ့ Non-Profit Organizations တွေ အားလုံး ဝိုင်းဝန်းဆောင်ရွက်လျက်ရှိပါတယ်။
ကျွန်မတို့ Youth Society for Education အနေနဲ့လည်း period poverty ကိုတိုက်ဖျက်တဲ့နေရာမှာ တစ်နိုင်တစ်ပိုင် ပါဝင်သွားချင်တဲ့အတွက် လစဉ်ပြုလုပ်နေကြဖြစ်တဲ့ Health Matters Project လေးကို ဒီတစ်ခေါက်မှာတော့ အမျိုးသမီး ကျန်းမာရေးကဏ္ဍမှာ အသုံးပြုဆောင်ရွက်ပေးသွားဖို့ ရည်ရွယ်ထားပါတယ်။ ယခုဇွန်လအတွက် Health Matters Project လေးကို မှော်ဘီစစ်ဘေးရှောင်စခန်းမှ အမျိုးသမီးတွေအတွက် အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို လှူဒါန်းသွားမှာဖြစ်ပါတယ်။
အခုလို COVID-19 ကြောင့် အခက်အခဲဖြစ်နေကြတဲ့ကာလအတွင်းမှာ အခြေခံစားသုံးကုန်တွေ Masks တွေကို လှူဒါန်းသူများပြားပေမယ့် အမျိုးသမီးတွေအတွက် တကယ်လိုအပ်တဲ့ လစဉ်သုံးပစ္စည်းတွေကို လှူဒါန်းကြတာမျိုးကတော့ ရှားပါးတဲ့အကြောင်း၊ ကြီးပြင်းလာခဲ့ရတဲ့ ဓလေ့ထုံးစံအရ လစဉ်ဓမ္မတာလာတဲ့ကိစ္စကို နိမ့်ကျတဲ့အရာအဖြစ် ခံယူကြတာများတာကြောင့် အမျိုးသမီးတွေအနေနဲ့လည်း အလှူခံဖို့ မဝံ့ရဲတဲ့အကြောင်း ရေးသားထားတဲ့ ပို့စ်တစ်ခုကို အမှတ်မထင် တွေ့ခဲ့ရာကနေ ဒီ project ကိုစိတ်ကူးရပြီး အကောင်အထည်ဖော်ဖြစ်ခဲ့ပါတယ်။ တကယ်တော့ ဓမ္မတာလာတဲ့ကိစ္စဟာ သဘာဝတစ်ခုသာဖြစ်ပြီးတော့ ကျန်းကျန်းမာမာ နေထိုင်နိုင်ဖို့နဲ့ မျိုးဆက်ပွားနိုင်ဖို့အတွက် အရေးကြီးတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ဓမ္မတာလာနေတဲ့အချိန်မှာ သန့်သန့်ရှင်းရှင်းနေထိုင်နိုင်ဖို့ဟာ မလိုလားအပ်တဲ့ နောက်ဆက်တွဲ အမျိုးသမီးကျန်းမာရေးပြဿနာတွေကို ရှောင်လွှဲနိုင်ဖို့အတွက် တကယ့်ကိုအရေးကြီးပါတယ်။
စစ်ဘေးရှောင်စခန်းတွေမှာရှိတဲ့ အမျိုးသမီးတွေအနေနဲ့ အဝတ်အစားလဲလှယ်ဖို့ နေရာအခက်အခဲရှိတာ၊ လစဉ်သုံးပစ္စည်း၊ အတွင်းခံ အဝတ်အစား ပြတ်လပ်တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေကြရတာကြောင့် ဓမ္မတာလာချိန်မှာ အခက်အခဲမကြုံရစေဖို့အတွက် ဒီ project မှာ အမျိုးသမီးတစ်ဦးလျှင် လစဉ်သုံးပစ္စည်း Day Use (5) ခု၊ Night use (5) ခု၊ Feminine wash (1) ဘူး၊ Feminine Wipe (1) ခုနှင့်အတူ အမျိုးသမီးကျန်းမာရေးပညာပေးလက်ကမ်းစာစောင်လေးကိုပါ တစ်ပါတည်း လှူဒါန်းသွားမှာဖြစ်ပါတယ်။ ကနဉီး လှူဒါန်းမှုကိုတော့ ဇွန်လကုန်မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ နောက်လတွေမှာတော့ ရန်ပုံငွေနှင့် အလှူပစ္စည်းစုဆောင်းရရှိမှုအပေါ်မူတည်ပြီး အခြားဒေသများမှာရှိတဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ စစ်ဘေးရှောင်စခန်းတွေကို ဦးစားပေးလှူဒါန်းသွားဖို့ ရည်ရွယ်ထားပါတယ်။
လှူဒါန်းရန် စိတ်ပါဝင်စားသူတွေအနေနဲ့ YSE ရဲ့ Bank Account တွေကို ငွေလွှဲပြီး အလွယ်တကူ လှူဒါန်းနိုင်ပါတယ်နော်။
AYA - 024 020 501 00000 13 CB - 017 660 020 00000 19
ဒါ့အပြင် တနိုင်တပိုင် လှူဒါန်းချင်သူတွေအနေနဲ့လည်း လစဉ်သုံးပစ္စည်း၊ Feminine wash၊ Feminine wipe၊ လက်ကမ်းစာစောင်တို့ပါဝင်တဲ့ Dignity Bag တစ်အိတ်လျှင် ၄၅၀၀ ကျပ်နှုန်းဖြင့် ပါဝင်လှူဒါန်းလို့ ရပါတယ်နော်။
"ပုခက်လွှဲသောလက်သည် ကမ္ဘာကိုစိုးမိုးနိုင်၏"ဆိုတဲ့ စကားစုလေးအတိုင်း နိုင်ငံ့အနာဂတ်ဆိုတာက ကျွန်မတို့အမျိုးသမီးတွေလက်ထဲမှာ အများကြီး မူတည်တယ်မဟုတ်ပါလားရှင်။ နိုင်ငံ့ရဲ့မိခင်လောင်းတွေကို တတ်နိုင်သမျှ ကူညီခြင်းအားဖြင့် အမျိုးသမီးတွေကို ဂရုစိုက်ကြောင်း ပြလိုက်ရအောင်ပါ။ နောက်နောင်မှာလဲ အခုလို Donation Project တွေ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တဲ့အတွက် YSE နဲ့အတူလှူဒါန်းဖို့ အားလုံးကို ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။
Graphic : Phyu Sin Mon Myat

























This is a truly inspiring initiative that highlights how small acts of kindness can restore dignity and hope. Dignity bags are not just about providing basic necessities, but about showing compassion and care to those who need it most. It’s encouraging to see communities come together to support such meaningful causes. Platforms like Healthmedsrx also remind us of the importance of accessible healthcare and well-being for all. Combining healthcare awareness with social initiatives like this can create a stronger, more supportive society. I appreciate the effort behind this campaign and hope more people step forward to contribute and spread positivity.