TRY - Test, Release, Yourself


အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ပတ်အတွက် စကားလုံးလက်ဆောင်လေးကတော့ "Try - ကြိုးစားပါ"ဆိုတာလေးပါ။

နေ့စဉ် လှုပ်ရှားရုန်းကန်ကြရင်း ကျွန်တော်တို့တွေ ဘဝရှင်သန်ဖို့အတွက် ကြိုးစားကြတယ်။ ကျောင်းသားတွေက စာမေးပွဲကို အောင်မြင်ဖို့အတွက် ကြိုးစားကြတယ်။ ကားဆရာတွေက ကားဆွဲကောင်းဖို့အတွက် ကြိုးစားရှာဖွေနေရတယ်။ ဒီလိုပဲ အမျိုးမျိုးအထွေထွေ ကြိုးစားနေရတဲ့ဖြစ်ရပ်တွေ များစွာရှိပါတယ်။ နောက်ဆုံးပြောရရင် ကျွန်တော်တို့ ရှင်သန်ခြင်းအတွက် ကြိုးစားကြရင်း တဖြည်းဖြည်းနဲ့ သက်တောင့်သက်သာ နေနိုင်ဖို့ အားထုတ်ကြပြန်ပါတယ်။ ဒီလိုပါပဲ ကျွန်တော်တို့ဟာ ရှင်သန်ဖို့အတွက် သက်တောင့် သက်သာဖြစ်ဖို့အတွက် နေရာတစ်ခုမှာ အသိအမှတ်ပြုဖို့အတွက် ... ဆိုပြီး အကြောင်းရင်းပေါင်း များစွာနဲ့အတူ ရှင်သန်နေကြပါတယ်။ ဒီတော့ ကျွန်တော်တို့တွေ "Try - ကြိုးစားပါ"ဆိုတဲ့စကားလုံးလေးကို ဒီနေ့ကစလို့ အမြဲ ကိုင်ဆောင်သွားကြဖို့ တိုက်တွန်းချင်ပါတယ်။

"T - Test စမ်းစစ်ခြင်း"။ ကျွန်တော်တို့ အသက်ကြီးလာရင်းနဲ့ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ စမ်းစစ်ကြဖို့ လိုလာပါတယ်။ နေ့ရက်တိုင်းမှာ စမ်းစစ်ဖို့လည်း လိုလာပါတယ်။ နေ့စဉ် ဒီအလုပ်တွေမှာ ကိုယ်တွေ ဘာကို အားထုတ်လိုက်သလဲ၊ ဘယ်အရာကို ပြီးမြောက်အောင် ဆောင်ရွက်သလဲ၊ အလုပ်တွေ များများလုပ်ခဲ့တယ်၊ အကျိုးသက်ရောက်မှုတွေကို စမ်းစစ်ဖို့ တစ်ခါတရံ မေ့နေတတ်ပါတယ်။ ဒါကို အထူးသတိပြုပြီး စမ်းစစ်ကြပါလို့ ပြောချင်ပါတယ်။ ကိုယ့်ကိုကိုယ် စမ်းစစ်တာကနေ လိုအပ်တာတွေကို ပြုပြင်ဖို့အတွက် ဖြစ်လာသလို ပိုကောင်းအောင် အားထုတ်ဖို့အတွက်လည်း အားဖြစ်စေပါတယ်။

"R - Release လျော့ချခြင်း"။ နေ့စဉ် ရှင်သန်နေကြတဲ့ ကျွန်တော်တို့မှာ ပူပန်မှုတွေ များသလို စိတ်ဖိစီးမှုတွေလည်း များပါတယ်။ ဒီလိုဖြစ်တဲ့အခါတွေမှာ လျော့ချဖို့ လိုအပ်တာတွေ ရှိလာပါတယ်။ အချိန်တိုင်း စိုးရိမ်ပူပန်နေမယ့်အစား ခဏလောက် မေ့ပြီး သီချင်းတွေ ဆိုလိုက်ပါ။ ဒါမှမဟုတ် ပျော်ရွှင်စေမယ့် ဟာသကားလေး တစ်ကားကြည့်ပြီး အားရပါးရ လိုက်ပါ ရယ်မောလိုက်ပါ။ ဒီလို ရယ်မောခြင်းကလည်း ကျွန်တော်တို့ရဲ့ ပူပန်စိတ်တွေကို လျော့ကျစေပါတယ်။ လျော့ချဖို့အတွက် စိုးရိမ်ပူပန်မှုပဲလား မဟုတ်သေးပါဘူး။ တစ်နေ့တာလုံးမှာ ကျွန်တော်တို့ အနားယူဖို့အတွက်လည်း အချိန်ချန်ထားရပါမယ်။ ဒီအတွက် မလိုအပ်ဘူးထင်တဲ့ အကြောင်းအရာတွေ တွေးတောနေခြင်းကနေ ဖယ်ပြီး အဲ့အချိန်တွေကို အနားယူဖို့အတွက် သက်တောင့်သက်သာ လဲလျောင်းလိုက်ပါ။ ခဏတာ အနားယူလိုက်ခြင်းက အားအင်တွေ ပြန်ပြည့်လာပြီး ကျွန်တော့်တို့ လုပ်စရာရှိတာတွေအတွက် အမြင်သစ်တွေပါ ရစေနိုင်ပါတယ်လို့ ပြောချင်ပါတယ်။

"Y - Yourself သင်ကိုယ်တိုင်ပါပဲ"။ ဘယ်အရာမဆို ကျွန်တော်တို့တွေကို ပျော်စေတာပဲဖြစ်ဖြစ် ဝမ်းနည်းစေတာပဲဖြစ်ဖြစ် အဲ့ဒါတွေကို ခံစားရတာက သင်ကိုယ်တိုင်ပါပဲ။ အခြားသူတွေ ဘယ်လိုကြိုးစားကြတယ်ဆိုတာ သင့်အတွက် အရေးမကြီးပါဘူး။ သင့်အားထုတ်မှုတွေ ဘယ်လို ပြောင်းလဲလိုက်တယ်။ သင့်အမြင်တွေ ဘယ်လိုပြောင်းလိုက်တာ စတာတွေက သင့်အတွက် အရေးကြီးပါတယ်။ သင်ကိုယ်တိုင် အားထုတ်မှုက ကိုယ်တိုင် စိုက်ပျိုးခဲ့တဲ့ သီးပင်တွေပါ။ တစ်ချိန်မှာ အဲ့သီးပင်လေးတွေက သင့်ကိုယ်ပဲ အကျိုးပြုမှာသေချာနေပြီးသားပါ။

"အတ္တာဟိ အတ္တနော နာထော မိမိသာလျှင် မိမိ၏ကိုးကွယ်ရာဖြစ်သည်"ဆိုတဲ့စကားက ကျွန်တော်တို့အဖို့ မစိမ်းသော စကားစုဖြစ်ပါတယ်။ အဲ့စကားက ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့တဲ့စကားဖြစ်ပါတယ်။

အဲ့ဒီစကားစုနဲ့ပတ်သက်လို့ "မည်သို့ယုံကြည်မှုရှိသည်၊ မည်မျှလောက် ယုံကြည်မှုရှိသည်ဆိုသည်ကိုမူ ကိုယ်တိုင်ဆန်းစစ်မှ သင့်မည်"ဟု စကားလက်ဆောင်လေးပေးချင်ပါတယ်။

အခုအချိန်ကစလို့ TRY ဆိုတဲ့စကားလုံးလေးကို တစ်နှစ်ပတ်လုံး သယ်ဆောင်သွားနိုင်ကြပါစေ။

ဒီလို အင်္ဂလိပ်စကားလုံး လက်ဆောင်လေးတွေကို အပတ်စဉ်တိုင်း တင်ဆက်သွားမှာမို့ နောက်အပတ်တွေမှာ ဘယ်လိုစကားလုံးလေးတွေ တင်ဆက်ပေးသွားဦးမလဲဆိုတာ စောင့်မျှော်ပေးကြပါဦးခင်ဗျာ။ ဖတ်ရှုခံစားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီစာလေးကိုဖတ်လိုက်လို့ တစ်စုံတစ်ရာ အမြင်လေးတွေ တိုးသွားမယ်ဆိုရင်လည်း သင့်သူငယ်ချင်းတွေကို ဝေမျှပေးလိုက်ကြပါဦး။

Author - Thwin Htoo Set Graphic Design - Thet Wai Htun

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon

ANY QUESTIONS?

  • Facebook - White Circle
  • Instagram - White Circle
  • LinkedIn - White Circle
  • YouTube - White Circle

California Branch (USA)

801 Southgate Ave,

Daly City, CA 94015

(P) +1 (574) 241-1411

(E) info.usa@ysenpo.org

Yangon Branch (Myanmar)

TRE Tower, 6th Floor, Mingalar Road

South Okkalapa Township, Yangon.

(P) +95 978-222-1020

(E) info.myanmar@ysenpo.org