top of page

Min Khant Kyaw (Internship Interview)

  • Mar 18, 2020
  • 1 min read

(၁) ပထမဆုံးအနေနဲ့ ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါဦး။

အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော့နာမည်ကတော့ မင်းခန့်ကျော်လို့ ခေါ်ပါတယ်။ ကျွန်တော်က အခုလက်ရှိ ရန်ကုန်တက္ကသိုလ်မှာ ရုက္ခဗေဒ မဟာသိပ္ပံ ဒုတိယနှစ်ကို တက်ရောက်နေပါတယ်။

(၂) အစ်ကို့အနေနဲ့ Internship ကာလ ၆ လအတွင်းမှာ YSE ရဲ့ ဘယ်လို Project မျိုးတွေမှာ တာ၀န်ယူဆောင်ရွက်ခဲ့ပါသလဲ။

YSE ရဲ့ Internship ကာလ ‌ခြောက်လအတွင်းမှာဆိုရင် ရန်ကုန်အ‌ရှေ့ပိုင်းတက္ကသိုလ်နဲ့ ဒဂုံတက္ကသိုလ်တို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Digital Skill Training and Workshop ဆိုတဲ့ project မှာ project Coordinator အဖြစ်‌ရော၊ Project Trainer အဖြစ်‌ရော ပါ၀င်ပြီးတော့ တာ၀န်ယူလုပ်ဆောင်ခဲ့ပါတယ်။

(၃) Internship ကာလ ပြီးသွားတဲ့အခါမှာ ရရှိခဲ့တဲ့ အတွေ့အကြုံ၊ ခံစားမှုလေးတေွကို ‌‌‌ဝေမျှပေးပါဉီး။

YSEရဲ့ Internship ကာလ ပြီးသွားတဲ့နောက်မှာဆိုရင် ကျွန်တော့အနေနဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီကရော ကိုယ့်ရဲ့အတွေ့အကြုံဆီကပါ သင်ယူရရှိခဲ့တဲ့အရာတွေ အများကြီးရှိပါတယ်။ အထူးသဖြင့် စီမံကိန်းဆောင်ရွက်တဲ့အပိုင်းတွေ၊ organizational skill တွေ အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်တတ်တဲ့ အရည်အချင်းတွေ စတာတွေကို အဓိက သင်ယူရရှိခဲ့ပါတယ်။ YSE မှာလုပ်တဲ့ Internship ကာလတစ်လျှောက်လုံးမှာဆိုရင် စိတ်တူကိုယ်တူ အရည်အချင်းရှိတဲ့လူငယ်တွေနဲ့ တွေ့ဆုံခွင့်ရတဲ့အတွက်ကြောင့်မို့ အရမ်းပဲ ၀မ်းသာမိပါတယ်။

(၄) အခုနောက်ဆုံးအနေနဲ့ YSEကို ရင်ထဲကနေပြောချင်တဲ့စကားလေးတစ်ခု ပြောပေးပါအုံး။

YSE ဟာဆိုရင် မြန်မာနိုင်ငံရဲ့ ဘယ်နေရာ ဘယ်‌ဒေသမှာရှိတဲ့ ကလေးသူငယ်တွေမဆို အရည်အသွေးပြည့်၀တဲ့ ပညာရေးကို လက်လှမ်းမှီနိုင်ဖို့အတွက်ကို ကူညီပေးနေတဲ့ လူငယ်အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ YSE ရဲ့ Internship program ကနေပြီးတော့ လုပ်ငန်းခွင်၀င်ဖို့အတွက် လိုအပ်တဲ့အရည်အချင်းတွေ၊ လိုအပ်တဲ့ အတွေ့အကြုံတွေကို အများကြီးရခဲ့ပါတယ်။ ဒါကြောင့်မို့လို့ YSE ကိုအများကြီးကျေးဇူးတင်ပါတယ်လို့‌ ပြောချင်ပါတယ်။

Content - Shwe Yee Thet

Comments


Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page