Thin Nu Nu(MOO)
Meet Our Officers ဆိုတာကတော့ Youth Society for Educationမှာ တက်တက်ကြွကြွပါဝင်လုပ်ဆောင်နေတဲ့ အဖွဲ့ဝင်များရဲ့ အဖွဲ့နဲ့ ပတ်သက်ပြီးသဘောထားတွေ၊ အတွေ့အကြုံတွေကို မျှဝေပေးနေတဲ့ အစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ YSE Yangon Branch ရဲ့ Managing Director အဖြစ် လုပ်ကိုင်ဆောင်ရွက်နေတဲ့ မသင်းနုနုနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။
Thin Nu Nu Managing Director of Yangon Branch 📩 thinnu@ysenpo.org

(၁) ပထမဆုံးအနေနဲ့ ကိုယ့်ကိုကိုယ် မိတ်ဆက်ပေးပါခင်ဗျ။
ညီမနာမည်ကတော့ သင်းနုနုပါ။ လောလောဆယ်မှာတော့ National Management Degree CollegeမှာTourism (Final Year) ကို အထူးပြုသင်ကြားနေပါတယ်။ YSEမှာတော့ Managing Director အဖြစ်နဲ့ တာဝန်ယူလုပ်ဆောင် ပေးနေပါတယ်။