သင်ခန်းစာတွေကို လွယ်ကူစွာလေ့လာလို့ရမယ့်ဝက်ဘ်ဆိုက်
အားလုံးပဲ မင်္ဂလာပါ
တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီး ဖြေဆိုထားတဲ့ ညီငယ် ညီမငယ်တွေ၊ နှစ်လယ် စာမေးပွဲ ဖြေဆိုထားတဲ့ သူငယ်ချင်း၊ ကိုကိုမမများနဲ့ သင်ယူလေ့လာဖို့ စိတ်ဝင်စားတဲ့သူတိုင်းအတွက် ဒီ တစ်ပတ် YSE ကနေ ပြီးတော့ အချိန်မရွေး နေရာမရွေး အင်တာနက်နဲ့ ဖုန်းရှိရုံနဲ့ သင်ခန်းစာတွေကို လွယ်ကူစွာ လေ့လာလို့ရမယ့် ဝက်ဘ်ဆိုက် (website) ၉ ခု နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
(၁) Coursera (https://www.coursera.org) ဒိ ဝက်ဘ်ဆိုက်မှာ ဆိုရင်တော့ ကဏ္ဍမျိုးစုံနဲ့ သက်ဆိုင်တဲ့ သင်ခန်းစာပေါင်း ၂,၇၀၀ ကျော်ရှိပါတယ်။ တချို့ သင်ခန်းစာတွေဟာ ကမ္ဘာ့ နာမည်ကြီး တက္ကသိုလ်တွေက ဆရာတွေ ပို့ချပေးတာ ဖြစ်ပြီး အသိအမှတ်ပြုလက်မှတ် ရသည်အထိ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
(၂) Creative Live (https://www.creativelive.com) ဒီ ဝက်ဘ်ဆိုက်မှာ ဆိုရင်တော့ ဓာတ်ပုံပညာ၊ စီးပွါးရေး ပညာ၊ ဒီဇိုင်းပညာ၊ လက်မှုပညာ၊ အသံပိုင်းပညာရပ်တွေနဲ့ ပတ်သက်တဲ့ အခမဲ့ ပို့ချရှင်းလင်းချက်တွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။
(၃) edX (https://www.edx.org) ဒီ ဝက်ဘ်ဆိုက်မှာ ဆိုရင်တော့ ကမ္ဘာတဝှမ်းမှာ ရှိတဲ့ ၁၆ သန်းကျော် လေ့လာသူတွေနဲ့ အတူ Harvard, MIT အစရှိတဲ့ ကမ္ဘာ့ နာမည်ကြီး ထိပ်သီး တက္ကသိုလ်တွေက ဆရာရဲ့ ပို့ချချက်တွေကို အတူတကွ လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။
(၄) Udemy (https://www.udemy.com) ဒီ ဝက်ဘ်ဆိုက်မှာ ဆိုရင်တော့ လေ့လာသူတွေ အနေနဲ့ ဆရာပေါင်း ၅၀,၀၀၀ ကျော်က ပို့ချထားတဲ့ ကဏ္ဍမျိုးစုံက သင်ခန်းစာပေါင်း ၁၃၀,၀၀၀ ကျော်ကို စိတ်ကြိုက်ရွေးချယ် သင်ယူလေ့လာနိုင်မှာ ဖြစ်ပါတယ်။
(၅) The Muse (https://www.themuse.com) ဒီ ဝက်ဘ်ဆိုက်မှာ ဆိုရင်တော့ လုပ်ငန်းခွင် အောင်မြင်မှုနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ မိနစ် ၃၀ အမေးအဖြေ ကဏ္ဍ၊ မိမိ အလုပ်လျှောက်လွှာ နဲ့ ပတ်သတ်တဲ့ အကြံပေး ကဏ္ဍ တွေပါဝင်လို့အသုံးပြုသူတွေအနေနဲ့ မိမိကြိုက်နှစ်သက်တဲ့ နည်းပြတွေဆီကနေ မိမိနဲ့ သင့်လျော်မယ် ထင်တဲ့ လုပ်ငန်းခွင် အောင်မြင်မှု လမ်းညွှန်တွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။
(၆) Duolingo (https://www.duolingo.com) ဒီ ဝက်ဘ်ဆိုက်မှာ ဆိုရင်တော့ ဘာသာစကားပေါင်း များစွာကို အခြေခံကနေ ကျွမ်းကျင်အဆင့် အထိ တစ်ဆင့်ချင်း လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မှတ်စုလေးတွေ နဲ့ ပျော်စရာ လေ့ကျင့်ခန်းလေးတွေလည်း ပါဝင်တာ ဖြစ်တဲ့ အတွက် အရမ်းကို စိတ်ဝင်စားဖို့ကောင်းမှာ ဖြစ်ပါတယ်။
(၇) High Brow (https://gohighbrow.com) ဒီ ဝက်ဘ်ဆိုက်မှာ ဆိုရင်တော့ ၅ မိနစ်စာ သင်ခန်းစာ အတိုပေါင်း ၃,၀၀၀ကျော်ရှိပြီး မိမိရဲ့ မေးလ်လိပ်စာ စာရင်းပေးသွင်းထားရုံနဲ့ မိမိ့ဆီကို နေ့စဉ် သင်ခန်းစာတွေ ပေးပို့ပေးမှာ ဖြစ်ပါတယ်။
(၈) Daily Burn (https://dailyburn.com/landing) အကယ်၍ မိမိဟာ ကိုယ်ကာယလေ့ကျင့်ခန်းတွေကို စိတ်ဝင်စားတဲ့သူ တစ်ယောက်ဆိုရင်တော့ ဒီ ဝက်ဘ်ဆိုက်က များစွာသော လေ့ကျင့်ခန်းတွေဟာ အမှန်တကယ် အကျိုးရှိစေမှာ ဖြစ်ပါတယ်။
(၉) Code Academy (https://www.codecademy.com) ဒီ ဝက်ဘ်ဆိုက်မှာ HTML, CSS, JavaScript, Python, Ruby ဆိုရင်တော့ အစရှိတဲ့ Computer Programming Language တွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။
ယနေ့ တင်ဆက်ပေးခဲ့တဲ့ အကြောင်းအရာတွေကို အားလုံးဘဲ စိတ်ဝင်စားကြမယ် ထင်ပါတယ်။ နောက် တစ်ပတ်တွေမှာ လည်း ပိုမို စိတ်ဝင်စား စရာကောင်းတဲ့ အကြောင်းအရာ မျိုးစုံကို မိတ်ဆက်ပေးမှာမို့ ဆက်လက်စောင့်ကြည့်ပေးပါဦးလို့။ အချိန်ပေး ဖတ်ရှုပေးတဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့် ။
References - https://www.thebalancesmb.com/websites-learn-new-skills-1200627
Author - Tint Tha Ra Wun