လူငယ်တို့ရဲ့ ကမ်းလက်တစ်စုံ

မြန်မာလူငယ်များ အဓိကဦးဆောင်လှုပ်ရှားနေတဲ့ Youth Society for Education အမည်ရ Non-Profit Organization ဟာဆိုရင် COVID-19 ရောဂါ ကာကွယ်ကုသရေးနှင့်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ရှေ့တန်းမှဆောင်ရွက်နေကြသူများအား တစ်ဖက်တစ်လှမ်းမှ ပါဝင်ကူညီနိုင်ဖို့အတွက် ရည်ရွယ်ပြီး Projects တွေကို အကောင်အထည်ဖော်လျှက်ရှိပါတယ်။

"ယခုအချိန်ဟာ အားလုံးအတွက် ခက်ခဲနေတယ်ဆိုပေမယ့်လည်း အမိမြေအတွက် အကူအညီပိုလိုအပ်နေတဲ့အချိန်ဖြစ်လို့ တစ်တပ်တစ်အားပါဝင်ကူညီပေးကြပါ"လို့ Youth Society for Education ရဲ့ Founder & CEO ကိုကျော်ထွန်းနိုင်က တိုက်တွန်းထားပါတယ်။

COVID-19 ကပ်ဘေးဆိုင်ရာကူညီမှုလုပ်ငန်းစဉ်ရဲ့ ပထမဆုံး Project ကို April လရဲ့ Health Matters Project အနေနဲ့ ဧပြီလ ၆ ရက်နေ့မှာ အကောင်အထည်ဖော်ခဲ့ပါတယ်။ အစိုးရဆေးရုံတွေဖြစ်တဲ့ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၊ အင်းစိန်ဆေးရုံ၊ လှိုင်သာယာဆေးရုံ နဲ့ ရန်ကုန် အနောက်ပိုင်းဆေးရုံတို့ကို YSE မှ Surgical masks အခုရေ ၁၆၀၀ နဲ့ N95 masks အခုရေ ၄၀၀ တို့ကို သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ Surgical masks အခုရေ ၇၀၀ နဲ့ N 95 masks အခုရေ ၃၀ ကိုလည်း အရေးပေါ်လိုအပ်တဲ့ဆေးရုံတစ်ခုခုကို ချက်ချင်းသွားရောက်လှူဒါန်းနိုင်ဖို့အတွက် ထိန်းသိမ်းထားပါတယ်။

ဒုတိယ Project ဖြစ်တဲ့ Food Matters Project ကိုတော့ ဧပြီလ ၈ ရက်နေ့မှာ စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ နေသာမွန်စားသောက်ဆိုင်ရဲ့အကူအညီနဲ့တောင်ဥက္ကလာပမြို့နယ်အတွင်းမှာရှိတဲ့ လုပ်သားပြည်သူများကို နေ့လည်စာ ထမင်းဘူး ၁၀၀ နဲ့ Surgical masks အခုရေ၂၀၀ ကို ဝေငှခဲ့တာဖြစ်ပါတယ်။ Food Matters Project အမည်နဲ့ နေ့လည်စာထမင်းဘူး ၅၀၀ နဲ့ surgical mask အခုရေ ၁၀၀၀ ကိုလည်း April လနဲ့ May လအတွင်း ဆက်လက်လှူဒါန်းသွားမှာလည်းဖြစ်ပါတယ်။

"Food Matters Project ပြီးရင် နောက်လာမယ့် Project စီစဥ်ဖို့အတွက် ရှေ့ဆက်ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေကို ကျွန်မတို့ဆက်လက်စောင့်ကြည့်နေပါတယ်။ COVID-19 ကပ်ရောဂါကြီးကို အမြစ်ပြတ်တိုက်ထုတ်နိုင်ခဲ့ပြီး ကျောင်းတွေလည်း ပြန်ဖွင့်လာတဲ့အခါကျရင် ပညာဆက်လက်သင်ယူဖို့အခက်အခဲရှိတဲ့ကျောင်းသားလူငယ်တွေကို ထောက်ပံ့ကူညီပေးချင်ပါတယ်။"လို့ Youth Society for Education ရဲ့ Executive Coordinator ဖြစ်တဲ့ မဂန္ဓမာကျော်က ဆိုပါတယ်။

Youth Society for Education ဟာ အထက်တန်းကျောင်းသားကျောင်းသူ ၄ ဦးကို တစ်ဦးလျှင် ၅ သိန်းကျပ်နှုန်းနဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက်ပညာသင်ထောက်ပံ့ကြေးပေးအပ်ခဲ့ပါတယ်။

"COVID-19 ကပ်ရောဂါကြီးကြောင့် နိုင်ငံနဲ့ကမ္ဘာတ၀ှမ်း စီးပွားရေး၊ကျန်းမာရေးအတော်ထိခိုက်ရပါတယ်။ အထူးသဖြင့် စား၀တ်နေရေးအတွက် နေ့စဥ်လုပ်အားခကိုအားထားနေရတဲ့ အခြေခံလုပ်သားပြည်သူတွေ အခက်အခဲတွေပိုပြီးရင်ဆိုင်လာရနိုင်ပါတယ်။ ဒီကပ်ဘေးကြီးပြီးလို့ ကျောင်းတွေပြန်ဖွင့်တဲ့အခါ သူတို့ကလေးငယ်တွေ ပညာဆက်လက်သင်ကြားနိုင်ဖို့အတွက် တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးနိုင်အောင်ကျွန်မတို့အတတ်နိုင်ဆုံးကြိုးစားနေပါတယ်"လို့ Youth Society for Eduaction ရဲ့ Executive Director မဧကရီသိန်းက ဆိုပါတယ်။

Youth Society for Education ဟာ လက်ရှိမှာတော့ COVID-19 ကပ်ဘေးဆိုင်ရာကူညီမှုလုပ်ငန်းစဉ်တွေကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် “Frontliners နှင့်ပြည်သူတွေကို ကူညီဖို့ YSE နှင့်အတူလှူဒါန်းစို့” ဆိုတဲ့ ဆောင်ပုဒ်နှင့်နှိုးဆော်တိုက်တွန်းရင်း ရန်ပုံငွေကောက်ခံလျက်ရှိပါတယ်။

Development Innovation Insider အဖွဲ့အစည်းရဲ့ e-magazine ဖြစ်တဲ့ Change Magazine မှာဖော်ပြထားတဲ့ Myanmar's Youth Are Mobilizing to Help the Community Combat the COVID-19 Pandemic: Featuring Youth Society for Education ဆောင်းပါးကို ဆီလျော်အောင် ထုတ်နုတ်ဘာသာပြန်ဆိုထားပါတယ်။

Author : Gandamar Kyaw

Ref Link >>> http://www.changemag-diinsider.com/blog/myanmar-s-youth-are-mobilizing-to-help-the-community-combat-the-covid-19

Tags:

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon

ANY QUESTIONS?

  • Facebook - White Circle
  • Instagram - White Circle
  • LinkedIn - White Circle
  • YouTube - White Circle

United States Office

2632 Lincolnway East  #1025
Goshen, IN 46526

(P) +1 (574) 241-1411

(E) info.usa@ysenpo.org

Myanmar Office

TRE Tower, 6th Floor, Mingalar Road

South Okkalapa Township, Yangon.

(P) +95 978-222-1020

(E) info.myanmar@ysenpo.org