top of page

Paing Khant Naing(MOO)

𝙈𝙚𝙚𝙩 𝙤𝙪𝙧 𝙤𝙛𝙛𝙞𝙘𝙚𝙧𝙨

Youth Society for Education မှာ volunteer အနေနဲ့ ပါဝင်လုပ်ဆောင်နေသော officers များနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပထမဆုံး မိတ်ဆက်ပေးမှာကတော့ YSE Yangon Branch ရဲ့ Vice President ဖြစ်သူ ကိုပိုင်ခန့်နိုင် ဖြစ်ပါတယ်။ ကိုပိုင်ခန့်နိုင် နဲ့ interview လေးကို ဖတ်ရှုပေးပါအုံး။

𝙋𝙖𝙞𝙣𝙜 𝙆𝙝𝙖𝙣𝙩 𝙉𝙖𝙞𝙣𝙜 𝚅𝚒𝚌𝚎 𝙿𝚛𝚎𝚜𝚒𝚍𝚎𝚗𝚝 𝚘𝚏 𝚈𝚊𝚗𝚐𝚘𝚗 𝙱𝚛𝚊𝚗𝚌𝚑 📩 𝚙𝚊𝚒𝚗𝚐𝚗𝚊𝚒𝚗𝚐@𝚢𝚜𝚎𝚗𝚙𝚘.𝚘𝚛𝚐

(၁) ပထမဆုံးအနေနဲ့ ကိုယ့်ကိုကိုယ် မိတ်ဆက်ပေးပါခင်ဗျ။

ကျွန်တော့် နာမည်ကပိုင်ခန့်နိုင်ပါ။ ရန်ကုန်နည်းပညာတက္ကသိုလ် (YTU) မှာ တတိယနှစ် ကွန်ပြူတာ အင်ဂျင်နီယာ ဘာသာရပ်ကို သင်ကြားနေပါတယ်။ လောလောဆယ် Youth Society for Education (Yangon) ရဲ့ Vice President အဖြစ်တာဝန်ယူထားပါတယ်။

(၂) အစ်ကို့အနေနဲ့ YSEကို ဘယ်လိုစသိခဲ့တာလဲ။ ပြီးတော့YSEမှာဘယ်လောက်ကြာလုပ်ဆောင်ခဲ့ပြီလဲ။လက်ရှိ မှာရော ဘယ်လို project မျိုးမှာ ပါဝင်နေသလဲဆိုတာလေးကို ပြောပြပေးပါ။

YSE ကို ၂၀၁၈ အောက်တိုဘာမှာ သူငယ်ချင်းတစ်ယောက်ကြောင့်စတင်သိရှိခဲ့ပြီး ရန်ကုန်branch ရဲ့ လိုအပ်ချက်အရ ဝင်ရောက် တာဝန်ယူခဲ့ပါတယ်။ စုစုပေါင်း ၈လခန့် လုပ်ကိုင်ခဲ့ပြီးဖြစ်ပါတယ်။ စတင်ဝင်ရောက်ချိန်ကစပြီး ယနေ့အထိ YSE (YGN)ရဲ့ လုပ်ငန်းလည်ပတ်မှုနဲ့ Team ဖွဲ့စည်းတိုးချဲ့မှုပိုင်းကို အဓိကထား လုပ်ဆောင်ခဲ့ပြီး ခိုင်မာတဲ့ branch တစ်ခုအဖြစ် ၆လအတွင်းမှာ တည်ဆောက်နိုင်ခဲ့ပါတယ်။ YSE Scholarship committee နဲ့အတူ YSE Scholarship Program ကိုလည်းဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။

(၃) အစ်ကို့အနေနဲ့ YSEရဲ့လုပ်ဆောင်ချက်တွေအပေါ် ဘယ်လိုထင်မြင်ပါသလဲ။

YSE ရဲ့ တာဝန်တိုင်းကို ကိုယ်နဲ့သက်ဆိုင်တယ်လို့ခံယူထားတဲ့အတွက် လုပ်ဆောင်ချက်တိုင်းဟာလည်း ကိုယ့်ရဲ့ခြေလှမ်းတွေဖြစ်တယ်လို့ ခံယူထားပါတယ်။ မှားယွင်းသော ခြေလှမ်းတွေ ရှိလာခဲ့ရင် ဝိုင်းဝန်းပြုပြင်ပေးကြဖို့နဲ့ ပွင့်ပွင့်လင်းလင်း အကြံပြုပေးကြဖို့ အမြဲမျှော်လင့်နေပါတယ်။

(၄) နောက်ဆုံးအနေနဲ့ YSEမှာလက်ရှိလုပ်ကိုင်နေတဲ့ Volunteer တွေကို ရင်ထဲကနေ ပြောချင်တဲ့ စကားတစ်ခွန်းလောက်ရှိရင် ဝေမျှပေးပါဦး ခင်ဗျ။

လူငယ်တိုင်းဟာ အခွင့်အရေးတိုင်းနဲ့ထိုက်တန်ပါတယ်။ တတ်နိုင်တဲ့ဘက်က လက်တွဲခေါ်ကြဖို့ ကိုယ့်ရဲ့ အားလပ်ချိန်လေးတွေကို YSE မှာ လာရောက် ကူညီပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။

Author : Aung Thura Min

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page