top of page

အင်္ဂလိပ်စာ လေ့လာသူတို့အတွက် Online Websites


ဒီတစ်ပတ်မှာတော့ အိမ်မှာနေရင်း ဘာသာစကား လေ့လာချင်သူတို့အတွက် Online Learning Website လေးတွေ ဖော်ပြသွားမှာဖြစ်ပါတယ်။

(1) https://learnenglish.britishcouncil.org/

British Council Online Learning website မှာဆိုရင် မိမိရဲ့အင်္ဂလိပ်စာ အရည်အသွေးကိုစမ်းစစ်ဖို့ English Grammar and Vocabulary test ဆိုပြီးရှိပါတယ်။ မိမိရောက်ရှိနေတဲ့ Level အလိုက် Listening Practice, Grammar, Vocabulary, General English နဲ့ IELTS တို့ကို အလွယ်တကူ လေ့လာသင်ယူနိုင်ပါတယ်။ ဒါအပြင် သင်ခန်းစာတစ်ခုပြီးတိုင်း လေ့ကျင့်လို့ရမယ့်လေ့ကျင့်ခန်းတွေပါ ရှိပါတယ်။ မိမိရဲ့အင်္ဂလိပ်စာ အရည်အသွေး တိုးတက်အောင်အတွက် အမှန်တကယ် အသုံးဝင်မယ့် website တစ်ခုဖြစ်ပါတယ်။

(2) https://www.bbc.co.uk/learningenglish/

BBC learning website မှာဆိုရင် လတ်တလော ကမ္ဘာပေါ်မှာ ဖြစ်ပေါ်နေတဲ့သတင်းတွေကို နားထောင်ရင်းနဲ့ vocabulary နဲ့ Usages, Grammar နဲ့ Pronunciation တွေကို လေ့လာနိုင်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးဆိုင်ရာ အားကစားဆိုင်ရာ ပညာရေးဆိုင်ရာ အစရှိတဲ့ ခေါင်းစဉ်အလိုက် ၆ မိနစ်စာ ဗီဒီယိုလေးတွေအပြင် စိတ်ဝင်စားစရာကောင်းတဲ့ ပုံပြင်လေးတွေကိုလည်း နားထောင်နိုင်တယ်ဆိုတော့ အချိန်တိုတိုအတွင်းမှာ Listening, Vocabulary နဲ့ Reading တိုးတက်အောင် လေ့လာနိုင်ပါတယ်။

(3) http://easyworldofenglish.com/

Easy Way of English website ဟာဆိုရင် Grammar, Pronunciation, Reading နဲ့ Picture Dictionary ဆိုပြီး အပိုင်း (၄) ပိုင်းကို အဓိကထား လေ့လာနိုင်ပါတယ်။ ဒါ့အပြင် Beginner, Intermediate, Upper intermediate ဆိုပီး Level (3) ခုရှိပြီး အသေးစိပ်သင်ကြားပေးထားတဲ့ သင်ခန်းစာတွေနဲ့ လေ့ကျင့်ခန်းများကို အလွယ်တကူ သင်ယူလို့ရပါတယ်။

(4) https://learningenglish.voanews.com/

VOA learning English ဟာဆိုရင် ကမ္ဘာတစ်ဝန်းလုံးမှာ ရှိတဲ့ အင်္ဂလိပ်စာလေ့လာသူများအတွက် ကမ္ဘာ့သတင်းအချက်အလက်များမှတစ်ဆင့် အမေရိကန် အင်္ဂလိပ်စာအသုံးအနှုန်းတွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။ Beginner level, Intermediate Level နဲ့ Advanced level ဆိုပြီး မိမိရောက်ရှိနေတဲ့ English level အလိုက် လေ့လာလို့ရပါတယ်။ ဒီ website ကနေတစ်ဆင့် အမေရိကန်နဲ့ ကမ္ဘာ့သတင်းများ၊ ကျန်းမာရေးနှင့် နေ့စဉ် လူနေမှုဘဝ၊ သိပ္ပံနှင့်နည်းပညာ၊ အနုပညာနဲ့ ယဉ်ကျေးမှုဆိုင်ရာတို့ကို လေ့လာနိုင်မှာပါ။ ဒါ့အပြင် အမေရိကန်ပုံပြင်တွေကရင်တစ်ဆင့် Idioms တွေရဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့ Everyday Grammar ဆိုတဲ့ သင်ခန်းစာတွေကိုလည်း လေ့လာနိုင်မှာ ဖြစ်ပါတယ်။

(5) https://www.grammarly.com/grammar-check

အင်္ဂလိပ်စာ အရေးသီးသန့်လေ့ကျင့်လိုသူများအတွက် မိမိရဲ့အရေးအသား မှန် မမှန်နဲ့ ဘယ်နေရာတွေမှာ ပြင်ဆင်ရန်လိုအပ်မလဲဆိုတာ သိရှိစေဖို့အတွက် Grammar checker တွင် စစ်ကြည့်လို့ရပါတယ်။ မိမိစစ်ဆေးလိုတဲ့ အရေးအသားကို စစ်ကြည့်တဲ့အခါမှာ Grammar, Punctuation, Spelling နဲ့ Sentence Structure တို့ကို အသေးစိပ် ဖော်ပြပေးပါတယ်။ ဒါကြောင့်မို့ Grammar usage နဲ့ Writing skills တိုးတက်စေဖို့အတွက် အမှန်တကယ် အသုံးဝင်မယ့် website တစ်ခုပဲဖြစ်ပါတယ်။

(6) https://www.ted.com/

ဘာသာစကားဆိုင်ရာ event တွေနဲ့ workshop တွေဆိုရင်တော့ TedX မှာ ရှာဖွေလို့ ရပါသေးတယ်။ TedXမှာ ဆိုရင် အောင်မြင်ခြင်းဆိုင်ရာ နည်းစနစ်တွေနဲ့ စီးပွားရေးဆိုင်ရာ လူမှုရေးဆိုင်ရာ အတွေးအမြင်တွေ အစရှိသဖြင့် ကွဲပြားခြားနားတဲ့ ခေါင်းစဉ်တွေကို မတူညီတဲ့ အတွေးအမြင်တွေနှင့်တကွ လေ့လာခွင့်ရမှာ ဖြစ်ပါတယ်။ ဒီ Website မှာဆိုရင် Podcasts လို အသံပဲ နားထောင်ချင်သူများအတွက်လည်း ပါရှိပြီး Brainstorming လုပ်ဖို့အတွက် အိုင်ဒီယာနဲ့အတူ ငြင်းခုန်ခြင်းဆိုပြီးခေါင်းစဉ်ပေးရလောက်တဲ့ idea တစ်ခုမှဆင့်ပွားကာ ဖန်တီးခြင်းဆိုင်ရာအကြောင်းအရာတွေကိုလည်း ဖတ်ရှုနိုင်ပါတယ်။ ဒီ Website လေးကို အချိန်ပေးကြည့်ရင် အမှန်တကယ် မိမိဘဝတိုးတက်ရာအတွက် လှေကားထစ်တစ်ထစ်အဖြစ် အသုံးဝင်ပါကြောင်း ပြောကြားလိုက်ပါတယ်။

နောက်အပတ်တွေမှာလည်း ဗဟုသုတရရှိစေမယ့်အကြောင်းအရာလေးတွေ တင်ဆက်ပေးမှာမို့ ဆက်လက် စောင့်မျှော်ကြည့်ရှုပေးကြပါဦးလို့ တိုက်တွန်းလိုက်ရပါတယ်။

Content : Shwe Yee Thet

Tags:

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page