YSE ရဲ့ FMP အစီအစဉ်လေးတွေအကြောင်း
မင်္ဂလာပါခင်ဗျာ။
YSE အဖွဲ့အစည်းမှ Frontline မှကူညီဆောင်ရွက်ပေးနေကြတဲ့ သူရဲကောင်းတို့ကို ဂုဏ်ပြုတင်ဆက်တာဖြစ်သလို ပါဝင်လှူဒါန်းခဲ့ပြီးတဲ့အကြောင်းအရာတွေနဲ့ နောက်ထပ် စီစဉ်ထားတဲ့ လှူဒါန်းမှုအစီအစဉ်တွေအကြောင်းကို ကာတွန်းပုံလေးတွေနဲ့အတူ တင်ဆက်လိုက်ရပါတယ်ခင်ဗျ။
ယခုပို့စ် ဖြစ်မြောက်ရေးအတွက် ကူညီသရုပ်ဖော်ပေးပါသော Volunteer Artist မခိုင်ဇင်လင်း
FB Link >>> https://www.facebook.com/kaebsonnee
Instagram Link >>> https://www.instagram.com/yami0_art/?igshid=a07c0ii9rh9t&
အား အထူးပင်ကျေးဇူးတင်ပါကြောင်း ဂုဏ်ပြုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျ။

"စည်းလုံးညီညာ အောင်ကြောင်းဖြာ"ဆိုတဲ့စာသားလေးကို ကျွန်တော်တို့ ငယ်စဉ်အခါကတည်းက ရင်းနှီးခဲ့ကြရပါတယ်။ ဒီစကားလေးကို မိတ်ဆက်ပေးတာကတော့ တစ်ဦးကိုတစ်ဦး ကူညီရိုင်းပင်းကာ ဒီရောဂါကပ်ဆိုးကြီးကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။
ဒီအချိန်မှာ COVID 19 ရောဂါတွေ့ရှိသူ လူနာဦးရေကလည်း တဖြည်းဖြည်းများလာတာကြောင့် အခက်အခဲတွေ များစွာ ဖြစ်လာသလို အကူအညီလိုအပ်နေတဲ့ နေရာတွေဟာလည်း များလာပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာပေးဖို့ တောင်းဆိုပါတယ်။ Stay Home, Save Lives ဆိုတဲ့စကားနဲ့အညီ နေထိုင်ကြဖို့ တောင်းဆိုပါတယ်။
အပြင်ထွက်တဲ့အခါ Mask တပ်ပါ။ မကြာခဏ လက်ဆေးပါ။ ... စသဖြင့် လမ်းညွှန်ချက်တွေကို အသေအချာလိုက်နာပေးစေလိုပါတယ်။ ဒီလိုအချိန်မှာ ကျွန်တော်တို့ YSE အဖွဲ့က တတ်အားသရွေ့ အကူအညီပေးခြင်း လှူဒါန်းမှုတွေကို ဆက်တိုက်လုပ်နေပါတယ်။ ယခုလို လှူဒါန်းမှုတွေ ဖြစ်မြောက်ဖို့အတွက် တစ်နိုင်တစ်ပိုင် လှူဒါန်းပေးကြတဲ့ အလှူရှင်တွေကို ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်ခင်ဗျ။

YSE လူငယ်အဖွဲ့အစည်းအနေနဲ့ မိမိကိုယ်ကျိုးကိုမကြည့်ဘဲ ရှေ့တန်းမှ လှုပ်ရှားနေသူ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းမှ စေတနာ့ဝန်ထမ်းတွေအတွက် လိုအပ်တဲ့ Mask (N95), နေ့လယ်စာ ထမင်းဘူးတွေ လှူဒါန်းမှုတွေ တစ်နိုင်တစ်ပိုင် ကူညီလှူဒါန်းပေးလျက်ရှိပါတယ်။
လှူဒါန်းမှုအကျဉ်းချုပ် ----- ပထမအကြိမ်အနေနဲ့
YSE မှ COVID-19 ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် အဓိကလိုအပ်တဲ့ Surgical Masks များနှင့် N-95 masks များကို ဧပြီလ ၆ ရက် (တနင်္လာနေ့) တွင် ဆေးရုံအသီးသီးသို့ သွားရောက်လှူဒါန်းခဲ့ပါတယ်။
ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၏ ခွဲစိတ်ကုသဆောင်အတွက် Surgical Mask (800-Pcs) & N 95 Mask (80 Pcs)၊ လှိုင်သာယာ ပြည်သူ့ဆေးရုံကြီးအတွက် Surgical Mask (300-Pcs) & N 95 Mask (40 Pcs)၊ အင်းစိန် အထွေထွေရောဂါကုဆေးရုံကြီးအတွက် N 95 Mask (80 Pcs) နှင့် ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်အနောက်ပိုင်းဆေးကုသဆောင်အတွက် N95 Mask (200 Pcs) တို့ကို သွားရောက်လှူဒါန်းခဲ့ပါတယ်။
ဒုတိယအကြိမ်အနေနဲ့
YSE မှ COVID-19 ကာလအတွင်း လှူဒါန်းမှုတွေကို လိုအပ်သည့်နေရာတွေသို့ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိရာ မဝတ်ရည်စိုးမှ လှူဒါန်းတဲ့ ဆေးရုံတာဝန်ကျဝန်ထမ်းတွေအတွက် Lunch Box 100 နှင့် YSE မှ Surgical Mask 200 ခုကို ဧပြီလ ၂၀ ရက်နေ့က ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးသို့ လှူဒါန်းခဲ့ပါတယ်။ ယခုလို လှူဒါန်းမှုကို ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီး ခွဲစိတ်ကုသဆောင်မှ ပထမလက်ထောက်ဆရာဝန် Dr. Moe Thein Htike မှ လက်ခံခဲ့ပါတယ်။
တတိယလှူဒါန်းမှုအနေနဲ့
ဧပြီလ ၂၄ ရက်နေ့က အင်းစိန်ဆေးရုံကြီးအတွက် Mask 200 နဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် နေ့လယ်စာ ထမင်းဘူး ၁၀၀ ကို အောက်ဆီဂျင်ဌာနမှ ဆရာဦးသိန်းဇော်မှ လက်ခံခဲ့ပါတယ်။
နောက်ထပ်လှူဒါန်းမှုတွေအနေနဲ့
ဧပြီလ ၂၇ ရက်နေ့တွင် အင်းစိန်ဆေးရုံကြီးသို့ နေ့လယ်စာ (ထမင်းဘူး)နှင့် Mask တွေထပ်မံလှူဒါန်းရန် စီစဉ်ထားပြီး မေလ ၁ ရက်နေ့နဲ့ ၄ ရက်နေ့မှာတော့ ဝေသာဂီဆေးရုံသို့ ညစာ (ထမင်းဘူး)နှင့် Surgical Mask တွေလှူဒါန်းရန် စီစဉ်ထားပါကြောင်းနဲ့ တောင်ဥက္ကလာပအထူးကုဆေးရုံကြီးအတွက် Surgical Mask 700 နှင့် Mask (N95) ၃၀ ခု လှူဒါန်းရန် စီစဉ်ထားပါကြောင်း အသိပေးအပ်ပါတယ်ခင်ဗျ။

YSE လူငယ်အဖွဲ့အစည်းအနေနဲ့ အခြေခံလုပ်သားပြည်သူတွေကို တစ်နိုင်တစ်ပိုင် ကူညီလိုတဲ့စေတနာနဲ့ တောင်ဥက္ကလာပမြို့နယ်မှာ Mask အခုရေ ၂၀၀ နဲ့ နေ့လယ်စာ ထမင်းဘူး ၁၀၀ တိတိကို နေသာမွန်စားသောက်ဆိုင်ရှေ့မှာ ဧပြီလ ၈ ရက်နေ့မှာ ဝေမျှပေးခဲ့ပါတယ်။
နောက်ပိုင်းမှာလည်း အချိန်အားလျော်စွာ ဒီလိုထမင်းဘူးလေးတွေ YSE ကလှူဒါန်းသွားပေးဦးမှာပါ။

"စည်းလုံးညီညာ အောင်ကြောင်းဖြာ"ဆိုတဲ့စကားအတိုင်းပါပဲ တစ်ဦးကစေတနာ၊ တစ်ဦးကမေတ္တာ စသဖြင့် ကူညီမှုတွေနဲ့ ဒီရောဂါကပ်ဆိုးကြီးကို တိုက်ထုတ်နိုင်ဖို့အတွက် အိမ်မှာနေရင်း ကုသိုလ်တွေပွားအောင် ကျွန်တော်တို့ရဲ့ ကူညီလှူဒါန်းမှုအစီအစဉ်မှာ တစ်တပ်တစ်အား ကူညီဝိုင်းဝန်းပေးကြဖို့ တိုက်တွန်းလိုပါတယ်ခင်ဗျ။

























Comments