Kyi Phyu Thitsar(MOO)

Meet Our Officers ဆိုတာ Youth Society for Education (YSE) မှာ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်နေ အဖွဲ့ဝင်တွေရဲ့ အဖွဲ့နဲ့ ပတ်သက်ပြီးသဘောထားတွေ၊ အတွေ့အကြုံတွေကို မျှဝေပေးနေတဲ့ အစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ YSE အဖွဲ့ရဲ့ HR Manager အဖြစ် လုပ်ကိုင်ဆောင်ရွက်နေတဲ့ မ ကြည်ဖြူသစ္စာ နဲ့တွေ့ဆုံမေးမြန်းထားပါတယ်

Kyi Phyu Thitsar HR Manager

မေး။ ။ ပထမဆုံးအနေနဲ့ ကိုယ့်ကိုကိုယ် မိတ်ဆက်ပေးပါခင်ဗျ။ ဖြေ။ ။ အစ်မနာမည်ကတော့ ကြည်ဖြူသစ္စာပါ။ ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာ နဲ့ ဘွဲ့ရထားပါတယ်။ အခု YSE မှာ HR Manager အဖြစ်နဲ့ တာဝန်ယူ ဆောင်ရွက်နေပါတယ်။

မေး။ ။ အစ်မအနေနဲ့ YSEကို ဘယ်လိုစသိခဲ့တာလဲ။ ဖြေ။ ။ YSE ကို စတင်သိခဲ့တာကတော့ Facebook page ကနေတစ်ဆင့် သိခဲ့ပါတယ်။ အတွေ့အကြုံတွေ လေ့လာသင်ယူချင်လို့ အဖွဲ့ထဲကို စတင်ဝင်ဖြစ်ခဲ့ပါတယ်။ YSE မှာ လုပ်နေတာ ၂၀၁၉ ဖေဖော်ဝါရီလ ကတည်းကနေ အခုဆိုရင် ၈ လ ရှိပါပြီ။ လက်ရှိကတော့ HR တစ်ယောက် အနေနဲ့ Recruitment and Selection နှင့် Internal Documentation Processes တို့အပြင် YSE Internship Program မှာလည်း ပါဝင်ဆောင်ရွက်နေပါတယ်။

မေး။ ။ အမအနေနဲ့ YSEရဲ့လုပ်ဆောင်ချက်တွေအပေါ် ဘယ်လိုထင်မြင်ပါသလဲ။ ဖြေ။ ။ YSE ဟာ ငွေကြေးအခက်အခဲရှိသော မြန်မာပြည်အနှံ့က ကလေးသူငယ်များရဲ့ ပညာရေးကို အဓိက အထောက်အပံ့ပေးနေသော Non Profit Organization တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးအတွက် ဆေးဖိုးဝါးခ မတတ်နိုင်တဲ့ လူနာတွေအတွက် လစဉ် Health Matters Project အနေနဲ့ လှူဒါန်းပေးခြင်းက တကယ့်ကို ထိရောက်တဲ့ လုပ်ဆောင်ချက်လို့ မြင်မိပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ YSE မှာလက်ရှိလုပ်ကိုင်နေတဲ့ Volunteer တွေကို ရင်ထဲကနေ ပြောချင်တဲ့စကားတစ်ခွန်းလောက်ရှိရင် ဝေမျှပေးပါဦးခင်ဗျ။ ဖြေ။ ။ အစ်မတို့ YSE အဖွဲ့ဟာ စတင်တည်ထောင်ကတည်းက ယခုအချိန်ထိ အချင်းချင်း မိသားစုစိတ်ဓာတ်နဲ့ ရိုင်းပင်းကူညီကြပါတယ်။ အခုလို YSE မှာ volunteer အနေနဲ့ ဝင်ရောက်ကူညီလာကြတဲ့ officer တွေရော intern တွေရောကို တကယ်ကို ဂုဏ်ယူမိပါတယ်။ အချင်းချင်း မသိတာတွေ မျှဝေကြမယ်။ ပိုမိုကျယ်ပြန့်တဲ့ social network တွေ ဖန်တီးကြမယ်။ နောက်လည်း ဒီထက်မက တိုးတက်ကောင်းမွန်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်လာဖို့ အင်အားတွေအများကြီး လိုတဲ့အတွက် တတ်နိုင်သမျှ အင်အားတွေနဲ့ ကူညီပေးဖို့ တောင်းဆိုချင်ပါတယ်။

[ခုလို စိတ်ရှည်ရှည်နဲ့ ဖြေကြားပေးတဲ့ မကြည်ဖြူသစ္စာ ကို ကျေးဇူးတင်ပါတယ်။လာမယ့် စနေနေ့မှာလည်း YSE ရဲ့ Officer တစ်ယောက်အကြောင်းကို စိတ်ဝင်စားဖွယ် တင်ဆက်ပေးသွားဦးမှာဖြစ်တဲ့အတွက် စောင့်မျှော်ပေးကြပါဦးခင်ဗျ။ ]

Author : Aung Thura Min

Featured Posts